Monday, January 26, 2015

အကောင်းမြင်မှုကြောင့် နှလုံးကျန်းမာရေး အထောက်အကူပြုနိုင်

ဘ၀အနာဂတ်ကို အကောင်းမြင်သော စိတ်ထားရှိပါက နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း အီလီနွိုက်စ် တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ရပ်အရသိရသည်။

ယင်းလေ့လာမှုတွင် အသက် (၄၅)နှစ် နှင့် (၈၄) နှစ်အကြား အရွယ် လူပေါင်း ၅,၁၀၀ ဦးပါဝင်ပြီး သုတေသီများက လေ့လာမှု၌ ပါဝင်သူများ၏ စိတ်ကျန်းမာရေးနှင့် အကောင်းမြင်မှုအဆင့်တို့ကို လေ့လာခဲ့သည်။

သုတေသီများက ၎င်းတို့၏ သွေးပေါင်၊ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)၊ သွေးတွင်းကိုလက်စထရောပါဝင်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နှင့် ဆေးရွက်ကြီးအသုံးပြုမှုတို့ကို လေ့လာခဲ့သည်။

အကောင်းမြင်သောစိတ်ထားရှိသူများမှာ အဆိုးမြင်သူများ ထက် နှလုံးသွေးကြော ကျန်းမာရေး နှစ်ဆပိုကောင်းကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အဆိုးမြင်သူများမှာ နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တ ရာယ်ပိုမြင့်မားသည်ဟု အီလီနွိုက်စ်တက္ကသိုလ်လူမှုရေးပါမောက္ခ ရိုဆယ်ဘာဟာနမ်ဒက်စ်ကပြောသည်။

အကောင်းမြင်သူများတွင် သွေးထဲသကြားပါဝင်မှုနှင့် စုစုပေါင်းကိုလက်စထရောပါဝင်မှု ပိုမိုကောင်းမွန်ပြီး ရုပ်ပိုင်းပိုမိုတက်ကြွမှုရှိကာ ဆေးလိပ်သောက်သုံးနိုင်ခြေနည်းကြောင်း သိရသည်။

အကောင်းမြင်သည်ဆိုရာတွင် မျှော်လင့်ချက်ဆက်ရှိနေခြင်း နှင့် မိမိတို့မှာ ဖြစ်နိုင်ခြေရှိသမျှ အကောင်းဆုံးနေရာ၌ နေထိုင်နေရ သည်ဟု ယုံကြည်မှုတို့ဖြစ်သည်။ အကောင်းမြင်သူများမှာဆိုးရွား သော အခြေအနေများ၌ပင်   အကောင်းကို ရွေး၍ ရှုမြင်လေ့ရှိကြသဖြင့် ၎င်းတို့အတွက် အပိုဖိအားများကင်းရှင်းသွားကာ ပျော်စရာကောင်းသော ကိစ္စများအပေါ် အာရုံစိုက်မိလာစေသည်။

ယခင်က လေ့လာမှုများတွင်လည်း အကောင်းမြင်သော စိတ် ထားရှိသူများမှာ နှလုံးကျန်းမာရေး၊ ကိုယ်ခံအား၊ ကိုယ်ဝန်ဆောင် မှုရလဒ်၊ ဝေဒနာခံနိုင်ရည်ပိုကောင်းပြီး ကင်ဆာရောဂါပြန်ကောင်းနိုင်မှုလည်း ပိုကောင်းကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily

No comments:

Post a Comment