ဆေးလိပ်သောက်ခြင်းမှာ ဆိုးကျိုးတွေချည်း ရှိတာမဟုတ်ပါဘူး။
ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ မအံ့သြပါနဲ့ဦး မိတ်ဆွေ။ သေချာဆုံးအောင်
ဖတ်ကြည့်ပါ။ သင်လည်း ဆေးလိပ်သောက်သူဆိုရင် ဒီလို အကျိုးတွေ ရှိတာကို
သတိထားမိမှာပါ။ ဆေးလိပ်သောက်ခြင်းကြောင့်ရနိုင်တဲ့ အကျိုးတွေကတော့
1. စိတ်ကို တည်ငြိမ်စေပါတယ်။
2.အိမ်ကို သူခိုး မခိုးပါဘူး။
3.ခွေးကိုက် မခံရနိုင်ပါဘူး။
4.သွားမကျိုးပါဘူး။
သေသေချာချာ ရှင်းပြပါရစေ။
1.စိတ်ကိုတည်ငြိမ်စေတယ်ဆိုတာက
ဆေးလိပ်သောက်လိုက်ပြီးတဲ့ အခါမှာ လူ့ရဲ့ ဦးနှောက်ဟာ လေးလံ
ထိုင်းမှိုင်းသွားပါတယ်။ အဲဒီလူဟာ ဘယ်အရာကိုမှ တွေးတော ဆင်ခြင်လို့
မရဖြစ်သွားပါလိမ့်မယ်။ ဦးနှောက်ထဲမှာ ဘာအတွေးမှ မရှိတာကို
စိတ်ငြိမ်တယ်လို့ ခေါ်ချင်ရင် ဆေးလိပ်သောက်ခြင်းက စိတ်ငြိမ်စေတယ်ဆိုတာကို
သင် လက်ခံပြီ ထင်ပါတယ်။
2.သူခိုး
မခိုးရတဲ့ အကြောင်းကတော့ ဆေးလိပ်သောက်သူ အများစုဟာ အသက်ရှုလမ်းကြောင်းနဲ့
ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးပါတယ်။ နောက်တော့ ချောင်းဆိုးလာမယ်။ နေ့မနား
ညမနား ချောင်းဆိုးလာရင် ညဘက် မအိပ်နိုင်တဲ့ အထိဖြစ်လာမယ်။ ဒီလိုဆိုရင်
သူခိုးတစ်ယောက်ဟာ တစ်ညလုံးမအိပ်ဘဲ ချောင်းဆိုးနေတဲ့သူ ရှိတဲ့ အိမ်ကို
ဝင်မခိုးရဲပါဘူး။ ဒါကြောင့် သူခိုး မခိုးပါဘူးလို့ ဆိုလိုက်တာပါ။
3.ဆေးလိပ်ကို
အများကြီး နှစ်နဲ့ ချီသောက်ရင် ခြေထောက်တွေလက်တွေမှာ ရှိတဲ့
သွေးကြောလေးတွေ ပိတ်ကုန်နိုင်ပါတယ်။ အဲလိုဆိုရင် ခြေတွေ လက်တွေ
ဖြတ်ပစ်ရတတ်ပါတယ်။ ဒီလိုဆိုရင် လမ်းလျှောက်ဖို့ တုတ်ကောက်တစ်ချောင်းရဲ့
အကူအညီကို ယူရပါမယ်။ ခွေးတစ်ကောင်ဟာ တုတ်တောက်နဲ့ လမ်းလျှောက်နေသူကို
ရုတ်တရက် ၀င် မကိုက်ဝံ့ပါဘူး။
4.သွားမကျိုးဘူး
ဆိုတာကတော့ ဆေးလိပ်ကို အလွန်အကျွံသောက်မယ်ဆိုရင် အရွယ်မတိုင်ခင်မှာပဲ
ရောဂါဆိုးများစွာနဲ့ ရင်ဆိုင်ရနိုင်ပြီး သေနိုင်တာမို့ သွားမကျိုးခင်
သေသွားခဲ့ရင် တစ်ဘ၀လုံး သွားမကျိုးနိုင်တော့ပါဘူး။
ကဲ မိတ်ဆွေ ကျွန်တော်ပြောတဲ့ အကျိုးတွေက တကယ်ရမှာမို့ ဒီအကျိုးတွေကို လိုချင်တယ် ဆိုရင်တော့ ဆေးလိပ်သောက်ကြပါစို့လို့..............
REF : တွေ.ရကြုံ ရဆေးလောက
No comments:
Post a Comment