Monday, January 26, 2015

ကလေးများအသက် ၁၁ နှစ် ကျော်လျှင် ပျော်ရွှင် မှုများ လျော့ကျ လာသည်ကို လေ့လာ တွေ့ရှိ


လေ့လာမှုတစ်ခုအရ ကလေးများ အသက် ၁၁ နှစ်ကျော်လာလျှင် နည်းပညာ အသစ်များကြောင့် ပျော်ရွှင်မှု လျော့ကျလာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။

ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းမှ စိတ်ပိုင်းဆိုင်ရာ နှိုးဆွမှုများကြောင့်ဟု ဆိုသည်။

လူငယ် အလုပ်သမား ၇ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာသည့်အခါ မိန်းကလေးများသည် ယောက်ျားလေးထက် မပျော်ရွှင်မှုကို ပိုမိုဆိုးဝါးစွာ ခံစားရကြောင်း သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီးမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံစွာ ခံစားလိုမှုနှင့် မိမိ အသိုက်အဝန်းတွင် ကျေနပ်လိုမှု တို့မှာ အသက် ၁၁ နှစ် မှ ၁၆ နှစ်အထိ ပို၍ဆိုးဝါးစွာ ခံစားရသည်။ ယောက်ျားလေးများ ၏ ပျော်ရွှင်မှုမှာ မိန်းကလေးများထက်ပို၍ တည်ငြိမ်သည်ဟုဆိုသည်။

ဆယ်ကျော်သက်လေးများ စိတ်မပျော်နိုင်စေသော အကြောင်းအရင်းများ အနက် နည်းပညာ တိုးတက်မှုလည်း ပါဝင်ကြောင်း သုတေသီများက ပြစ်တင်ပြောဆိုသည်။ Emerging Scholars' Intervention Programme ၏ ခေါင်းဆောင် ဒေါက်တာဆိုင်မွန်ဒါဗေး က ပြောပြရာတွင် နည်းပညာနှင့် ပြောင်းလဲမှု အရှိန်က ဆယ်ကျော်သက်များကို ဖိအားပို၍ ပေးနေသလိုဖြစ်ကာ ယှဉ်ပြိုင်မှု တိုးလာပြီး အစွန်းရောက်အောင် ပို့လိုက်သလို ဖြစ်နေသည်။ အထူးသဖြင့် မိန်းကလေးများအား ယုံကြည်မှုနှင့် စွမ်းရည်ကို ထိခိုက်စေအောင် လူမှုရေး ဖိအားများက ဖြစ်လာစေသည်။ ပြည့်စုံမှုကို တိုင်းတာခြင်းသည် ခက်ခဲနိုင်သော်လည်း ကျောင်း သား၊ ကျောင်းသူများအတွက် အရေအတွက်အမြင်က အရည်အချင်းထက် ပိုနေသည်ဟု သိရသည်။

အတိအကျဆိုရလျှင် အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ မိန်းကလေး ၃၁၇၆ ဦးနှင့် ယောက်ျားလေး
 ၃၇၁၄ ဦး စုစုပေါင်း ၆၈၉ဝ ဦးကို လေ့လာကြည့်သည့်အခါ အသက် ၁၁နှစ်အောက် ပျော်ရွှင် မှု
များထက် တဖြည်းဖြည်း လျော့နည်းလာကြောင်း သိရသည်။ မပျော်ရွှင်မှုတွင် မိန်းကလေးများက ပိုဆိုးသည်ဟု သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီး ယုံကြည်မှုတွင်လည်း ဆိုးဆိုးဝါးဝါး ကျဆင်းလာသည်။ သူငယ်ချင်းတွေနှင့် နေရတာလည်း သိပ်မပျော်ရွှင်ဘဲ နည်းပညာသစ်
များကြောင့် ကာမဆိုင်ရာ ဖော်ပြမှုများကို ဗီဒီယိုများ၊ ဓာတ်ပုံများစွာက အနှောင့်အယှက် များ ပေးနေခြင်း ဖြစ်သည်။ လေ့လာမှုအရ လျစ်လျူရှု ခံရမှုမှာလည်း ငယ်ရွယ်သော ကလေးများသာပို၍ ပျော်ရွှင်နိုင်ပြီး ကြီးလာသည်နှင့် မိမိကိုယ်ကို အထင်ကြီးမှု တစ်စတစ်စ
 ပျောက်ကွယ် သွားမည် ဖြစ်သည်ဟု သိရသည်။ နည်းပညာများကြောင့် သက်သက်တော့
 မဟုတ်ပေ။

ပညာရေးဝန်ကြီး မိုက်ကပ်ဂို့ဗ်လင် စိတ်ပူရသည့် အချက်က မိန်းကလေးများကို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် တည်ဆောက်ပေးရေးနှင့် အထောက်အကူ ပြုပေးရေးတို့ကို ထိထိရောက်ရောက် မလုပ်ပေး နိုင်မည်ကို ဖြစ်သည်။ ထို့ကြောင့် ကလေးချင်း မတူကြ၍ လိုအပ်ချက်တွေလည်း မတူညီ နိုင်ကြပေ။ ထို့အတူ ယောက်ျားလေးများ ကလေးဘဝလှုပ်ရှား ရုန်းကန်မှုများသည် မိန်းကလေးများနှင့် မတူနိုင်ပါ။ အဆိုပါ မတူညီသည့် အချက်များကို မိဘများအနေဖြင့် သိရှိ၍ ဖြည့်ဆည်းပေးပါမှသာ မိမိကလေး၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်
 ဖော်နိုင်မည ဖ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)

အကောင်းမြင်မှုကြောင့် နှလုံးကျန်းမာရေး အထောက်အကူပြုနိုင်

ဘ၀အနာဂတ်ကို အကောင်းမြင်သော စိတ်ထားရှိပါက နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း အီလီနွိုက်စ် တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ရပ်အရသိရသည်။

ယင်းလေ့လာမှုတွင် အသက် (၄၅)နှစ် နှင့် (၈၄) နှစ်အကြား အရွယ် လူပေါင်း ၅,၁၀၀ ဦးပါဝင်ပြီး သုတေသီများက လေ့လာမှု၌ ပါဝင်သူများ၏ စိတ်ကျန်းမာရေးနှင့် အကောင်းမြင်မှုအဆင့်တို့ကို လေ့လာခဲ့သည်။

သုတေသီများက ၎င်းတို့၏ သွေးပေါင်၊ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)၊ သွေးတွင်းကိုလက်စထရောပါဝင်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နှင့် ဆေးရွက်ကြီးအသုံးပြုမှုတို့ကို လေ့လာခဲ့သည်။

အကောင်းမြင်သောစိတ်ထားရှိသူများမှာ အဆိုးမြင်သူများ ထက် နှလုံးသွေးကြော ကျန်းမာရေး နှစ်ဆပိုကောင်းကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

အဆိုးမြင်သူများမှာ နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တ ရာယ်ပိုမြင့်မားသည်ဟု အီလီနွိုက်စ်တက္ကသိုလ်လူမှုရေးပါမောက္ခ ရိုဆယ်ဘာဟာနမ်ဒက်စ်ကပြောသည်။

အကောင်းမြင်သူများတွင် သွေးထဲသကြားပါဝင်မှုနှင့် စုစုပေါင်းကိုလက်စထရောပါဝင်မှု ပိုမိုကောင်းမွန်ပြီး ရုပ်ပိုင်းပိုမိုတက်ကြွမှုရှိကာ ဆေးလိပ်သောက်သုံးနိုင်ခြေနည်းကြောင်း သိရသည်။

အကောင်းမြင်သည်ဆိုရာတွင် မျှော်လင့်ချက်ဆက်ရှိနေခြင်း နှင့် မိမိတို့မှာ ဖြစ်နိုင်ခြေရှိသမျှ အကောင်းဆုံးနေရာ၌ နေထိုင်နေရ သည်ဟု ယုံကြည်မှုတို့ဖြစ်သည်။ အကောင်းမြင်သူများမှာဆိုးရွား သော အခြေအနေများ၌ပင်   အကောင်းကို ရွေး၍ ရှုမြင်လေ့ရှိကြသဖြင့် ၎င်းတို့အတွက် အပိုဖိအားများကင်းရှင်းသွားကာ ပျော်စရာကောင်းသော ကိစ္စများအပေါ် အာရုံစိုက်မိလာစေသည်။

ယခင်က လေ့လာမှုများတွင်လည်း အကောင်းမြင်သော စိတ် ထားရှိသူများမှာ နှလုံးကျန်းမာရေး၊ ကိုယ်ခံအား၊ ကိုယ်ဝန်ဆောင် မှုရလဒ်၊ ဝေဒနာခံနိုင်ရည်ပိုကောင်းပြီး ကင်ဆာရောဂါပြန်ကောင်းနိုင်မှုလည်း ပိုကောင်းကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily

Wednesday, January 21, 2015

စိတ်ကျနေရင်ဘယ်လိုဖြေရှင်းသင့်ပါသလဲ...?

စိတ်ကျနေရင်ဘယ်လိုဖြေရှင်းသင့်ပါသလဲ...?
▬▬▬▬▬▬▬▬▬▬▬▬▬
စိတ်ဓာတ်ကျ ၀မ်းနည်းပူဆွေးနေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ
စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက်တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။
(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ
အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။
(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ
တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။
(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ
သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ်ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ရပါတယ်။
(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ
ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။။

Saturday, January 3, 2015

ခန္ဓာကိုယ်တွင်းတစ်ခုလုံး ဆေးကြောသန့်စင်ပေးမယ့် စွမ်းအားပြည့် အချိုရည်


ခုဖော်ပြပေးမယ့် အချိုရည်က သင့်ခန္ဓာကိုယ်ကို လုံးဝအသစ်ဖြစ်လာမှာတော့ မဟုတ်ပေမယ့် အထပ်ထပ် စုစည်းစုပုံထားတဲ့ အဆိပ်တွေ အားလုံးကိုတော့ ရှင်းလင်းပေးသွားပါလိမ့်မယ်။
လိုအပ်သော ပစ္စည်းများ
  • ရေသန့် (၂) လီတာ
  • လီမွန်သီး (၁) လုံး (သို့) သံပုရာသီး (၂) လုံး
  • လတ်ဆတ်တဲ့ သခွားသီး (၁) လုံး
  • ပူစီနံ (၁၀) ရွက်
ပြင်ဆင်ခြင်း
သခွားသီးနဲ့ လီမွန်သီးကို ရေကောင်းကောင်းဆေးပြီး အချပ်လိုက်ပါးပါး လှီးပါ။ အဲဒီနှစ်ခုကို ကောင်းစွာရောစပ်ပြီးပြီဆိုရင် ပူစီနံရွက်ပေါင်းထည့်လိုက်ပါ။ အဲဒီသုံးမျိုးပေါင်းစပ်လိုက်ပြီဆိုရင်တော့ ရေ (၂) လီတာ ပမဏအေးဆေး ဆန့်မယ့် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲ အအေးခံပြီး သောက်လို့ရပါပြီ။
Source: Jewsnews

မျက်နှာပေါ်က အမည်းစက်တွေကို လျော့ပါးပျောက်ကွယ်သွားအောင် ဒီနည်းလေးက ကူညီပေးနိုင်


မျက်နှာပေါ်က အမည်းစက်ဆိုတာ အလွယ်တကူ ပျောက်မသွားတတ်ပါဘူး။ မျက်နှာပေါ်က အစက်အပျောက်တွေ ဖယ်ရှားနည်းနဲ့ပတ်သက်ရင် ထိရောက်တဲ့ အောက်ပါ ဆေးနည်းကို စမ်းသုံးကြည့်လိုက်ပါ။
ဒီဆေးနည်း ဖော်စပ်ပြုလုပ်ဖို့ဆိုရင် ချယ်ရီစေ့ချဉ် ၅၀ ဂရမ် လိုအပ်ပါလိမ့်မယ်။ အဆိုပါချယ်ရီသီးရဲ့ အခွံမာစေ့လေးကို ကြိတ်ချေပြီး အမှုန့်ဖြစ်အောင်ချေပါ။ ရလာတဲ့အမှုန့်ကို ခရားတစ်ထဲထည့်ပြီး သံလွင်ဆီ 250ml နဲ့ ရောပါ။ ရောစပ်ထားတဲ့ အရည်ပြီး အပူချိန်အနေနဲ့ အေးပြီး မှောင်မည်းသည့်နေရာတစ်ခုခုမှာထားထားပါ။ အေးတဲ့နေရာဆိုပေမယ့် ရေခဲသေတ္တာလိုနေရာမျိုးတော့ မဟုတ်ပါဘူး။ ၁၄ ရက်ကြာပြီးရင်တော့ ဒါကို ထုတ်ယူပြီး အဝတ်စလေးဖြင့် အရည်ညစ်ယူရမှာဖြစ်ပါတယ်။ ထိုအရလာတဲ့အရည်ကို သိမ်းထားပြီး နေ့တိုင်း မျက်နှာကို လိမ်းပေးရပါမယ်။
Source: Naturalhealthcare

တစ်နေကုန် ဗိုက်ဆာနေသလို ခံစားနေရတာ ဘာ့ကြောင့်များလဲ


တစ်ခါတစ်ရံ ကျွန်ုပ်တို့မှာ ခါတိုင်းစားနေကျထက် ပိုစားပြီးတာတောင်မှ ဗိုက်ဆာသလို ဖြစ်နေတတ်ပါတယ်။ ဗိုက်ထဲကမြည်သံဟာ ဘေးအိမ်က အိမ်နီးချင်းတောင် ကြားမယ်ဆို ကြားနိုင်လောက်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အစားအစာမှာပါဝင်တဲ့ တချို့သောပစ္စည်းတွေဟာ ဗိုက်ပြည့်နေတာတောင်မှ အစာအိမ်ကို ကျေနပ်မှုမပေးစွမ်းနိုင်ပါဘူး။
ဒီလိုခံစားနေရခြင်းရဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းလေးတွေကတော့ -
(၁)     မနက်စာကို လုံလောက်စွာ မစားဖြစ်ခြင်း
ထပ်ပြောရပါဦးမယ်။ မနက်စာဆိုတာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစားအစာ ဖြစ်ပါတယ်။ နေ့တစ်နေ့ကို အစပြုတဲ့နေရာမှာ မှန်ကန်တဲ့ ကယ်လိုရီအရေအတွက်နဲ့ အဟာရဓါတ်တွေနဲ့ စတင်ဖို့လိုပါတယ်။ မနက်စာ လုံလောက်စွာ မစားဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းသကြားဓါတ်နှုန်းဟာ မတည်ငြိမ်ဘဲ မြင့်တက်နေတာကြောင့် သင့်ရဲ့အစာအိမ်ဟာ တစ်နေ့တာလုံး ဗိုက်မပြည့်သလို ခံစားရတတ်ပါတယ်။
(၂)   ရေနွေးကြမ်း မသောက်တတ်ခြင်း
သင်ဟာ ရေနွေးကြမ်းမသောက်တတ်တဲ့သူ တစ်ယောက်ဆိုရင်တော့ အလွန်ဆိုးတာပဲ။ အစားစားပြီး အနည်းငယ်အကြာမှာ လဖက်ရည်တစ်ခွက်သောက်ပေးခြင်းက သင့်ရဲ့ သွေးတွင်းသကြားဓါတ်နှုန်းကို ၁၀-၁၅ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။ လက်ဖက်ရည်သောက်ပေးခြင်းက သင့်ရဲ့ အစာအိမ်ကိုပြည့်နေစေပြီး မလိုအပ်ဘဲ တစ်နေကုန် တစ်ခုပြီးတစ်ခု လျှောက်စားနေခြင်းကနေ ကင်းဝေးစေပါတယ်။
(၃)  အိမ်မှာလုပ်တဲ့ အစားအသောက်တွေ မစားရခြင်း
တစ်ခါတလေတော့လည်း အပြင်စာတွေပဲ အစားများပြီး ကိုယ့်အိမ်မှာလုပ်တဲ့ အိမ်တွင်းဖြစ် အစားအစာတွေ မစားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပြင်မှာ အလွယ်ရနိုင်တဲ့ ဘာဂါတွေ ၊ ဆင်းဒ၀ှစ်ခ်ျ တွေက ကြိုတင်ပြုလုပ်ထားတာဖြစ်တာကြောင့် လတ်ဆတ်တဲ့ အာဟာရကို မရနိုင်ပါဘူး။
(၄)     ဆိုဒါအသောက်များခြင်း
ဆာလောင်မှုကို အကောင်းဆုံးဖြေဖျောက်နည်းကတော့ ရေပါပဲ။ တစ်ခါတစ်ရံ ရေသောက်ဖို့ မေ့လျော့နေတတ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓါတ် မရရှိတဲ့အခါ အစားအသောက်တွေကိုပဲ စဉ်းစားနေမိတတ်ပါတယ်။ တစ်နေကုန် ရေသောက်နေခြင်းက သင့်ကိုဗိုက်ပြည့်နေတယ်လို့ ခံစားရစေနိုင်ပြီး ၀ိတ်လျော့ဖို့ကိုလည်း အထောက်အကူပေးပါတယ်။
(၅)     ရေကို လုံလောက်တဲ့ပမာဏရောက်အောင် မသောက်မိခြင်း
ဆာလောင်မှုကို အကောင်းဆုံးဖြေဖျောက်နည်းကတော့ ရေပါပဲ။ တစ်ခါတစ်ရံ ရေသောက်ဖို့ မေ့လျော့နေတတ်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓါတ် မရရှိတဲ့အခါ အစားအသောက်တွေကိုပဲ စဉ်းစားနေမိတတ်ပါတယ်။ တစ်နေကုန် ရေသောက်နေခြင်းက သင့်ကိုဗိုက်ပြည့်နေတယ်လို့ ခံစားရစေနိုင်ပြီး ၀ိတ်လျော့ဖို့ကိုလည်း အထောက်အကူပေးပါတယ်
Ref:mensxp.com

One Day With The Clown Doctors






ဒီနေ့တော့ကလေးတွေရဲ့စိတ်ထဲမှာ ဆေးရုံအစားကစားကွင်းလေးရောက်နေတယ်လို့ခံစားမိသွားမှာပါ playing football with children

ကင်ဆာဖြစ်စေတဲ့ သကြားဓာတ်က အနီရောင်အသားတွေထဲမှာ ပါရှိနေ


အနီရောင်အသားလို့ ခေါ်တဲ့ red meat ဟာ လူတွေကို မကျန်းမာစေတဲ့ အကြောင်းရင်း ဖြစ်နေခဲ့တာ ဆယ်စုနှစ်အချို့ ရှိခဲ့ပါပြီ။ သိုးသား၊ ၀က်သား၊ အမဲသားစတဲ့ အနီရောင်အသားတွေကို စားတဲ့သူတွေဟာ ပျံ့နှံ့နှုန်းမြန်တဲ့ အကျိတ်တွေ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အနီရောင်အသားတွေကို စားတဲ့ အခြား သတ္တ၀ါတွေက ဆိုးဆိုးရွားရွား အန္တရာယ် မဖြစ်ပဲ လူတွေကပဲ ဘာလို့ဖြစ်ရတယ်ဆိုတာကတော့ ဆန်းကြယ်မှု တစ်ရပ်အဖြစ် မဖော်ထုတ်နိုင် သေးပါဘူး။
မကြာသေးမီက ရှာတွေ့တဲ့ အရေးအပါဆုံးတွေ့ရှိချက်အရ နွား၊ သိုး၊ ၀က်တွေနဲ့ အသားစား နို့တိုက်သတ္တ၀ါတွေ ရဲ့ အသားမှာသကြားဓာတ် တစ်မျိုးကို ထုတ်လုပ်ကြပြီး လူတွေမှာတော့ အဲဒီ့သကြားဓာတ်မျိုးကို မထုတ်လုပ်ကြပါဘူး။ အဲဒီ့ သကြားဓာတ်ကို “Neu5Gc” လို့ ခေါ်ကာ လူ့ခန္ဓာကိုယ်အတွက်တော့ ဂြိုလ်သားတွေ လိုပါပဲ။ ကျွန်ုပ်တို့ကအနီရောင်အသားကို စားတဲ့အခါ ခန္ဓာကိုယ် ခုခံအားစနစ်က အဲဒီ့သကြားဓာတ်ကို တိုက်ခိုက်ဖို့အတွက် antibodies တွေ ထုတ်ပေးပါတယ်။ အဲဒီ့အတွက် လူတွေမှာ အကျိတ်တွေ ဖြစ်လာပါတယ်။ တခြား အသားစား နို့တိုက်သတ္တ၀ါတွေနဲ့ နွား၊ သိုး၊ ၀က်တွေမှာတော့ “Neu5Gc” ဟာသူတို့ ခန္ဓာကိုယ်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးသားဖြစ်တာကြောင့် ဘာမှ ထူးခြားမလာတာလို့ပဲ ကယ်လီဖိုးနီးယား တက္ကသိုလ် သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရသိရပါတယ်။
Ref:Empire State Tribune

မျက်စိအကြောင်း မှတ်သားဖွယ် အချက်တချို့


သင့်ရဲ့မျက်လုံးအကြောင်း သင်ဘယ်လောက်များ သိပါသလဲ။ လူသိနည်းတဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ ပြောပြပေးချင်ပါတယ်။
-လူ့မျက်စိက မတူညီကွဲပြားတဲ့ အရောင်ပေါင်း (၁၀) သန်းခန့် ခွဲခြားမြင်တွေ့နိုင်ပါတယ်။
-အရောင်အမျိုးအစားပေါင်း သန်းနဲ့ချီထပ်မံ မြင်နိုင်တဲ့ ဗီဇပြောင်းခြင်းတစ်မျိုးကို အမျိုးသမီးအချို့ ပိုင်ဆိုင်တတ်ပါတယ်။
-အပြာရောင်မျက်လုံးနဲ့ လူတွေမှာ (alcohol) အရက်ခံနိုင်ရည် ပိုမိုမြင့်ကြတယ်။
-လူ့မျက်စိသာ ဒီဂျစ်တယ်လ်ကင်မရာတစ်လုံးဆိုရင် ယင်းမှာ 576 megapixels ရှိနေလိမ့်မယ်။
-ကျွန်ုပ်တို့ နိုးကြားလှုပ်ရှားနေတဲ့အချိန်ရဲ့ ၁၀% ကို မျက်စိမှိတ်၊ အဖွင့်အပိတ် လုပ်ခြင်းနဲ့ ကုန်ဆုံးကြတယ်။
Source: factslides