အနီရောင်အသားလို့ ခေါ်တဲ့ red meat ဟာ လူတွေကို မကျန်းမာစေတဲ့ အကြောင်းရင်း ဖြစ်နေခဲ့တာ ဆယ်စုနှစ်အချို့ ရှိခဲ့ပါပြီ။ သိုးသား၊ ၀က်သား၊ အမဲသားစတဲ့ အနီရောင်အသားတွေကို စားတဲ့သူတွေဟာ ပျံ့နှံ့နှုန်းမြန်တဲ့ အကျိတ်တွေ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အနီရောင်အသားတွေကို စားတဲ့ အခြား သတ္တ၀ါတွေက ဆိုးဆိုးရွားရွား အန္တရာယ် မဖြစ်ပဲ လူတွေကပဲ ဘာလို့ဖြစ်ရတယ်ဆိုတာကတော့ ဆန်းကြယ်မှု တစ်ရပ်အဖြစ် မဖော်ထုတ်နိုင် သေးပါဘူး။
မကြာသေးမီက ရှာတွေ့တဲ့ အရေးအပါဆုံးတွေ့ရှိချက်အရ နွား၊ သိုး၊ ၀က်တွေနဲ့ အသားစား နို့တိုက်သတ္တ၀ါတွေ ရဲ့ အသားမှာသကြားဓာတ် တစ်မျိုးကို ထုတ်လုပ်ကြပြီး လူတွေမှာတော့ အဲဒီ့သကြားဓာတ်မျိုးကို မထုတ်လုပ်ကြပါဘူး။ အဲဒီ့ သကြားဓာတ်ကို “Neu5Gc” လို့ ခေါ်ကာ လူ့ခန္ဓာကိုယ်အတွက်တော့ ဂြိုလ်သားတွေ လိုပါပဲ။ ကျွန်ုပ်တို့ကအနီရောင်အသားကို စားတဲ့အခါ ခန္ဓာကိုယ် ခုခံအားစနစ်က အဲဒီ့သကြားဓာတ်ကို တိုက်ခိုက်ဖို့အတွက် antibodies တွေ ထုတ်ပေးပါတယ်။ အဲဒီ့အတွက် လူတွေမှာ အကျိတ်တွေ ဖြစ်လာပါတယ်။ တခြား အသားစား နို့တိုက်သတ္တ၀ါတွေနဲ့ နွား၊ သိုး၊ ၀က်တွေမှာတော့ “Neu5Gc” ဟာသူတို့ ခန္ဓာကိုယ်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးသားဖြစ်တာကြောင့် ဘာမှ ထူးခြားမလာတာလို့ပဲ ကယ်လီဖိုးနီးယား တက္ကသိုလ် သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရသိရပါတယ်။
Ref:Empire State Tribune
No comments:
Post a Comment