Thursday, December 25, 2014

အနိုင်ကျင့်တတ်သူကလေးများရဲ့ဘေးအန္တရာယ် ရှောင်ကျဉ်စေနည်း




ဒေါက်တာ မြင့်လွင်(စိတ်ပညာ)
ကစားကွင်းမှာ အနိုင်ကျင့်ခံရတဲ့အခါ မိမိကိုယ်ကို ယုံကြည်စိတ် အပြည့်အ၀ရှိတဲ့ ၄ နှစ်သားအရွယ် ကလေးတောင်မှပင် တဖြည်းဖြည်းနှင့် ကြောက်ရွံ့တတ်လာပါတယ်။ ကျီစယ် နောက်ပြောင်ခံရခြင်း၊ ၀ိုင်း၍ အစခံရခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ခံရခြင်းတို့ဟာ အနိုင်ကျင့်ခံရတဲ့ ကလေးကို အမြဲတမ်းနီးပါးလောက်ပင် ၀မ်းနည်းမှုဖြစ်စေပြီး စိတ်ထိခိုက်စေပါလိမ့်မယ်။
ကိုယ့်ကလေးကို ကျောင်းမှာ အနိုင်ကျင့်မခံရရေးအတွက် ကလေးငယ်ရဲ့အတန်းပိုင်ဆရာ၊ ဆရာမနှင့်အတူ သင်လည်း အမြဲ စိတ်ပူနေမိမှာ အမှန်ပဲဖြစ်ပါတယ်။ သို့သော် သင့်ကလေးကို ဒူပေနာပေခံနိုင်သောသူ ဖြစ်အောင်လည်း လေ့ကျင့်ပေးနိုင်ပါတယ်။ အဲဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် သင့်ကလေးဟာ နောင်မှာ အနိုင်ကျင့်ခံရသူဖြစ်နိုင်မှု ရာနှုန်းလည်း နည်းပါးသွားပါလိမ့်မယ်။ အဲဒီလို လေ့ကျင့်ပေးခြင်းဟာ အနီုင်ကျင့်သူအပေါ် အပြစ်တင်စေဖို့ မဟုတ်ဘဲ သင့်ကလေးဟာ အင်အားမဲ့သူမဟုတ်ကြောင်း သူ့ကိုယ်သူ သိလာအောင် အသိအမှတ်ပြုပေးခြင်းသာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ကွပ်ကဲမှုလုပ်နိုင်ကြောင်း အသိအမှတ်ပြုပေးခြင်းသာ ဖြစ်ပါတယ်။
အဆင့်(၈)ဆင့်ပါ အစီအစဉ်
ကလေးဟာ ကျောင်းမှာ ကစားကွင်းမှာ အနိုင်ကျင့်ခံရကြောင်း သင့်ကိုပြောပြဖို့ သူ့အတွက် များစွာအရဲစွန့်ရလိမ့်မည် ဖြစ်ကြောင်း သင်သတိရပါ။ သူ့အနေနဲ့ သင့်အား ပြောပြတာကို အနိုင်ကျင့်သူက သိသွားမှာကိုလည်း ကြောက်ရွံ့နေတတ်ပါတယ်။ သင်ဟာ ဒီကိစ္စအတွက် နှုတ်လုံမည်ဖြစ်ကြောင်း ကလေးကို စိတ်အေးအောင် ပြောပြပါ။ သင်ဟာ သူ့ဘက်မှာရှိကြောင်း သူသိစေခြင်းဖြင့် ကလေးကို စိတ်သက်သာစေပါလိမ့်မယ်။ အောက်ပါ နည်းဗျူဟာ (၈)ခုကို ကလေးအား သင်ကြားပေးပါ။
၁။ အပြုသဘောကိုယ်ဟန်အမူအရာ ပြခိုင်းပါ။
အနိုင်ကျင့်ခံရသူရဲ့ သားကောင်ဖြစ်သူကလေးဟာ “ကျွန်တော် ကြောက်ပါတယ်” ဆိုတဲ့ ကိုယ်ဟန် အမူအယာမျိုး ပြနေတတ်ပါတယ်။ ဥပမာ ကစားကွင်းထဲတွင် စိုးရိမ်ထိတ်လန့်စွာ ကုပ်ကုပ်ကလေး ဖြစ်နေခြင်း၊ ကိုယ်ကလေး ယို့နေခြင်း၊ မျက်လုံးခြင်းဆုံ၍ မကြည့်ရဲစေခြင်းစတဲ့ လက္ခဏာများ ပြနေတတ်ပါတယ်။ ဒါကြောင့် ကလေးကို အိမ်တွင် ခေါင်းမော့လမ်းလျောက်တတ်အောင်၊ ရဲဝံ့သော ကိုယ်နေဟန်ရအောင် တည်ကြည်သော မျက်လုံးအကြည့်ကြည့်တတ်အောင်တော့ ကျင့်ပေးပါ။
၂။ လူစုလူဝေးထဲမှာ နေခိုင်းပါ။
အနိုင်ကျင့်တတ်သူတို့ဟာ အားနည်းသော၊ သင်းကွဲဖြစ်နေသော ကလေးမျိုးကို ပစ်မှတ်အဖြစ် လိုက်ရှာတတ်ပါတယ်။ ဒါကြောင့် ကလေးအနေဖြင့် ကစားကွင်းထဲတွင် တစ်ယောက်တည်း သင်းကွဲမတ်တပ်ရပ်နေပါက အနိုင်ကျင့်သူရဲ့ သားကောင်ပစ်မှတ်အဖြစ် အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ လူစုလူဝေးထဲတွင် ရှိစေခြင်းဟာ ကလေးကို သားကောင်အဖြစ် ရှာဖွေတွေ့ရှိစေခြင်းမှ လျော့နည်းသွားစေပါလိမ့်မယ်။
၃။ ငြိမ်သက်မနေဘဲ လှုပ်ရှားနေခိုင်းပါ။
ဒီနည်းဟာ လက်တွေ့ကျတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ အနိုင်ကျင့်ခံရလေ့ရှိသူ ကလေးငယ်များဟာ ကျောင်းမုန့်စားဆင်းချိန် ကစားကွင်းထဲမှာ ငြိမ်သက်အနေတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်လျော့နည်းနေဟန် ဖြစ်နေခြင်းကြောင့် အနိုင်ကျင့်သူများက သူ့အား ရှာဖွေတွေ့ရှိသွားအောင် ဆွဲဆောင်သလို ဖြစ်နေပါတယ်။ ကလေးအနေနဲ့ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ကစားကွင်းထဲမှာ မတ်တပ်ရပ်နေခြင်းထက် လှုပ်ရှားနေတာက သူ့အတွက် ပိုပြီးတော့ ကောင်းပါလိမ့်မယ်။
၎။ အဝေးကို တိမ်းရှောင်ခိုင်းပါ။
အနိုင်ကျင့်မယ့်သူများ မိမိဆီကို ဦးတည်လာနေပုံပေါ်ရင် သူတို့နဲ့ဝေးရာဆီကို ထွက်သွားလိုက်တာက ပိုကောင်းပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ဒီလိုရှောင်လွဲတဲ့နည်းဗျူဟာက သူရဲဘောကြောင်တဲ့ အပြုအမူတစ်ခုအဖြစ် အဓိပ္ဗာယ် ကောက်ယူသွားစေနိုင်ပါတယ်။ သို့သော် တကယ်တော့ ဆင်ခြင်တုံတရားနဲ့ ကိုက်ညီသော အရာတစ်ခုဖြစ်လို့ လုပ်သင့်ပါတယ်။
၅။ အနိုင်ကျင့်ခြိမ်းခြောက်မှုကို မတုံ့ပြန်ခိုင်းပါနဲ့။
ရန်စခြင်း၊ ကျိစားနောက်ပြောင်ခြင်း စသည်တို့ဟာ အနိုင်ကျင့်ခံ သားကောင်ထဲမှ ဘာမှ တုံ့ပြန်မှု၊ စိတ်ခံစားမှုမပြတဲ့အခါမှာ နောက်ဆုံးမှာ ရပ်တန့်သွားပါလိမ့်မည်။ နှုတ်နဲ့ရန်စခြင်း၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခံရခြင်းတို့ကို လျစ်လျူရှုဖို့ဆိုတာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မည်။ ဒါပေမဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်။ ကလေးနဲ့ သင်တစ်လှည့်စီ သရုပ်ဆောင်တမ်းကစားပြီး လေ့ကျင့်ခိုင်းနိုင်ပါတယ်။
၆။ လက်တုံ့ပြန်ဖို့ကို စိတ်လျော့ထားလိုက်ပါ။
သင့်အနေနဲ့ ကိုယ့်ကလေးအနိုင်ကျင့်ခံရတာကို ပြန်လက်တုံ့ပြန်ဖို့ ကလေးအား အားပေးကောင်း အားပေးလိုပါလိမ့်မယ်။ ဒါပေမဲ့ လက်တုံ့ပြန်တဲ့နည်းဟာ ချို့ယွင်းချက်တွေ ပြဿနာတွေအများကြီး ပါရှိနိုင်ပါတယ်။ ပထမအချက်က ကလေးအနေနဲ့ အပြင်းအထန် ရိုက်နှက်ခံရခြင်းနဲ့ အဆုံးသတ်ရကောင်း အဆုံးသတ်ရပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ကတော့ တကယ်လို့ ရန်လိုတာကို သင်က အားပေးထောက်ခံမယ်ဆိုရင် သင့်ကလေးအနေနဲ့ သူ့ဘ၀ရဲ့ ပြဿနာ အမျိုးအစားတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ရာ ဒီနည်းဟာ သင့်တော်တယ်လို့ ယူဆကောင်း ယူဆသွားနိုင်ပါတယ်။
၇။ မိမိကိုယ်ကို ယုံကြည်စိတ်ရှိလာအောင် အားပေးပါ။
ကလေးက သူ့ကိုယ်သူ အကောင်းမြင်ခံစားလာဖို့ သူ့ရဲ့ စွမ်းရည် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့ရဲ့ထမြောက်အောင်မြင်မှုတို့ မြင့်မားလာဖို့ သင်တတ်နိုင်သလောက် လုပ်ရပါလိမ့်မယ်။ ကလေးကို သူဟာ ဘယ်လောက် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြောပေးပါ။ မူကြိုမှာတုန်းက ကျောင်းစာတွေကို ဘယ်လိုကြိုးစားကြောင်း ပြန်သတိရအောင် အားပေးပါ။ သူ့မှာ ကျောင်းတွင်သာမက ကျောင်းပြင်ပမှာလည်း မိတ်ဆွေ၊ သူငယ်ချင်းတွေ အများကြီးရှိကြောင်း အလေးထား ပြောပေးပါ။ သူဟာ ထူးချွန်တဲ့သူဖြစ်တယ်လို့ သင်ယုံကြည်ကြောင်းကိုလည်း သူသိပါစေ။
၈။ အတွေ့အကြုံကနေသင်ယူခိုင်းပါ။
အကယ်၍ သင့်ရဲ့ကလေးဟာ အနိုင်ကျင့်တတ်သူ ကလေးတွေရဲ့ ပစ်မှတ်တစ်ခု တဖန်ပြန်ဖြစ်နေဦးမယ်ဆိုရင် သူအရင်က ဒီကိစ္စကို ဘယ်လိုပြေလည်အောင်ဖြေရှင်းဆောင်ရွက်နိုင်တဲ့အကြောင်း ဆွေးနွေးပြောပြပေးပါ။ ကလေးအနေနဲ့ အတိတ်က မသာယာဖွယ်အတွေ့အကြုံများကို သူဘယ်လို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း သိမြင်လာတဲ့အခါမှာ အနာဂတ်မှာလည်း ဒူပေနာပေခံနိုင်မှုများ တိုးမြင့်လာပါလိမ့်မယ်။

ရေသောက်နည်းသောအခါ


လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်သည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းနှင့် ကလေးတစ်ဦးတွင် ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားသည်။
ပါဝင်မှုများပြားသည့် ရေသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အင်္ဂါအစိတ်အပိုင်းများ ဟန်ချက်ညီစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုလည်းဖြစ်သည်။ ရေရှိနေ၍သာ ဦးနှောက်မှအစ အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် အင်္ဂါအစိတ်အပိုင်းများသည် ခန္ဓာကိုယ်၏ လုပ်ငန်းများအား ဆောင်ရွက်နေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအရေးပါသည့် ရေအား လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် လိုအပ်ပြီး မကြာသေးမီက နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ လေ့လာသုတေသန ဆောင်ရွက်မှုတစ်ခုတွင် ရေသောက်သုံးမှု နည်းပါးနေကြောင်း လေ့လာချက်တစ်ခုအား ဖော်ပြထားသည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
ခန္ဓာကိုယ်တွင် ရေသည် ပုံမှန်ရာသီဥတုအရ တစ်နေ့လျှင် လူကြီးတစ်ယောက်အတွက် 2000 ml-3000 ml (ပုံမှန်ရေဖန်ခွက် ၁၀ ခွက်ခန့်)အထိ လိုအပ်ပြီး ပူပြင်းသည့်အချိန်တွင် ထို့ထက်ပိုမိုလိုအပ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာလှိုင်စိုးဝယ်က ပြောသည်။
“ကျန်းမာတဲ့လူတစ်ဦးက ဆီးကနေ ရေစွန့်ထုတ်မှု တစ်နေ့ကို 1000-1500ml လောက်ရှိတယ်။ ဒါ့အပြင် အရေပြားကနေ ထွက်သွားတာတွေ၊ အသက်ရှူရာကနေ ထွက်သွားတာတွေ၊ မျက်ရည်အဖြစ် ထွက်သွားတာတွေ စတာတွေ ပေါင်းလိုက်ရင် 500-1000 ကြားလောက် နေ့စဉ်ဆုံးရှုံးနေတယ်”ဟု ဒေါက်တာလှိုင်စိုးဝယ်က ပြောသည်။
ထို့အတွက် ရေဓာတ်သည် ခန္ဓာကိုယ်အတွင်း မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး ရေဓာတ်နည်းပါးခြင်းကြောင့် ရေတိုတွင် ချက်ချင်းကျန်းမာရေး ထိခိုက်မှုများမဖြစ်နိုင်သော်လည်း ရေရှည်တွင် ရေဓာတ်နည်းပါးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရရှိစေနိုင်သည်များလည်းရှိကြောင်း သိရသည်။
ရေသောက်နည်းသူများတွင် အရည်ဆုံးရှုံးခြင်း လက္ခဏာများဖြစ်သည့် အစာမစားချင်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးမော်ခြင်း၊ မျက်တွင်းကျခြင်း၊ ဆီးနည်းခြင်း၊ နှလုံးတုန်ခြင်း ဝေဒနာများအား ခံစားကြရလေ့ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရေဓာတ်ခန်းခြောက်မှု အလွန်များပြားသွားပါက သွေးလန့်ခြင်း၊ သတိလစ်မေ့မြောခြင်းများကိုပါ ခံစားကြရမည်ဖြစ်ကြောင်း သိရသည်။ ရေသောက်နည်းသူများ ရေရှည်တွင် ကြုံတွေ့ရသည့် ကြီးမားသည့် ပြဿနာတစ်ခုမှာ ဆီးနှင့်ပတ်သက်သည့် ရောဂါများဖြစ်ကြောင်း အများသိရှိပြီးဖြစ်သည်။
ရေသောက်နည်းခြင်းကြောင့် ဆီးသွားမှုနည်းပါးသည့်အခါ ဆီးလမ်းကြောင်းတွင် ဆီးထဲမှအနည်များ စုပြုံလာသည့်အတွက် ယနေ့အချိန်တွင် အဖြစ်များလာသည့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းရောဂါသည် ရေသောက်နည်းခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ရောဂါတစ်ခုလည်းဖြစ်သည်။
“အခု ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေထဲမှာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ လူနာတွေကတော့ အရမ်းများနေတယ်”ဟု ရန်ကုန်ဆေးရုံကြီးသစ်မှ ဆီးနှင့် ကျောက်ကပ် အထူးကုဆရာဝန်တစ်ဦးက ပြောသည်။
“ကျွန်တော်ဆီးလမ်းကြောင်းမှာ ကျောက်တည်တုန်းက ဆရာဝန်ကမေးတယ်။ ဆေးလိပ်သောက်လား၊ ကွမ်းစားလားဆိုတော့ တစ်ခုမှမလုပ်ဘူးဆိုတဲ့အခါ ဒါဆို ရေသောက်နည်းလို့ဖြစ်တာလို့ ပြောတယ်။ ကျွန်တော်က အိမ်မှာနေတဲ့အချိန်ပဲ ရေနွေးသောက်ဖြစ်တာ။ ကျန်တာတစ်နေ့လုံး အပြင်ရောက်နေတဲ့အချိန်ဆိုရင် ရေမသောက်ဖြစ်သလောက်ဘဲ”ဟု အသက် ၃၀ ခန့် ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
ရေသောက်နည်းသည့်အခါတွင် အင်္ဂါအစိတ်အပိုင်းများသို့ ရေမှပို့ဆောင်ပေးရသည့် အစာထဲတွင် ပါဝင်သော ပရိုတိန်းဓာတ်များ၊ ကာဗိုဟိုက်ဒရိုက်များ၊ အဆီများ၊ ဗီတာမင်များ သွေးနှင့်အတူ လိုအပ်သည့် ဓာတ်များရောက်ရှိမှု နှေးကွေးကာ လှုပ်ရှားမှုစနစ်များ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

“ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေရင်တော့ အများပြောကြတဲ့ အသားအရေလှတာအပြင် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေအတွက်ပါ ပိုပြီးကျန်းမာစေတဲ့ အကျိုးတွေ
ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ရေကိုတစ်နေ့ ဆယ်ခွက်မပြည့်ပြည့်အောင် သောက်ရမယ်လို့ မဆိုလိုဘူး။ မပြည့်ပြည့်အောင် သောက်စရာအထိလည်း မလိုပါဘူး။ အတတ်နိုင်ဆုံး သောက်နိုင်သလောက်လေးပဲ ပုံမှန်သောက်ရင်တော့ ပိုကောင်းတာပေါ့”ဟု ဒေါက်တာလှိုင်စိုးဝယ်က ဆက်လက်ပြောသည်။
ခန္ဓာကိုယ်အတွင်း ရေဓာတ်လုံလောက်စွာ ဖြည့်တင်းရန် အရေးကြီးသည်ဆိုသည်မှာ ပုံမှန်ကျန်းမာနေသူများအတွက် မှန်ကန်သော နည်းလမ်းတစ်ခုဖြစ်သော်လည်း သောက်ခြင်းသည် ရောဂါဝေဒနာအချို့ ခံစားနေရသူများအတွက် ထိုခံစားနေရသည့် ဝေဒနာအား ပိုမိုဆိုးရွားသွားစေနိုင်သည် ဆိုသည်အားလည်း မမေ့လျော့သင့်ကြောင်း အဆိုပါ ဆရာဝန်ကပြောသည်။
ခန္ဓာကိုယ်ထဲတွင် ရေနှင့် ဓာတ်ဆား အချိုးအဆညီမျှစေရန် ထိန်းချုပ်ပေးသည့် အစိတ်အပိုင်းများလည်းရှိပြီး နှလုံးကောင်းစွာ ပုံမှန်အလုပ်မလုပ်သူများ၊ အသည်းကောင်းစွာ အလုပ်မလုပ်သူများနှင့် ကျောက်ကပ်အလုပ် ကောင်းစွာမလုပ်သည့်အတွက် ရောဂါဝေဒနာ ခံစားနေရသူများသည် ပိုလျှံလွန်းသည့် ရေဓာတ်ကြောင့် ရောဂါများအား ဆိုးရွားသွားစေနိုင်ကြောင်း သိရသည်။
“အဲလိုလူနာတွေမှာ ရေဓာတ်ပမာဏများရင် ပိုပြီးဖောရောင်လာမယ်။ အသက်ရှူကျပ်မယ်။ နှလုံးခုန်မြန်တာတွေ၊ ကျောက်ကပ်ကြောင့် ဖောရောင်တဲ့ရောဂါတွေကို ခံစားရနိုင်တယ်။ ဒါကြောင့် ရေအရမ်းသောက်တာ ကောင်းတယ်ဆိုပြီးတော့လည်း အလွန်အကျွံမလုပ်ဖို့လိုတယ်။ တချို့က ရေသောက်တာ ကောင်းတယ်ဆိုတာကိုပဲ ကြည့်ပြီး ဆိုးကျိုးတွေလည်း သိပ်ဂရုမပြုဘဲ ရေတွေကို မဖြစ်မနေသောက်နေကြတာမျိုးလည်း ကြုံဖူးတယ်”ဟု အဆိုပါဆရာဝန်က ပြောသည်။
တစ်ညလုံး ခန္ဓာကိုယ်သည် အိပ်စက်အနားယူနေသော်လည်း အင်္ဂါအစိတ်အပိုင်းများမှာ အနားယူခြင်း မရှိကြပေ။ ထို့ကြောင့် မနက်မိုးလင်းသည့်အခါတွင် ထိုအစိတ်အပိုင်းများအတွက် လိုအပ်သည့် ရေအား ပြန်လည်ဖြည့်တင်းပေးခြင်းသည် သင့်လျော်သည့်အတွက် အိပ်ရာထပြီး ရေသောက်ခြင်းသည်လည်း ကျန်းမာရေးအရ ကောင်းမွန်သည့် အမူအကျင့်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထမင်းမစားခင် တစ်နာရီခန့်ကြိုပြီး ရေသောက်ခြင်းသည်လည်း အစာကြေလွယ်သည့် အာနိသင်ကို ခံစားရနိုင်ကြောင်း နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အကြံပြုထားသည်များလည်းရှိသည်။
ထိုခန္ဓာကိုယ်အတွက် အရေးကြီးလှသည့် ရေသည်သန့်ရှင်းရန်လည်း လိုအပ်ပြီး မသန့်ရှင်းသည့် ရေများကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်ပြီး ရောဂါများခံစားကြရသည် များလည်းရှိသဖြင့် သောက်သုံးရေသန့်ရှင်းစေရန်လည်း ဂရုပြုသင့်ကြောင်း ဒေါက်တာလှိုင်စိုးဝယ်က ဆက်လက်ပြောသည်။

ဝတ်ရည်အောင်
အတွဲ (၁၁)၊ အမှတ်(၁၀)
Ref: 7day News Journal

အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။
(၁) မစားရင် အဆာခံပါ
----------------------
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။
ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့သူနေရသက်တောင့်သက်သာရှိတယ်ဆိုရင်
ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ
ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။

"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"
ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..."
သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။

ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။
ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။
အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။

နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။

မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး

"မရဘူး သား..."
"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"
"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။
နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်
-------------------------
တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်
တယ်။စစချင်းမှာထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ
ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။
မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က
ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။

"ကစားချင်ရင် သူတို့ကို သွားရှာလေ..."
"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။
"မရဘူး... ခုနက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်"

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်
-----------------------
စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့
ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။
ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကိုတားခဲ့တယ်။
တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။

စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။
"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်"

"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကိုကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ
မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့်
ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲမနေနိုင်ခဲ့ပါဘူး။
ကလေးတွေကိုသွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရာမှာအမေရိကားမိခင်တွေဆီ
ကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။
------------------
creditးနိုင်းနိုင်းစနေ

Tuesday, December 16, 2014

လူမှုဆက်ဆံရေးကွန်ရက်များနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဆက်စပ်မှုများ

တိုးတက်ခေတ်မီပြောင်းလဲလာသည့် နည်းပညာများနှင့်အတူ လူသားတို့၏ နေထိုင်မှုစရိုက်ပုံစံများလည်း ပြောင်းလဲလာခဲ့သည်။ ပထမဆုံး အီးမေးကို ၁၉၇၁ ခုနှစ်တွင် စတင်မိတ်ဆက် ပို့ဆောင်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် နှစ်ပေါင်း ၄၀ ကျော်ကြာပြီးနောက် လူမှုဆက်ဆံရေး ကွန်ရက်များ (Social Media) များသည် အင်တာနက်အသုံးပြုခြင်းများ တိုးတက်လာသည်နှင့်အတူ မုန်တိုင်းပမာ လျင်မြန်စွာဖြင့် ကမ္ဘာကြီးတွင် နေရာယူလာကြသည်။ လူမှုဆက်ဆံရေးကွန်ရက်များဖြစ်သည့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့ကို ယခုကမ္ဘာတစ်ဝန်းတွင် လူလေးယောက်လျှင် တစ်ယောက်နှုန်းဖြင့် အသုံးပြုနေကြပြီဖြစ်သည်။
     ပုံမှန်အားဖြင့်ဆိုရသော် ထိုကဲ့သို့ လူမှုဆက်ဆံရေးကွန်ရက်များကို အသုံးပြုခြင်းသည် ထိခိုက်မှုမရှိဟုဆိုသော်လည်း လေ့လာဆန်းစစ်သူအချို့ကမူ လူမှုဆက်ဆံရေးကွန်ရက်များသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် နေထိုင်မှုစရိုက်ပုံစံအပေါ် ထိခိုက်လွှမ်းမိုးမှုများရှိလာသည်ဟု ဆိုကြသည်။ Medical News Today မှ လေ့လာချက်တစ်ခုတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းသည် စိတ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေပြီး လူတစ်ယောက်၏စိတ်ခံစားမှု မပြည့်စုံခြင်း၊ အလိုမကျခြင်းများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
      University of Michigan မှ လတ်တလောဆန်းစစ်ချက်အရ ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းသည် လူသားတို့အပေါ် မပျော်ရွှင်ခြင်း၊ မနှစ်မြို့ခြင်း၊ ဘ၀တွင် မပြည့်စုံခြင်း အစရှိသည့်ခံစားချက်များကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။ သူတို့၏အဆိုအရမူ အပေါ်ယံအမြင်အရ ဖေ့စ်ဘွတ်ခ်သည် လူသားတို့အတွက် အဖိုးမဖြတ်နိုင်သော သတင်းများ၊ အချက်အလက်များ၊ ဆက်သွယ်မှုများဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော်လည်း ရေရှည်တွင်မူ ဆန့်ကျင်ဘက်ရလဒ်ကိုသာ ရစေနိုင်ကြောင်း တွေ့ရှိရသည်။
      ထိုအဆိုများသည် မှန်ကန်နေပါသလား၊ လူမှုဆက်ဆံရေး ကွန်ရက်များအသုံးပြုခြင်းကို ကန့်သတ်သင့်သည်လား စသည့်မေးခွန်းများကိုမူ မိမိကိုယ်တိုင်ပင် ဆုံးဖြတ်ရမည်ဖြစ်သည်။
လူမှုဆက်သွယ်ရေးကွန်ရက်က ဘယ်လိုဆွဲဆောင်သလဲ
      ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် အင်တာနက် ၀န်ဆောင်မှုပေးသောကုမ္ပဏီများက အမေရိကန်တွင်  Dial Up ၀န်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်။ ထို့နောက်တွင်မှ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပြီး ဂြိုဟ်တုစနစ်၊ ကြိုးမဲ့စနစ်၊ ဖိုက်ဘာဆက် ကြောင်းအစရှိသည်ဖြင့် ၀န်ဆောင်မှုများပေးနိုင်ခဲ့သည်။

လက်ရှိအချိန်တွင်မူ အင်တာနက်ဆက်သွယ်ရေးစနစ်များ ကောင်းမွန်လာသည်နှင့်အမျှ လူမှုဆက်ဆံရေးကွန်ရက်များကို လွယ်ကူစွာ အသုံးပြုနိုင်လာခြင်းကလည်း ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် စာတိုက်မှတစ်ဆင့် စာများကို ပို့ဆောင်ခြင်းထက် အီးမေးများကိုအသုံးပြုပြီး အချိန်ကုန်၊ ငွေကုန်ကြေးကျသက်သာစွာဖြင့် လုပ်ဆောင်လာနိုင်ကြသည်။ ထိုအချက်အဆိုများအပေါ်တွင် အခြေခံပြီး လူမှုဆက်သွယ်ရေးကွန်ရက်များကို တည်ဆောက်လာကြသည်။
ဖေ့စ်ဘွတ်ခ်၏ ရည်ရွယ်ချက်ဆောင်ပုဒ်မှာ
ဖေ့စ်ဘွတ်ခ်၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ လူအများကို လွယ်ကူပွင့်လင်းစွာ ဆက်သွယ်ချိတ်ဆက်ပြီး လူအားလုံးကို အချက်အလက်များ၊ သတင်းများ၊ အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ မျှဝေပေးစေနိုင်ရန်ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုခြင်းအားဖြင့် သူငယ်ချင်းများ၊ မိသားစုဝင်များဖြင့် ဆက်သွယ်ချိတ်ဆက်ပြီး လက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်များ၊ အခြေအနေများကို မျှဝေဖော်ပြစေနိုင်ရန်ဖြစ်သည်။
      ထိုကဲ့သို့သော ဆောင်ပုဒ်ရည်ရွယ်ချက်များဖြင့် လူအများစု၏အခက်အခဲများကို လွယ်လင့်တကူ ဆက်သွယ်ချိတ်ဆက် ဖြေရှင်းပေးနိုင်မှုများကြောင့် လူမှုဆက်သွယ်ရေးကွန်ရက်များကို ပိုမိုအသုံးပြုမှု များပြားလာခဲ့ကြသည်။
လူမှုဆက်သွယ်ရေးကွန်ရက်များအသုံးပြုရခြင်းကိုစွဲလမ်းခြင်း
      လတ်တလော ဆန်းစစ်ထားသော အချက်အလက်များအရ အသုံးပြုသူများ၏ ၆၃ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်ဝင်ရောက်အသုံးပြုပြီး ၄၀ ရာခိုင်နှုန်းနှင့်အထက်သည် တစ်ကြိမ်ထက်ပိုပြီး ၀င်ရောက်အသုံးပြုကြောင်း တွေ့ရှိရသည်။
အသုံးပြုသူများသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် လူမှုဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုကြသည်။ အချို့က သူငယ်ချင်းများ၊
မိတ်ဆွေများနှင့် အခြားလူများ၏သတင်းများ၊ အချက်အလက်များ၊ ဓာတ်ပုံများကို ဖတ်ရှုကြပြီး အချို့ကမူ ခံစားချက်များ၊ ခံယူချက်များ
(Status Update) ကို တင်လေ့ရှိသည်။
Dr.Shannon M.Rauch (Benedictine University at Messa, AZ) က လူမှုဆက်ဆံရေးကွန်ရက်များကို အသုံးပြုခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ အပျင်းပြေစေခြင်းတို့ကို ဖြစ်စေသည်ဟုဆိုသည်။ လူမှုဆက်ဆံရေးကွန်ရက်များသည် လူတစ်ယောက်ကို အချိန်ပြည့်သုံးပြုစေနိုင်ရန်အတွက် အမြဲတွန်းအားပေးနေသည်ဟု သူကဆိုသည်။ Status Update လုပ်သူတစ်ယောက်သည် မိမိ၏ Status တွင် Comment  များ၊ Like  များရလာသည်နှင့်တစ်ပြိုင်နက် ထိုကဲ့သို့သော Update ပြုလုပ်ခြင်းကို တွန်းအားပေးသကဲ့သို့ဖြစ်စေပြီး ထပ်ကာထပ်ကာပြုလုပ်စေကာ အလေ့အကျင့်တစ်ခုသဖွယ် ပြောင်းလဲသွားနိုင်သည်။
ထိုကဲ့သို့သော အကြောင်းအရာအပြုအမူများသည် ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းအပေါ် စွဲလမ်းမှုကို ပိုမိုဖြစ်စေနိုင်သည့် အရာပင်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသော တွေ့ရှိ ချက်တစ်ခုမှာ စိတ်လှုပ်ရှားမှုများသော၊ စိတ်ခံစားမှုများသော၊ လူမှုဆက်ဆံရေးအားနည်းသောသူများသည် အင်တာနက်တွင် လူမှုဆက်ဆံရေးကွန်ရက်ကို ပိုမိုအသုံးပြုကြောင်းတွေ့ရှိရသည်။ လူမှုဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူများတွင် ကောင်းမွန်သော စိတ်ခံစားမှုများကိုလည်း ခံစားရရှိစေနိုင်ပါသည်။ လေ့လာချက်များအရ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုစွဲလမ်းသူများသည် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုခြင်းဖြင့် မိမိကိုယ်မိမိယုံကြည်ချက် တိုးတက်ခိုင်မာလာခြင်း၊ စိတ်ကျေနပ်မှုရှိခြင်းများကိုလည်း တွေ့ရှိရသည်။ သို့သော် မည်သည့်အရာတွင်မဆို အကောင်းသည်နှင့်အဆိုးသည် ဒွန်တွဲနေတတ်ပေသည်။
လူမှုဆက်ဆံရေး ကွန်ရက်အသုံးပြုခြင်းနှင့် စိတ်ခံစားမှုများ
      ၂၀၁၂ ခုနှစ်တွင်ပြုလုပ်ခဲ့သော Anxiety UK Survery on Social Media Use မှ တွေ့ရှိချက်အရ လူမှုဆက်သွယ်ရေး ကွန်ရက်အသုံးပြုသူများ၏ ၅၃ ရာခိုင်နှုန်းသည် အနေအထိုင်နှင့် ပြုမူပုံစရိုက်များပြောင်းလဲစေခဲ့ပြီး ထိုထဲမှ ၅၁ ရာခိုင်နှုန်းသည် အဆိုးဘက်သို့ ပြောင်းလဲသွားစေခဲ့သည်ဟုဆိုသည်။ ကွန်ရက်အသုံးပြုသူများသည် မိမိကိုယ်ကိုယ် သူတစ်ပါးနှင့်နှိုင်းယှဉ်ပြီး စိတ်အားငယ်မှု၊ စိတ်ဓာတ်ကျမှု အစရှိသည့်စိတ်ခံစားမှု ဆိုးရွားခြင်းများကို ခံစားရကြောင်းတွေ့ရှိရသည်။
မိမိသူငယ်ချင်းများ၊ မိတ်ဆွေများ၏ အောင်မြင်မှုများဖြင့် နှိုင်းယှဉ်ပြီး ယုံကြည်ချက်လျော့နည်းကာ စိတ်ခံစားမှုကို ပိုမိုဆိုးရွားစေသည်ဟုဆိုသည်။ ထို့ပြင် လေ့လာဆန်းစစ် ချက်တွင်ပါဝင်သူများ၏ ၆၅ ရာခိုင်နှုန်းကျော်သည် လူမှုဆက် သွယ်ရေးကွန်ရက်များကိုအသုံးပြုခြင်းဖြင့် စိတ်ကျဉ်းကျပ်ခြင်း၊ စိတ်ညစ်စေခြင်း၊ စိတ်ဖြေလျှော့မှုခက်ခဲစေခြင်းတို့အပြင် နောက်ဆုံး အိပ်မပျော်ခြင်းကိုပါ ခံစားရသည်ဟုဆိုပြီး ထိုထဲမှ ၅၅ ရာခိုင်နှုန်းခန့်သည် လူမှုဆက်သွယ်ရေးကွန်ရက်များကို အသုံးမပြုရသည့် အချိန်များတွင် စိတ်ပူပန်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းတို့ကိုပါ ခံစားစေရကြောင်း တွေ့ရှိရသည်။
အထက်ကဆိုခဲ့သည့်အတိုင်း အသက် ၃၀ အောက်အရွယ်များတွင် လူမှုဆက်သွယ်ရေးကွန်ရက်များကို အများဆုံး အသုံးပြုကြသည့်အလျောက် ဆိုက်ဘာတိုက်ခိုက်မှုများ၊ လူမှုရေးတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခံရကြောင်း တွေ့ရှိရသည်။ ထို့အတွက်ကြောင့် ကလေးသူငယ်များတွင်လည်း မိဘများ၏ စောင့်ကြည့်မှုအောက်မှသာ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုသင့်သည်ဟုဆိုသည်။ ထို့ပြင် အသုံးပြုရာတွင်လည်း အချိန်အတိုင်းအတာတစ်ခုဖြင့်သာ အသုံးပြုခြင်းဖြင့် မိမိကိုယ်ကို ပိုမိုအကျိုးရှိစေသည်ဟုလည်းဆိုသည်။
ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး စိတ်ဓာတ်အင်အား၊ စိတ်ကျန်းမာရေး၊ ပျော်ရွှင်သော နေထိုင်မှုပုံစံကို ရရှိစေနိုင်ပါသလား
      လေ့လာဆန်းစစ်ချက်အများစုတွင် လူမှုဆက်သွယ်ရေး ကွန်ရက်များ အသုံးပြုခြင်းကြောင့် စိတ်ခံစားမှုများကို ဆိုးရွားစေပြီး မကောင်းသည့်ဘက်တွင် ပိုမိုအားသန်စေကြောင်း တွေ့ရှိရသည်ဟု ဆိုသော်လည်း အချို့ကမူ စိတ်ခံစားမှုကိုတိုး တက်ပျော်ရွှင်စေနိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ထို့ပြင် လူတစ်ယောက်၏ စိတ်ကျန်းမာရေး၊ စိတ်ခံစားမှုများကိုလည်း လူမှုဆက်သွယ်ရေးကွန်ရက်များမှ လေ့လာနိုင်သည်။ Medical News Today မှ University of Missouri ၏ လေ့လာချက်တွင် Facebook Activity  များသည် လူတစ်ယောက်၏ စိတ်ခံစားမှု၊ စိတ်ကျန်းမာရေးကို လေ့လာနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟုဆိုသည်။
အခြားလေ့လာမှုတစ်ခုဖြစ်သော University of California San Diego (UCSD) မှ တွေ့ရှိချက်အရ လူမှုဆက်သွယ်ရေး ကွန်ရက်များသည် ပျော်ရွှင်မှုများကို ဝေမျှပေးနိုင်သည်ဟုဆိုသည်။ ပျော်ရွှင်စရာကောင်းသော Status Update များသည် အခြားသူများကိုပါ ထိုကဲ့သိှု့ Status များကို Update ပြုလုပ်လာစေရန်အတွက် တွန်းအားပေးနိုင်သည်ဟုဆိုသည်။ အချုပ်အားဖြင့် ဆိုရသော် ထိုကဲ့သို့ ပျော်ရွှင်စရာများဖြန့်ဝေမှုသည် အရှိန်အဟုန်ကြီးမားစွာဖြင့် ပျံ့နှံ့စေနိုင်ပြီး တဖြည်းဖြည်းကြီးမားလာကာ ကောင်းမွန်သော နေထိုင်မှုဘ၀ပုံစံကို ပေးစွမ်းနိုင်သည်ဟုဆိုသည်။ လူတစ်ယောက်၏ စိတ်ခံစားချက်ကောင်းမွန်မှုသည် အချိန်တိုအတွင်း လူအများသို့ ပျံ့နှံ့သွားစေနိုင်ပြီး စိတ်ဓာတ်ကျန်းမာရေးကိုသာမက ရုပ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
     နိဂုံးချုပ်အားဖြင့်ဆိုရသော် အကောင်းအဆိုးဒွန်တွဲနေသော လူမှုဆက်ဆံရေး ကွန်ရက်အသုံးပြုခြင်းကို တိကျသေချာသော အဖြေထုတ်ရန်မှာမူ ခက်ခဲနေပေသေးသည်။ မည်သို့ပင် ဆိုစေကာမူ လူမှုဆက်သွယ်ရေး ကွန်ရက်များ၏တည်ရှိမှုသည် အလွယ်တကူ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ဆက်လက်တည်ရှိ တိုးတက်နေမည်မှာတော့ အမှန်ပင်ဖြစ်ပေတော့သည်။

Ref : B2B Magazine

Tuesday, December 9, 2014

နာကျင်နေသော ကလေးကို မိခင်နှစ်သိမ့်ပေးခြင်းဖြင့် သက်သာစေနိုင်

ကလေးငယ်တစ်ဦး အနီးတွင်ရှိပြီး ကလေးကို နှစ်သိမ့်ပေးခြင်း မှာ ကလေးငယ်၏ နာကျင်မှုကို သက်သာစေသည်သာမက ခံစားချက်များဖြစ်ပေါ်ရာတွင် ပါဝင်ပတ်သက်သော ဦးနှောက်အစိတ်အပိုင်း လှုပ်ရှားမှုကိုပါ ပြောင်းလဲစေနိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်တွင် ဖော်ပြသည်။

နယူးယောက်တက္ကသိုလ် လန်ကွန်းဆေးပညာစင်တာ လေ့လာ မှုတွင် မိခင်၏ ဂရုစိုက်မှုကြောင့် ရေတိုသက်ရောက်မှုကို ပထမဆုံး ပြသခဲ့သည်ဟု ယုံကြည်ရသည်။ သုတေသီများက ကြွက်များဖြင့် စမ်းသပ်ခဲ့ပြီး ဦးနှောက်အတွင်း ခံစားချက်များဖြစ်ပေါ်ရာ တစ်သျှူးများကို မျိုးဗီဇခွဲခြမ်းစိတ်ဖြာလေ့လာမှု ပြုလုပ်ခဲ့သည်။
နာကျင်မှုခံစားရသော ကြွက်များတွင် နာကျင်မှုမခံစားရသော ကြွက်များထက် မျိုးဗီဇရာပေါင်း များစွာ လှုပ်ရှားသက်ဝင်နေသည်ကို လေ့လာမှုက တွေ့ရှိခဲ့သည်။
‘‘နာကျင်နေတဲ့ ကလေးငယ်ကို မိခင်က နှစ်သိမ့်ပေးခြင်းဟာ အပြုအမူဆိုင်ရာ တုံ့ပြန်မှုသာမကဘဲ အဲဒီလိုနှစ်သိမ့်ပေးမှုကနေ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု စောစောပိုင်း ချိတ်ဆက်လှုပ်ရှားမှုကိုလည်း အကောင်းဘက်ကိုဖြစ်စေ၊ အဆိုးဘက်ကိုဖြစ်စေ ပြောင်းလဲသွားစေနိုင်ပါတယ်’’ ဟု ၀ါရင့်သုတေသီနှင့် ဦးနှောက်ဇီဝဗေဒ ပညာရှင် ဒေါက်တာ ဂီဂျီနာဆူလီဗန်က ပြောသည်။
မိခင်၏ ဂရုတစိုက် စောင့်ရှောက်မှုမရှိဘဲ နာကျင်မှုခံစားခဲ့ရ ပါက ကလေးငယ်ပေါ်တွင် မကောင်းသော  ရေရှည်အကျိုးသက်ရောက်မှုများရှိသည်ဟု ဒေါက်တာဂီဂျီနာဆူလီဗန်က သတိပေးသည်။
အရေးကြီးသော အချက်မှာ ကလေးငယ်၏ ဦးနှောက်အတွင်း ပြုစုပျိုးထောင်ခြင်းစနစ်ကို လေ့လာခြင်းဖြစ်သည်ဟု သုတေသီကပြောသည်။ ယင်းမှနေ၍ ကလေးသူငယ်များ ငယ်ရွယ်ချိန်၌ တွေ့ကြုံ ရသော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုဖြစ်ပေါ်လာသော နာကျင်မှုကို ကုသမှုပေးရာ၌ အထောက်အကူဖြစ်မည်ဟု ၎င်းက ပြောသည်။
ဒေါက်တာဆူလီဗန်တို့၏ တွေ့ရှိချက်များကို ၀ါရှင်တန်မြို့တွင် နှစ်စဉ်ပြုလုပ်သော Society for Neuvoscience အစည်းအဝေးတွင် တင်ပြခဲ့သည်။         

 —Ref: AFP
7 Day News

စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်းများ



(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ

စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက်တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။

(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ

အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။

(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။

(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ

သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ်ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ရပါတယ်။

(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။

အနာဂတ်ခေါင်းဆောင်လောင်းများကို စိတ်ဒဏ်ရာမပေး၊ ရယ်မောခြင်းများစွာကိုသာ အခမဲ့ပေးနေသည့် Myanmar Clown Doctor



” ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်” ဟု ကျွန်တော်တို့ မြန်မာလူမျိုးများပြောကြ၊ ဆိုကြသည်။ ထို့ထက်မက “မဲ့ရွဲ့နေသူထက် ရယ်မောသူက အသက် တစ်နှ စ်ပိုရှည်၏” ဟုလည်း မှတ်သားရသည်။ ထိုအကြောင်းအရာများကို လူအများစု၊ လူတိုင်းနီးပါးသိရှိ ပြီးဖြစ်သည်။ သို့သော် အမြဲတမ်း မရယ်မောနိုင်၊ အမြဲတမ်းလည်း မပြုံးနိုင်ကြပေ။အကြောင်းမှာ စား၊ ဝတ်၊ နေ၊ ရေး၊ တံတိုင်းကြီးကရှေ့တွင် ကန့်လန့်ကာထားသောကြောင့်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ။ ထိုစား၊ ဝတ်၊ နေ၊ ရေး တံ တိုင်း ကို ကျော်လွန်ပြီး ကိုယ်ကျိုးမဖက်၊ တတ်နိုင်သလောက်လေးနှင့် လူတချို့ ကို ပျော်ရွှင်ရယ် မောစေအောင် ကြံဆောင်နေကြသူများလည်း ရှိသည်။ သူ တို့အနေဖြင့် အနာ ဂတ်ခေါင်းဆောင်များဖြစ်ကြသည့် ကလေးများကို စိတ်ဒဏ်ရာ ဒဏ်ချက်များမပေးဘဲ ရယ် မောခြင်းကို အခမဲ့ Sharing လုပ်ပေးလာခဲ့သည်မှာ သုံးနစ်နီးပါးပင်ရှိနေပြီ ဖြစ် သည်။ သုံးနှစ်ဝန်းကျင်လုပ်လာခဲ့သော်လည်း ထိုအဖွဲ့ကိုသိသူအလွန်ပင် နည်းပါးသေးသည်။ Myanmar Clown Doctor အဖွဲ့ပင်။
Myanmar Clown Doctor  အဖွဲ့ကို၂ဝ၁၂ခုနှစ်၊ ဖေဖော်ဝါရီလက အဖွဲ့ဝင်နှစ်ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အမေရိကန်နိုင်ငံသား မစ္စတာ အယ်ဒီကယင်းပရိုဂရမ် ကို မြန် မာနိုင်ငံ သို့သယ်ဆောင်ယူလာခဲ့ပြီး သင်တန်းပို့ ချစေခဲ့သည်။ ယခုအချိန်တွင် ထက်ပိုင်ဦး၊ ပီတာနှင်းအောင်၊ ဖြိုးသက်ခိုင်၊ ပြည်ငြိမ်းချမ်းကျော်၊ ချစ်ဖြိုးဝေ၊ ထက် ထက်နိုင်၊ ခိုင်သူဇာစသည့် လူငယ်ခုနစ် ဦးကစနေ၊တနင်္ဂနွေနေ့တိုင်းကလေး ဆေးရုံများသို့ သွားရောက်ပြီး ကလေးများ ပျော်ရွှင်ရယ်မောအောင်အသွင်သဏ္ဌာန် မျိုးစုံ လုပ်ပြီး Volunteer  လုပ်ပေးနေသည်။
” သုံးနှစ်နီးနီးရှိနေပြီဆိုတော့ ကလေးတွေရဲ့ ကိုးစားမှုကို ရနေပါပြီ။ အရင်ကနဲ့ မတူတော့ဘူး။ ဆေးရုံမှာ တက်ရောက်ကုသ မှုခံယူနေကြ တဲ့ ကလေးတွေ ရဲ့ ကြောက် တတ်တဲ့စိတ်က ရှိမှာပဲ။ စိတ်မသက်မသာဖြစ်မယ်။ စိတ်ညစ်မယ်။ ဒါတွေကို ကျွန်တော်တို့က နည်းမျိုးစုံနဲ့ ဖြေသိမ့်တယ်။အခုက တော်တော်လေးကို အဆင်ပြေနေပါပြီ” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထက်ပိုင်ဦးက ပြောသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်က ဆေးရုံတွင်ရှိသည့် ဆရာ၊ ဆရာမများနှင့် ကလေးများအကြား ပေါင်းကူး တံတား တစ် ခုသဖွယ် ပြုလုပ်ပေးခြင်းပင်။ ကလေးများ၏ အမြင်၊ ကလေးငယ်တို့၏ မိဘများအမြင်၌ သူတို့ကို ဆရာဝန်ဟုပင်မြင်တတ်ကြသည်။ အမှန်က ဆရာဝန်များမဟုတ်ကြ။ ပရ ဟိတစိတ် ဓာတ်ကိုအရင်းခံသည့် Volunteer  များသာဖြစ်သည်။
” အဓိက ကလေးတွေ အပေါ်မှာ focus သွားတာပေါ့နော်။ ကလေးတွေက ရောဂါတစ်ခုခုခံစားရပြီဆိုရင် အဲဒီရောဂါအပေါ်မှာပဲ အာရုံရောက်နေတတ်ကြတယ်။ တခြားသူ တို့ဘာမှ မစဉ်းစားဘူး။ ဒီတော့ ပျော်ရွှင်စရာ မရှိဘဲစိတ်ညစ်ကြတယ်။ ဒီတော့ သူတို့ကို ကျွန်တော်တို့က အာရုံလွှဲရတာပေါ့။ဆေးမသောက်တဲ့ ကလေးတွေ၊ သနပ်ခါးမ လိမ်းတဲ့ကလေးတွေ ရှိတယ်။ ဆေးတိုက်ပေး၊ သနပ်ခါးလိမ်းပေး၊ ဂစ်တာတီး၊ သီချင်းဆို၊ မျက်လှည့်ပြ ပုံစံမျိုးစုံလုပ်ပေးတော့ သူတို့လည်း အမြင်တွေ ပြောင်းပြီး ပျော်ရွှင်ရယ်မောလာကြတယ်။ ဒီ့ထက်တခြားဆရာဝန်တွေအပေါ်လည်း အမြင်တချို့ပြောင်းလဲသွားကြတယ်” ဟုလည်း သူက ဆက်ပြောသည်။ ထိုသို့ အစိုးရဆေးရုံများသို့ အလွယ်တကူဝင် ထွက်နိုင်ရေးအတွက် Founder လုပ်သူက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စာတင်ကာတစ်မျိုး၊ လူချင်းတွေ့ဆုံကာတစ်ဖုံ စီစဉ်ဆောင်ရွက်ပေးကြောင်းလည်း သိရသည်။ ကောင်းမွန်လှသည့် ယင်း Program ကို နိုင်ငံခြားကနေ သယ်ယူလာပြီး မြန်မာနိုင်ငံတွင်းရှိ Volunteer  လုပ်လိုသူလူငယ်များကို သင်တန်းသုံးလပေးခဲ့သေးသည်။ ယခုကဲ့သို့ သော Clown  အဖွဲ့များအနေဖြင့် နယူးဇီလန်၊ ဟောင်ကောင်စသည့် နိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် အားသွန်ခွန် စိုက်လုပ်နေကြပြီဖြစ်သည်။ ” နိုင်ငံတကာ မှာဒီလိုမျိုးလုပ်တာက အောင်မြင်နေပါပြီ။ မြန်မာနိုင်ငံမှာက သိပ်ကို နည်းနေ သေးတယ်။ လုပ်စတုန်းကဆိုရင် နှာခေါင်းအနီကြီးတွေနဲ့ဆိုတော့ နှာဘူးကြီး၊ အရူးကြီးလို့တောင် အပြောခံရတယ်။ ပထမက ရှက်တာပေါ့။ ရှက်တာလည်းပါသလို ကြောက်တာရယ်၊ မဝံ့ မရဲဖြစ်တာလည်းပါတယ်။ ကိုယ်၌က ဆရာဝန်တွေ မဟုတ်တော့လေ။ ပြီးတော့တွေ့ကြုံနေကျပတ်ဝန်းကျင်လည်းမဟုတ်၊ Field ချင်းလည်းမတူဘူး။ အစိမ်းသက်သက်ကြီးဆိုတော့ တစ်မျိုးပဲ။ ပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုအားကလည်း တအားနည်းတယ်။ Culture  မတူဘူး။ ဒီတော့ စိတ်အားငယ်ခဲ့ရတာတွေရှိတယ်။ ငါ့တို့ ဒီလိုမျိုးသာဆိုဖြစ်ပါ့မလားပေါ့။ ကလေး တွေကလည်း ကျွန်တော်တို့ကိုမြင်ရင် ကြောက်လန့်ပြီးထွက်ပြေးကြတယ်။ ဒီတော့ မျက်နှာမှာ အရောင်ခြယ်သတာတွေ မလုပ်တော့ဘဲနဲ့ သူတို့လက်ခံလာ အောင် အာရုံတစ်မျိုးလွှဲယူမှ အဆင်ပြေသွားတယ်။ နိုင်ငံခြားမှာဆို Clown ပေါ့။ လူရွှင်တော်ကြီးတွေလို့ သတ်မှတ်ကြတယ်။ ဒီမှာတော့
နှာဘူးကြီးတွေပေါ့။ ပြောရရင် အစတုန်းက ဘယ်လိုမှကိုအဆင်မပြေတာ။ အခုတော့ အဆင်ပြေသွားပါပြီ။ ကလေးတွေ စိတ်ညစ်နေရင် ပျော်သွားအောင်၊ ငိုနေရင် ရယ် သွားအောင်အဓိကထားလုပ်ပေးတယ်။ ကလေး တစ်ယောက် ငိုရာကနေ ပျော်သွားရင်၊ ရယ်သွားရင် သူအပါအဝင်သူ့မိဘ၊ ပြီးတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေ ကျေနပ်စရာဖြစ်သွားတယ်။ သူတို့ရဲ့ကျေနပ်စရာတွေက ကျွန်တော်တို့ဆီကူးစက်လာခဲ့တာပေါ့” ဟုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပြည်ငြိမ်းချမ်းကျော်က ပြောသည်။
အဖွဲ့တွင် ပထမနှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်၊ လေးယောက်ကနေ ရှစ်ယောက်၊ ကိုးယောက်အထိဖြစ်ခဲ့သော်လည်း သိပ်မကြာလိုက်ခင်မှာ ပင် နှုတ်ထွက် သွားကြကြောင်းလည်း ပြောသည်။ လူငယ်မျိုးဆက်များကို လက်လွှဲပေးချင်သည့် ဆန္ဒရှိတာကြောင့်စိတ်ဝင်စားသည့် လူငယ်များကို ဖိတ်ခေါ်ကြောင်းလည်း ပြောသည်။ သူတို့အနေ ဖြင့် အလုပ်ကို ရွေးချယ်ကြသည့်အခါ တွင် စနေ၊ တနင်္ဂနွေပိတ်မည့်အလုပ်သာကိုသာ ရွေးချယ်လုပ်ကြရသည်။ အဖွဲ့ထဲတွင် အဝေးသင်တက်နေသည့် သူက စနေ ၊တနင်္ဂနွေ မအားလပ်သည့် အခါ တခြားသူများက ယိုင်မသွားအောင် ဆက် တိုက်ပြုလုပ်ပေးကြသည်။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ Volunteer တစ်ဖက်နှင့် သူတို့မှာ အားလပ်ရက်ပင် မရှိပေ။ သို့သော်လည်း ယခုလို Volunteer ပေးနေရသည့်အတွက် သူတို့ကျေနပ်နေကြသည်။ ” အခုတော့ အမာခံ ခုနစ်ဦးရှိတာပေါ့။ အဲဒီ ခုနစ်ဦးကပဲ အပတ်စဉ် မပျက်မကွက်ဆေးရုံသွားပြီး ကလေးတွေ ပျော်ရွှင်အောင် လုပ်ပေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကလေး ဆေးရုံတွေမှာ ဒီလိုမျိုးအဖွဲ့တွေဖွဲ့စည်းပြီး တ တတ်တအားလုပ်ပေးရင် အားလုံးအတွက် ကောင်းမယ်လို့ ထင်တယ်။ ကလေးတွေ အတွက်လည်း ကောင်းတယ်။ ဆးရုံမှာရှိတဲ့ ဝန်ထမ်းတွေအတွက် လည်း ကောင်း တယ်။ ဝန်ထမ်းတွေဆိုရင်လည်း ကျွန်မတို့ရဲ့ ရုပ်ပြောင်ကြီးတွေကို မြင်လိုက်တာနဲ့ ပြုံးရွှင်သွားကြတယ်။ ပျော်ရွှင်တော့ သူတို့ရဲ့ တစ်နေ့တာလုပ်ငန်းတွေမှာ ပို အ ဆင်ပြေသွားတယ်။ ဒီတော့ ကျွန်မတို့လိုမျိုး အဖွဲ့တွေထပ်မံပေါ်ပေါက်လာစေချင်တယ်” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ မထက်ထက်နိုင်က ပြောသည်။
ယခုဆိုလျှင် Myanmar Clown Doctor အဖွဲ့၏ ရုပ်ပြောင်သရုပ်ဆောင်မှုများကြောင့် ငိုသည့်ကလေးပျော်ရွှင်သွားကြသလို ဝေဒနာခံစားနေရသည့် ကလေးများ လည်း ဝေဒနာတချို့ကင်း ပြီး စိတ်သက်သာရာ ရသွားကြပြီဖြစ်သည်။ ထို့အတွက်ကြောင့် ယင်းအဖွဲ့အပါအဝင် ယင်းပရိုဂရမ်ကို သယ်ဆောင်လာသည့်အမေရိကန်နိုင်ငံ သား မစ္စတာအယ်ဒီကိုကျေးဇူးတင်ရတော့မည်ဖြစ် သည်။ သူသာ ယင်းပရိုဂရမ်ကို မြန်မာနိုင်ငံသို့ မသယ်ဆောင်ခဲ့လျှင် ယခုလို အိုင်ဒီယာမျိုးကို သာမန်လူ စဉ်းစားနိုင် လိမ့် မည် မဟုတ်ပေ။
” ကလေးတွေက ဘာဆိုကြောက်တယ်။ ဘာဆိုရင်မကြောက်ဘူး၊ ဘယ်အရွယ်ဆိုရင် ဘာကိုကြိုက်တယ်။ ဘယ်အရွယ်ဆိုရင် ဒီလိုလုပ်လု့မရဘူးဆိုတာက အစသိနေပြီ။ တချို့နေရာတွေမှာ မိန်းကလေးဝင်လို့မရတဲ့အရာမျိုး၊ ယောက်ျားလေးဝင်လို့မရတဲ့အရာမျိုး တွေရှိတယ်။ အခုဆို ရာခိုင်နှုန်းနီးပါးအဆင်ပြေနေပါပြီ။ တချို့ဆို မွေးနေ့လား၊ ခရစ္စမတ်လား မေးသူတွေရှိတယ်။ ဒါကိုလည်ရှင်းပြရသေးတယ်”  ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပီတာနှင်းအောင်က ပြောသည်။  ထိုအဖွဲ့ကို စိတ်ဝင်စားပြီး Volunteer လုပ် လိုသူများအနေဖြင့် အခြေခံပညာ အထက်တန်းအဆင့်အောင်မြင်ပြီးသူ၊ အသက် ၁၈နှစ်မှ ၃ဝနှစ်ကြားရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်၊ကလေးများကို ချစ်ခင်တတ် သူ၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ၊စနေ(သို့မဟုတ်) တနင်္ဂနွေတစ်ရက်ရက် အားလပ်သူမည်သူမဆို ဆက်သွယ်ကုသိုလ်ပြုနိုင်ပါသည်။
Mဘွယ်


Thursday, December 4, 2014

10 ways to reduce Belly Fat

10 ways to reduce Belly Fat:

1. Reduce sugar.
2. Consume healthy fats.
3. No white carbs.
4. Two three liters H20 daily.
5. Manage stress (reduce cortisol).
6. Increase green leafy veggies.
7. Eat lean protein.
8. Move your body.
9. Fresh lemon in warm water.
10. Love the body you have whilst you work towards the body you want.

Monday, December 1, 2014

အရွယ်ရောက်လာမယ့် သင့်ကလေးကို ဒါတွေ ပြောပြထားပါ.....

child sexual abuse

 1. ကလေးများ၏body ကိုကလေးများသာပိုင်ကြောင်းပြောပြပါ။ လူကြီးများမှချစ်လို့ဟုအကြောင်းပြကာbody အားထိကိုင်လာလျှင် မိမိမနှစ်သက်ပါက ငြင်းနိုင်ရမည်။ မိဘများမှလဲချစ်လို့ကိုင်တာကိုင်ပါစေဟုမတိုက်တွန်းပါနှင့်။ကလေးမှမကြိုက်လို့ငြင်းလျှင်လဲမဆူပါနှင့်လူကြီးများကိုပွင့်ပွင့်လင်းလင်းပြောရဲပါစေဘယ်လောက်အသက်ငယ်ငယ် ဖြစ်နိုင်သည်ကို သတိပြုပါ

2. ကလေးများအားမုန့်ကျွှေးမည်ဟုခေါ်လျှင်မိဘခွင့်မပြုဘဲမလိုက်ဖို့မှာထားပါ

=========================================================
  • If your child is uncomfortable or if someone is touching them, s/he should
    tell a trusted adult immediately.
  • Let your children know that if someone is touching them or talking to
    them in ways that make them uncomfortable that it shouldn’t stay a secret.
  • They have right to say "NO" if they are uncomfortable.
  • Don't let the strangers touch their body saying cos of love.



Post By :MCD

ပထမဆုံး အလှူ ရှင်


Myanmar Clown Doctor အဖွဲ.အား ပထမဆုံး လက်ထိုးရုပ်လေးများ လှူ ဒါန်းပေးပါသော ကိုမင်းထက်ပိုင် အား အထူးပင်ကျေး ဇူး တင်ရှိပါတယ် ခင်ဗျာ .....

HERE'S OUR ACTIVITY OF THIS WEEKEND

Here's are the some photo of this weekend our activity at the Child Hospital...



Post By :MCD

Clown Doctor အဖွဲ.၀င်လိုသူများ သိစေရန်...

Myanmar Clown Doctor Team မှ လူမှုရေးလုပ်ငန်းများ စိတ်ဝင်စားသောလူငယ်များ အလိုရှိသည် ။

Myanmar Clown Doctor အဖွဲ.လေးထဲ ကို ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါအရည် အချင်းများ နှင့် ပြည်.စုံရပါမယ်..

၁။ အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူ

၂။ အသက် ၁၈ မှ ၃၀ ကြား ၊ အကောင်းမြင်စိတ်ရှိ ၍ ပျော်ရွှင်စွာနေတတ်သူ

၃။ ကလေးငယ်များအား ချစ်တတ် ၍ အဖွဲ.အစည်းဖြင့် ပူးပေါင်းလုပ်ကိုင်လိုသူ

၎။ စနေ သို.မဟုတ် တနင်္ဂနွေ အားသူ

အထက်ပါ အခြေခံ အရည်အချင်းများနှင့် ပြည်.စုံ၍ ပူးပေါင်း လုပ်ကိုင်လိုသူ ကျောင်းသားလူငယ် များအနေဖြင့် အောက် ဖော်ပြပါ အီးမေးလ် သို. (CV with Cover

Letter) ပေးပို. ၍ Member ၀င်နိုင်ပါသည် ။

E mail : clowndoctor.myanmar@gmail.com

* သိလိုသည်များ မေးမြန်းရန်*

09 731 76207/ 09 731 60276/09 51 66 576





* အားလုံး ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည် *

Friday, November 28, 2014

ပင်းတယက မီးအိမ်ရှင်

လူထုကျန်းမာရေးအတွက် နေ့မအား၊ ညမအား အလုပ်လုပ်ပြီး ခရီးလမ်းခက်ခဲကြမ်းတမ်းသည်. တောင်ပေါ်ဒေသကျေးရွာများသို့ အခမဲ့ဆေးလိုက်ကုပေးနေသော ရှားရှားပါးပါး ပြည်သူ့အကျိုးပြု စေတနာရှင်ဆရာဝန်ကြီးများကို များသောအားဖြင့် ဇာတ်လမ်းများထဲတွင်သာ တွေ့ရလေ့ရှိသည်။ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုခဲ့သော ဆရာဝန်များစွာရှိခဲ့သော်လည်း သူတို့၏အကြောင်းမှာ မှတ်တမ်းတင်သူမရှိသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်သွားလေ့ရှိသည်။

ထိုသို့သော ဆရာဝန်များကို တစ်နိုင်ငံလုံးက မသိရှိကြသော်လည်း သူတို့တာဝန်ကျရာဒေသများရှိ ဒေသခံလူထု၏ရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်ကြပါ။

စေတနာရှင်ဖန်မီးအိမ်ဆရာဝန်ကြီးတစ်ဦး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ယနေ့ရောက်ရှိနေပါသည်။ ဆရာဝန်ဆိုသည်မှာ အကောင်ပလောင်တစ်မျိုးလားဟု ထင်မှတ်မေးမြန်းကြရသည့် ဝေးလံခေါင်ဖျားတိုင်းရင်းသားကျေးရွာလေးများသည် ဖန်မီးအိမ်ရှင်ဆရာဝန်ကြီး၏ ပြုစုစောင့်ရှောက်မှုအောက်တွင် နွေးထွေးစွာရှိနေကြပါပြီ။

ဗမာလူမျိုး၊ မြောင်းမြမြို့သား ဆရာဝန်ကြီးဒေါက်တာသန်းမင်းထွဋ်သည် ရောက်လေရာဒေသတွင် လူထုထောက်ခံမှုနှင့် ချစ်ခင်လေးစားမှုတို့ကို အပြည့်အ၀ပိုင်ဆိုင်ထားခဲ့သည်။

ထိုဆရာဝန်ကြီးသည် ဆေးကုသသည့်အလုပ်တစ်ခုတည်းကိုသာ ဆောင်ရွက်သည်မဟုတ်ဘဲ ရောက်လေရာဒေသရှိ ကျေးရွာများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း၊ တိုးတက်ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ပေးခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင် နာမည်ကျော်ကြားလူကြိုက်များလာခဲ့သည်။

သူ လက်ရှိတာဝန်ကျရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်လေးသို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတာဝန်ဖြင့် ရောက်ရှိခဲ့ပြန်သည်။ ၂၀၁၁ ခုနှစ်တွင် ပင်းတယမြို့နယ် ၂၅ ခုတင်ဆံ့ ဆေးရုံလေးသို့ရောက်ရှိခဲ့ရာ ဆေးရုံတစ်ဝန်းလုံးမှာ ပျက်စီးယိုယွင်းနေပြီး များပြားလှသည့် ကြက်ဆူတောကြီးအကြား နစ်မြုပ်နေသည်ကို သူတွေ့ရသည်။

သို့ဖြင့် စိုက်ပျိုးထားသော ကြက်ဆူပင်များအားလုံးကို ပြတ်ပြတ်သားသားခုတ်လှဲပစ်ခဲ့သည်။ ဒေသလူထုမှာ ယခင်ဆေးရုံတာဝန်ကျသူများကို အမြင်မကြည်လင်သဖြင့် နာမကျန်းဖြစ်ပါက ဆေးရုံတက်ရန်ပင် ရွံ့ကြောက်နေကြသည်ကိုတွေ့ရှိရသဖြင့် ဆရာဝန်ကြီးမှာ ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ရတော့သည်။

သူသည် ဆေးရုံမှ လက်အောက်ဝန်ထမ်းဆရာဝန်နှင့် သူနာပြုများကို စီမံခန့်ခွဲမှုသင်တန်း ဦးစွာသင်ကြားပေးသည်။ လူနာများနှင့်ဆက်ဆံရာတွင် ယခင်နှင့်မတူပြောင်းလဲစေရန် ညွှန်ကြားသွန်သင်ပေးသည်။ ခံယူချက်များ ပြောင်းလဲလာစေရန် စိတ်ဓာတ်ပိုင်းကို အဓိကပြုပြင်ပေးခဲ့သည်။

ထို့နောက် ဆေးရုံအတွက်ရရှိသည့် ဆေးဝါးများကို သုံးစွဲကာတစ်လလျှင် ရွာသုံးရွာသို့ ကိုယ်တိုင်ဆင်း၍ အခမဲ့ဆေးကုသပေးတော့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းငါးထောင်နှင့်အထက်မြင့်မားသည့် ဝေးလံခေါင်ဖျား တောင်ပေါ်ကျေးရွာများသို့ လှေဖြင့်တစ်ဖုံ၊ လှည်းဖြင့်တစ်မျိုး၊ ထော်လာဂျီဖြင့်တစ်သွယ်၊ လမ်းလျှောက်၍တစ်မူ အပင်ပန်းခံသွားရောက်ခဲ့သည်။

တောင်ပေါ်ကျေးရွာတိုင်းရင်းသားတို့သည် သူရောက်ရှိလာမှသာ ဆရာဝန်ဟူသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ဖူးကြတော့သည်။ ချင်းရွာတစ်ရွာမှ အဘိုးကြီးတစ်ယောက်က သူနာပြုဆရာမလေးအနားကပ်ခါ ‘‘ဆရာဝန်ဆိုတဲ့အကောင် ငါတွေ့ဖူးချင်တယ်။ ငါ့ကိုပြ။ ဒါပေမဲ့ ငါတံခါးကြားထဲကပဲ ချောင်းကြည့်မယ်နော’’ဟု ပြောခံရဖူးသည်။

ယခင်က နတ်ဆရာများ၊ ရမ်းကုများဖြင့် ကုသလာခဲ့ကြသည့် လူနာများသည် ဒေါက်တာသန်းမင်းထွဋ်အပေါ် တဖြည်းဖြည်းယုံကြည်ကိုးစားလာကြသည်။ သူသည် လူနာများနှင့် ဆုံတွေ့ရာတွင် အစဉ်ပြုံးရွင်နေသည့် မျက်လုံးနှင့် နှုတ်ခမ်းများ၊ ချိုသာသိမ်မွေ့သည့် ပြောစကားများ၊ လူနာအပေါ် သားသမီးသဖွယ် နွေးထွေးကြင်နာစွာယုယစောင့်ရှောက်မှုများ၊ ဒေသခံများနှင့် တစ်သားတည်း သွားလာစားသောက်အိပ်စက်မှုများကြောင့် ‘ဆရာဝန်ကြီး’ ဟူသည့်နာမကို လူထုကနှုတ်ဖျားကမချတော့။

ယခင်က ဒေသခံလူထု၏ နတ်ဆရာများ၊ ရမ်းကုများ၊ အရပ်လက်သည်များဖြင့်သာ ဆေးကုသလေ့ရှိကြသည့်အစဉ်အလာကို လမ်းမှန်ရောက်အောင်လည်း ပြုလုပ်ပေးခဲ့သည်။

‘‘ကိုယ်က မလုပ်နဲ့လို့တားလို့မရဘူး။ ကိုယ်ပြန်သွားရင် ဆက်လုပ်ကြမှာပဲ’’ဟု ဒေါက်တာသန်းမင်းထွဋ်ကပြောသည်။ ထို့ကြောင့် ဒေသခံရမ်းကုများ၊ အရပ်လက်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာစည်းရုံးပြီး ကိုယ်ပေးချင်သည့် ဆေးပညာနည်းစနစ်များကို မျှဝေသင်ကြားပေးခဲ့ရသည်။

ကျေးရွာများသို့ကွင်းဆင်း၍ အခမဲ့ကုသပေးရသည့်ရည်ရွယ်ချက်မှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များက ဝေးလံသည့် မြို့ပေါ်ဆေးရုံသို့ လာရောက်ရန် အခက်အခဲရှိသောကြောင့် မလိုအပ်ဘဲဆုံးရှုံးနစ်နာမှုများမဖြစ်စေရန် အိမ်တိုင်ရာရောက်သွားရောက်ခြင်းပင်ဖြစ်သည်ဟု ဒေါက်တာသန်းမင်းထွဋ်ကဆိုသည်

ပင်းတယမြို့နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေအသုံးစရိတ်များစွာ ချထားပေးမှုကြောင့် သူ့အတွက်အဆင်ပြေခဲ့သည်။ ဆေးရုံတွင် ၀န်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆေးရုံအဆောင်သစ်များတိုးချဲ့ခြင်း၊ လူနာစောင့်များ သက်သောင့်သက်သာနားနေနိုင်ရန် အဆောင်တစ်ခု သီးသန့်ဆောက်လုပ်ပေးခြင်း၊ ရေစင်နှင့် အ၀ီစိတွင်းဆောက်လုပ်တူးဖော်ခြင်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နိုင်ခဲ့ရာ ယခုအခါ ပင်းတယဆေးရုံလေးမှာ သန့်ရှင်းသပ်ရပ်သော အဆင့်မီဆေးရုံလေးတစ်ရုံအဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။

ဆေးရုံတွင်ထားရှိသည့် ခေတ်မီစက်ကိရိယာများကိုလည်း ဒေါက်တာသန်းမင်းထွဋ်အကြောင်း သိရှိသူများက စေတနာအပြည့်အ၀ဖြင့် လာရောက်လှူဒါန်းကြသဖြင့် ပြည့်စုံလျက်ရှိသည်။ ထို့ကြောင့် ဒေသခံလူထုက သူ့အပေါ် ပြန်လည်စေတနာထားခဲ့ကြသည်။ ရေရှားပါးသည့် တောင်ပေါ်ထွတ်နီကျေးရွာလေးကို ရေရရှိအောင် ဆောင်ရွက်ပေးလိုက်သဖြင့် ရွာသူရွာသားများက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပင်း တယဆေးရုံရှေ့တွင် ရေနုတ် မြောင်းတူးဖော်သည့်လုပ်ငန်းကို ရွာလုံးကျွတ်လာရောက်လုပ်ကိုင် ပေးခဲ့ကြသည်။

ထို့ကြောင့် သူတာဝန်ကျရာဒေသရှိ လူထုက တာဝန်ကုန်ဆုံးချိန်တွင် နောက်တစ်မြို့သို့ ထပ်မံပြောင်းရွှေ့သွားရမည်ကို မလိုလားကြပါ။ သူတို့မကြုံဖူးသည့် ထင်မှတ်မထားသည့် ဆရာဝန်ကြီးမျိုးကို လက်လွတ်ဆုံးရှုံးကြရမည်ကို ကြောက်ရွံ့ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်နေစဉ် ၂၀၁၃ ခုနှစ်တွင် ဒေါက်တာသန်းမင်းထွဋ်တစ်ယောက် ရာထူးတိုးမြှင့်ခံရပြီး ပြောင်းရွှေ့မိန့်တစ်ခုထွက်လာခဲ့ပြန်သည်။ လက်ထောက်ညွှန်ကြားရေးမှူး (ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ်ကြီး)အဖြစ် ပြောင်းရွှေ့ရမည့်သတင်းကို ဒေသလူထုကကြားသိပြီး ညတွင်းချင်းပင် ဒေသခံသုံးထောင်ကျော်က လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်လိုက်ကြသည်။ ပင်းတယမြို့နယ် သံဃမဟာနာယကဆရာတော်ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၀ါဆိုသင်္ကန်းကပ်လှူရန် လာရောက်သည့်အခါတွင်လည်း ၀န်ကြီးချုပ်က လိုအပ်ချက်များကိုမေးမြန်းရာ ဆရာတော်က ‘‘တို့ဆရာဝန်ကြီးကိုပဲ တို့လိုအပ်တယ်။ ကျန်တာဘာမှမလိုဘူး’’ဟု မိန့်ကြားလိုက်သည်။

ဒေါက်တာသန်းမင်းထွဋ်နှင့် အတူလက်တွဲကာ သွေးလှူဒါန်းခြင်း၊ ရေလှူဒါန်းခြင်းလုပ်ငန်းများ လုပ်ကိုင်နေသည့် ပင်းတယမြို့ရှိ စေတနာမွန်ပရဟိတအဖွဲ့မှ ဒေါ်မာလာစိုးကလည်း ‘‘ပင်းတယမြို့အတွက် ဆရာကြီး မရှိမဖြစ်လိုအပ်ပါတယ်။ ဒီမြို့မှာ ဆရာကြီး လေးငါးနှစ်လောက် ဆက်နေလို့ရအောင် မြို့ခံလူထုအနေနဲ့ တောင်းဆိုပါတယ်ရှင်။ အခုဘယ်နေရာပဲသွားသွား ဆရာကြီး၊ ဆရာကြီးနဲ့ လေးစားကြပါတယ်။ ဆရာကြီးက ကျန်းမာရေးကဏ္ဍအပြင် လူမှုရေးလုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြပေးနေတဲ့အတွက် တအားအားကိုးရပါတယ်’’ဟုပြောသည်။

ဒေါက်တာသန်းမင်းထွဋ်သည် ပဲခူးတိုင်း ပေါက်ခေါင်းပြည်သူ့ဆေးရုံတွင် တာဝန်ကျစဉ်ကလည်း ၎င်း၏စွမ်းဆောင်မှုများကြောင့် ဒေသခံပြည်သူများ၊ သံဃာနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ပြောင်းရွှေ့မိန့်နောက်ရွှေ့ကာ ၂ နှစ်အစား ၆ နှစ်အထိ ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။

ယခုပင်းတယတွင် ရှိနေစဉ် သူသည် ၂ နှစ်တာကာလအတွင်း တစ်လလျှင် အနည်းဆုံးရွာနှစ်ရွာကို အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ရာ ယခုအခါပင်းတယရှိ ရွာပေါင်း ၅၇ ရွာတွင် လူနာရှစ်ထောင့်ငါးရားကျော်အား ဆေးကုသပေးနိုင်ခဲ့သည်။ ထိုသို့ အခမဲ့ကုသနိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးတန်ဖိုး နှစ်ဆယ့်ရှစ်သိန်းခန့်ကို စေတနာရှင်ပြည်သူများက ၀ိုင်းဝန်းထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။

ဆေးရုံအတွက် အဆောက်အအုံသစ် ကိုးလုံးတည်ဆောက်ပေးခဲ့ပြီး လူနာခုတင်များကို စတီးလ်ခုတင်အလုံးငါးဆယ်ဖြင့် အစားထိုးပေးခဲ့ရုံသာမက ခုတင်ပေါ်တွင် ဆိုဖာအိပ်ရာခင်းများကိုပင် ခင်းကျင်းပေးခဲ့သည်။

သူသည် ထိုမျှနှင့်အားမရဘဲ တကယ့်အောက်ခြေလူနာများနှင့် ထိတွေ့မည့် သူနာပြုဆရာမလေးများကို မွေးထုတ်ခဲ့သည်။ ကျေးရွာပေါင်း ၁၃၈ ရွာမှ မိန်းကလေးငယ် ၈၁ ဦးကို ခေါ်ယူကာ အရန်သားဖွားသင်တန်းဖွင့်လှစ်ပေးခဲ့သည်။ ထိုအရန်သားဖွားဆရာမလေးများကို အရန်သားဖွားနည်းပညာသာမကဘဲ စေတနာ့ဝန်ထမ်းတီဘီသင်တန်း၊ ငှက်ဖျားသင်တန်း၊ HIV သင်တန်း၊ သားဆက်ခြားစနစ်များ၊ ရှေးဦးသူနာပြုနည်းပြအဆင့်ထိ သင်တန်းများအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းများကိုပါ ကာလရှည်ကြာ သင်ကြားပေးလိုက်သည်။

‘‘လူနာက သူတို့နဲ့ အရင်ဆုံးတွေ့ရမှာလေ။ သူတို့ပြုစုနိုင်မှ အသက်ရှင်မယ်။ မကျွမ်းကျင်ဘဲ ပြန်မလွှတ်ချင်ဘူး။ ရမ်းကုစာရင်းထဲ ၀င်သွားလိမ့်မယ်။ ဘာသာရပ်အားလုံးကို တကယ်ကျွမ်းကျင်မှ ပြန်လွှတ်တယ်’’ဟု သူကရှင်းပြသည်။

ပင်းတယမြို့နယ် ဆေးရုံလေးသို့ နှစ်ပတ်ကြာ လာရောက်လေ့လာသင်ကြားသည့် ဆေးကျောင်းသားငယ်လေးများအား ဒေါက်တာသန်းမင်းထွဋ်က လာဘ်ပေး၊ လာဘ်ယူ ဆရာဝန်ကြီးများအကြောင်း၊ စေတနာရှင်ဆရာဝန်ကြီးများအကြောင်း မျှဝေဟောပြောပြီး ခံယူချက်ပြောင်းလဲစေရန် တိုက်တွန်းပို့ချနေဆဲဖြစ်သည်။

ဟောပြောပို့ချမှုအဆုံးတွင် ဒေါက်တာသန်းမင်းထွဋ်က ‘‘ဆရာဝန်တွေရဲ့ဘ၀ကို ကိုယ်ချင်းစာနားလည်ပြီး စေတနာရှင်ဆရာဝန်တစ်ဦးအဖြစ် ပါဝင်ကပြတဲ့သူတွေ ဖြစ်လာစေဖို့ ဆရာမျှော်လင့်ပါတယ်’’ဟု သွန်သင်နိဂုံးချုပ်လေ့ရှိသည်။

လက်အောက်ငယ်သား သူနာပြုဆရာမများကိုလည်း ဒေါက်တာသန်းမင်းထွဋ်က ‘‘လူနာတွေက ဆေးရုံကို အပူနဲ့လာကြတာ။ ပျော်လို့လာတာမဟုတ်ဘူး။ ဒီနိုင်ငံကလူနာတွေက ကိုယ့်အပူအပြင် ပိုက်ဆံမရှိတဲ့အပူ၊ ဆရာဝန် သူနာပြုတွေ ဟိန်းဟောက်တာခံရတဲ့အပူတွေ ထပ်ခံစားကြရတယ်။ ဒါကြောင့် လူနာတွေကို ကိုယ့်ကြောင့် မျက်ရည်မကျစေရဘူး။ သူတို့ကျမယ့်မျက်ရည်ကို ကိုယ်ကသုတ်ပေးရမယ့်တာဝန်ရှိတယ်’’ဟု သွန်သင်ဆုံးမလေ့ရှိသည်။

ထို့အတွက် ပင်းတယဆေးရုံရှိ လူနာနှင့် ဆရာဝန်၊ သူနာပြုတို့အကြားတွင် နွေးထွေးသည့်မေတ္တာနှင့် အပြန်အလှန်စေတနာထား လေးစားမှုများ ပျံ့နှံလျက်ရှိသည်။ လက်ထောက်ဆရာဝန်နှင့် သူနာပြုဆရာမတို့အားလုံးသည် လူနာအပေါ်ပြုံးရွှင်စွာ ကိုယ့်မိသားစုသဖွယ် ပြုစုစောင့်ရှောက်ကြ၍ စိတ်ချမ်းသာရသည်ဟု လူနာများကပြောကြသည်။

ပိုက်ဆံမတတ်နိုင်၍ ဆေးရုံတက်ရောက်ကုသရန် မ၀ံ့မရဲဖြစ်နေသူများကိုလည်း ပင်းတယဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက မိမိငွေကြေးဖြင့် နေ့စဉ်ထမင်းကျွေးကာ ခေါ်ယူတက်ရောက်စေခဲ့သည်များလည်းရှိပါသည်။

‘‘ကျွန်မအပြင်ဆေးခန်းတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်အလုပ်လုပ်ရပြီး ပညာလည်းသင်ပေးတဲ့ ဆရာဝန်ကြီးနဲ့ မကြုံဖူးသေးဘူး။ ဒီဆရာကြီးလက်ထက်မှာ ကျွန်မတို့အကုန်လုပ်လို့ရတယ်။ ခွဲခန်းဝင်တယ်ဆိုရင်လည်း ကိုယ်မှားခဲ့သည်ရှိဦး။ နင်မှားနေတယ်လို့ မဆဲဘူး။ ဒါလေးကတော့ ဘာဆိုပြီး သေချာသင်ပေးတယ်။ ကိုယ့်အတွက်လည်း အသိပညာတွေ အများကြီးတိုးတယ်။ နယ်ကဆရာမတွေ တစ်လတစ်ခါလာရင်လည်း သိသင့်သိထိုက်တာတွေကို သူထမင်းမစားရရင်နေပါစေ၊ အကုန်သင်ပေးတယ်။ သူစိတ်ဆိုးကြောင်း ဘယ်တော့မှမပြဘူး။ လူနာတွေအပေါ် မျက်နှာထားချိုချိုနဲ့ သူဆက်ဆံပြနိုင်တယ်’’ဟု ပင်းတယဆေးရုံရှိ အနီဝတ်သူနာပြုဆရာမတစ်ဦးကပြောပြသည်။

ဒေသခံ အပြာဝတ်သူနာပြုဆရာမတစ်ဦးကလည်း ‘‘တအားအဆင်ပြေတယ်။ ဆရာကြီးကြောင့် ကျွန်မတို့ မျက်နှာပန်းလှတယ်။ ဘယ်လောက်ပင်ပန်းပေမယ့် သူနဲ့ အလုပ်လုပ်ရတာ ပျော်တယ်။ သူတောင် ဒီနယ်သားမဟုတ်ဘဲလုပ်ပေးရင် ကျွန်မတို့လည်း လုပ်ပေးနိုင်ရမှာပေါ့နော်’’ဟု ပြောလာသည်။

ဒေါက်တာသန်းမင်းထွဋ်သည် စေတနာရှင်ဆရာဝန်ကြီး ဒေါက်တာစောဝါးထူး၊ ဆရာကြီးနာဂသိန်းလှိုင်၊ ဒေါက်တာအဲလ်ဘတ်ရွိုင်ဇာ၊ ဒေါက်တာနော်မန်ဘတ်သွန်းတို့ကို လေးစားအားကျခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ အကြီးမားဆုံးဝါသနာမှာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဒေသခံများ တွေ့မြင်ဖူးသည့် ဆရာဝန်ကြီးများနှင့်မတူ အောက်ခြေအထိဆင်းကာ နေရာဒေသမရွေး လူတန်းစားမရွေး ကယ်ဆယ်စောင့်ရှောက်ပေးမှုတို့ကြောင့် လူထုက ပြန်လည်လေးစားချစ်ခင်ခဲ့ကြခြင်းပင်။

‘‘နေပြည်တော် အစည်းအဝေးတစ်ခုသွားတက်တဲ့နေ့က ဓနုအဖိုးကြီးတစ်ယောက်ကို နှုတ်ဆက်တော့ နေပြည်တော်သွားမလို့ အဘလို့ ပြောလိုက်တဲ့အခါ အဘိုးကြီးက အိတ်ထဲက ငွေတစ်ထောင်ထုတ်ပေးတယ်။ ဆရာ လမ်းစရိတ်ယူသွားပါတဲ့။ မယူမနေရ အတင်းပေးတယ်။ သိပ်ရိုးသားတဲ့ တိုင်းရင်းသားတွေပါ။ သူတို့ကို ကျန်းမာရေးအသိအမြင် တိုးတက်လာအောင်လုပ်ပေးဖို့ အရမ်းလိုအပ်နေတယ်’’ဟု သူက ဖြစ်ရပ်တစ်ခုကို ပြန်ပြောသည်။

ဒေါက်တာသန်းမင်းထွဋ် ပေါက်ခေါင်းမြို့မှ ပင်းတယမြို့သို့ ရောက်မလာမီ ခုနစ်ရက်အလိုတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပင်းတယသို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က ၀န်ကြီးတွေ့ရှိခဲ့သည်မှာ လူနာငါးဦးသာရှိခဲ့ပြီး ယခုတစ်ကြိမ်ရောက်ရှိလာသည့်အခါ ဒေါက်တာသန်းမင်းထွဋ် လက်ထက်တွင် လူနာ ၆၁ ဦး တက်ရောက်ကုသခံယူနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးက ပင်းတယဆေးရုံကို ၂၅ ခုတင်အဆင့်မှ ခုတင် ၅၀ အဆင့်သို့
တိုးမြှင့်ပေးလိုက်ရုံသာမက ‘‘ခုတင် ၁၀၀ ဆေးရုံအဆင့်အတွက် ပြင်ဆင်ထားတော့’’ဟု ဒေါက်တာသန်းမင်းထွဋ်အား မှာကြားသွားခဲ့သည်။

‘‘ဒီနယ်မြေအတွင်းမှာ လုပ်စရာအများကြီးကျန်သေးတယ်’’ဟု အသက်လေးဆယ်အရွယ် ဒေါက်တာသန်းမင်းထွဋ်ကပြောပါသည်။ သူသည် တာဝန်ကျနယ်မြေများတွင် လူတန်းစားမရွေး စေတနာအပြည့်အ၀ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေပါလိမ့်ဦးမည်။ သူရောက်ရှိရာဒေသများမှ ဒေသခံပြည်သူလူထုကလည်း တစ်ဦးမေတ္တာ၊ တစ်ဦးမှာဆိုသကဲ့သို့ သူ့အပေါ် အပြန်အလှန်လေးစားချစ်ခင်မှုဖြင့် လိုအပ်သမျှ ကူညီနေကြပါလိမ့်ဦးမည်။



ပင်းတယတွင် ဒေါက်တာသန်းမင်းထွဋ်ကို

နာမည်ကျော်ကြားသွားစေသည့် အချက်တစ်ခုရှိ သည်။ ထိုအချက်မှာ ယခင်က မည်သူမှ
ပင်းတယတွင်အ၀ီဇိတွင်းတူးဖော်၍မရ ဟူသည့်ယုံကြည်ချက်ကို ချိုးဖောက်လိုက်
ခြင်းဖြစ်သည်။
ပင်းတယမြို့နယ်သည် ရေအခက်အခဲများစွာရှိခဲ့သည်။ အ၀ီဇိတွင်း
တူးဖော်သူများက မြေသားအောက်တွင် ထု ထည်င်္ကြီးမားစွာတည်ရှိနေသည့်
ကျောက်ဖျာကြီးကို ကျော်လွန်အောင် မတူးဖော်နိုင်ခဲ့ကြချေ။
ပင်းတယတွင်အ၀ီဇိတွင်း တူးဖော်၍မရဟု အစဉ်အဆက်က ယုံကြည်ထားခဲ့သည်။
ဒေါက်တာသန်းမင်းထွဋ်သည် ဆေးရုံခြံဝင်းအတွင်းရှိ သူနေထိုင် ရာ
နေအိမ်လေးရှေ့တွင် အ၀ီဇိတွင်း တူးဖော်ခြင်းကို စတင်ဆောင်ရွက်ခဲ့ရာ
ဒေသလူထုက မဖြစ်နိုင်ကြောင်းတားမြစ်ခဲ့ကြ သည်။
သို့သော် သူကလက်မလျှော့။ သူ့ကို ကူညီပေးမည့်အ၀ီဇိတွင်းတူးသမားများကို
တခြားမြို့နယ်များမှ လိုက်လံရှာ ဖွေကာ ယုံကြည်ချက်ခိုင်ခိုင်မာမာဖြင့်
ဆောင်ရွက်ခဲ့သည်။ တကယ်တမ်းမှာလည်း အခက်အခဲများစွာရှိခဲ့ပါသည်။ ထိုအ၀ီဇိ
တွင်းတူးဖော်ခြင်းလုပ်ငန်းမှာ နှစ်လကျော်တိုင်ကြာမြင့်ခဲ့သည်။
ကျောက်ဖျာကြီးကြောင့် တစ်နေ့လျှင် သုံးပေခန့်သာ တူး ဖော်နိုင်ခဲ့ရာ
ပေနှစ်ရာကျော်အနက်ရောက်ချိန်တွင် ရေကြောကြီးကိုတွေ့ရှိပြီး
မြို့ခံလူထုအတွက် မယုံကြည်နိုင်ဖွယ် ရေ စတင်ထွက်ရှိခဲ့သည်။
““ရေစထွက်တဲ့နေ့နဲ့ အချိန်က ကျွန်တော့်အမေ
ကွယ်လွန်တဲ့တစ်နှစ်ပြည့်တိတိရက်မှာပါ။ ရေထွက် တဲ့အချိန်က အမေကွယ်လွန်တဲ့
အချိန် ညနေ ခြောက်နာရီတိတိပါ””ဟု ဒေါက်တာသန်းမင်းထွဋ်က မှတ်မှတ်ရရ
ပြန်ပြောပြ သည်။
ထိုအောင်မြင်မှုအကျိုးဆက်အနေနှင့် ယခင်က ရေမထွက်ဟု ဆိုခဲ့ကြသည့်
အ၀ီဇိတွင်းတူးသမားများ ပင်းတယ သို့ပြန်လည်ရောက်ရှိလာကာ
ကြိုးစားတူးဖော်ကြသဖြင့် ယခုအခါ ပင်းတယတွင် အ၀ီဇိတွင်း
ဆယ်ခုခန့်ရှိလာခဲ့ပြီး ရေရှား ပါးမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။


ပေါက်ခေါင်းမြို့နယ်တွင် နှစ်နှစ်ကာလပြည့်မြောက်သည့်အခါ
ပြောင်းရွှေ့မိန့်ထွက်ပေါ်ခဲ့သည်။ ထိုအခါ မြို့ခံလူထု က
ဒေါက်တာသန်းမင်းထွဋ်ကို မြို့မှ ထွက်မသွားစေခဲ့ပါ။ ထို့အတွက်
ပေါက်ခေါင်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့မှ စ၍
ဆိုက်ကားဆရာများအသင်းအဖွဲ့အထိ အဖွဲ့အစည်းပေါင်း ၂၂ ခုက
လက်မှတ်ရေးထိုးလျှက် ဆရာဝန်ကြီးကို ပေါက်ခေါင်းသို့ ပြန်ပေးရန်
တောင်းဆိုခဲ့ကြသည်။ အထက်ကလည်း လူထုဆန္ဒကိုလိုက်လျောလျှက်
ဒေါက်တာသန်းမင်းထွဋ်ကို ပေါက် ခေါင်းမြို့အတွက် ပြန်ပေးခဲ့သည်။
နောက်ထပ် နှစ်ကြိမ်တိုင် ပြောင်းရွှေ့မိန့်ထွက်လာခဲ့ရာတွင်လည်း
ပေါက်ခေါင်းလူထုက အထက်ပါအတိုင်းပင် ပြန် လည်တောင်းဆိုခဲ့ကြပြန်သည်။
သို့ဖြင့် ဆရာဝန်ကြီးသည် ပေါက်ခေါင်းမြို့နယ်တွင် ခြောက်နှစ်ကြာ
ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးခဲ့ရသည်။ သူတည်ထောင်ပေးခဲ့သည့်
နာရေးကူညီမှုအသင်းလေးမှာလည်း ပစ္စည်းပစ္စယပြည့်စုံစွာ ဖြင့်
ယခုတိုင်ကူညီပေးလျှက်ရှိနေပြီး ဒေါက်တာသန်းမင်းထွဋ်ကို နာယကနေရာမှာပင်
တလေးတစားထားရှိဆဲဖြစ်သည်။



  ‘‘သူ့အဆင်းသည် ၊ နေမင်းပမာသော်တာအလား၊ မ၀ံ့ငြားလည်း သူ့အား သူ့မာန်၊ သူပိုင်ဟန်ဖြင့် သူသန်ရာမှ၊ ဤလောကကို အလှဆင်လိုဟန်တကား’’
(တင်မိုး-ဖန်မီးအိမ်ကဗျာမှ)


ယခုအခါ ရှမ်းပြည်နယ်တောင်ပေါ် ဒေသအချို့တွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ ပြည်သူ့အကျိုးပြု စေတနာဆရာဝန်ကြီးများ ပေါ်ပေါက်လာနေပါပြီ။ မြန်မာနိုင်ငံတွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ လူငယ်ဆရာဝန်များစွာ ပေါ်ထွန်းလာရန် များစွာလိုအပ်နေပါသည်။ ပညာရေးနှင့် ကျန်းမာရေး အဓိကလိုအပ်နေသည့် မြန်မာနိုင်ငံသည် စေတနာရှင်ဆရာဝန်များကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိပါသည်။ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများက သူတို့ချစ်သော ပြည်သူ့ဆရာဝန်များကို ရင်ထဲတွင် တစ်သက်စာမှတ်တမ်းရေးထိုး၍ သားစဉ်မြေးဆက်ပြန်ပြောကာ ကမ္ပည်းတင်နေကြလိမ့်ဦးမည်သာ




REF : ဆေးလောက

Thursday, November 27, 2014

သင် အားငယ်တတ်ပါသလား

ကျွန်တော် ကတော့ အားငယ်တတ်ပါတယ်၊ လူမှုပတ်ဝန်း ကျင် တစ်နေ.တစ်ခြား တိုး တတ်လာတာနဲ. အမျှ  လိုအပ်မှု တွေ ၊လိုချင် တာတွေ ၊ လုပ်ချင်တာတွေ စတဲ. ချင်တွေ ပေါ လာပါတယ် ၊ လိုချင်တာတွေ မရ ရင် အားငယ်စိတ်တွေ ၀င် လာပါတယ် ၊ အဲ့ ဒီ အားငယ်စိတ်ဟာငယ်စဉ် ကလေးဘ၀ထဲ က စိတ်ထဲ မှာ ကိန်းအောင်းဝင်ရောက်နေတာ ပါ ၊ ငယ်ဘ၀က လိုချင်တာ မရလို. ငိုတာ၊ ဖြစ်ချင်တာ မဖြစ်ရလို. ငိုတာ စတာတွေ က အားငယ်စိတ် ရဲ့ အခြေ ခံတွေ ပါ ပဲ ငယ်စဉ် ဘ၀ထဲ က အားငယ် မှုတွေ အလိုမကျ မှု တွေ နဲ. ကြီး ပြင်း ရမယ်ဆို ရင် ဘ၀ ဆိုတာ ဘယ်လို အဓိပ္ပာယ် ဖွင့် ကြမလဲ ။

ဘ၀ ကို ကလေးဘ၀ ၊လူကြီး ဘ၀ ဆိုပြီး နှစ်ပိုင်း ခွဲ ကြည်.ရအောင် ကလေး ဘ၀ မှာတော့ ကိုယ်ဖြစ်ချင်တာတွေ ကို မိဘ အသိုင်းအ၀န်း ပတ်ဝန်း ကျင် က ဖြည်. ဆည်းပေးရပါ တယ် ၊ ကလေး လေး တွေ စိတ်အားမငယ် ဖို. စိတ်ဓာတ် မကျဖို. ကျွန်တော် တို. အတတ်နိုင်ဆုံး ဖန်တီးပေး နိုင်ပါတယ် ၊ လမ်း မှာ တွေ.တဲ့ ကလေး တစ်ယောက် ကို ချောကလက် ပေးဖူးပါသလား .... ပေးကြည်.လိုက်ပါ သူ. အပြုံး လေးရဲ.အောက် မှာ သင်လည်း ပျော်ရပါလိမ့် မယ် ။ အနည်း ဆုံး ဘာ မှ မပေးနိုင်တာ တောင် မှ သူ.ကို ပြုံး ပြလိုက်ပါ ..ကောင်းမွန်စွာ ဆက်ဆံ ခံရတဲ့ ပတ်ဝန်းကျင် မှာ ကြီး ပြင်းလာတဲ့ ကလေး တွေ က အကောင်းမြင်စိတ်တွေ သူတစ်ပါးကိုကူညီ လိုစိတ်တွေ ရျိပါတယ် ။

ကျွန်တော်တို. လူ.ဘောင်အဖွဲ.အစည်း ရဲ. အနာဂတ် က ကလေးငယ် လေးတွေရဲ. လက်ထဲ မှာ ရှိနေပါ တယ် ။ အနာဂတ်ရဲ. ခေါင်းဆောင်လေး တွေ ကို အားငယ် တတ်တဲ. စိတ်တွေ အမွေ မပေး ချင် ပါဘူး ...ဒါကြောင့် ကျွန်တော်တို. ဘာတွေ လုပ် ကြမလဲ ?

ထက်ပိုင် (MCD)

မွေးကင်းစကလေးတွေ ငိုနေပါသလား....

မွေးကင်းစကလေးတွေ ငိုတာကိုတော့ မိဘတိုင်းရှောင်လွဲလို့ ရမှာမဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင် ညသန်းခေါင် ကျော်ကြီးမှာ ထငိုတာတို့၊ မအိပ်ဘဲ ငိုပဲငိုနေတာတို့တောင် ရှိပါတယ်။ ကလေးဟာ ဘာကြောင့်ငိုရတာလဲနဲ့ မိဘတွေ ဘာလုပ်ပေးလိုက်ရင် အငိုရပ်ပြီး ကျေနပ်သွားမလဲဆိုတာ သိစေဖို့ ကလေးအများစု ငိုရတဲ့အကြောင်းရင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။


၁။ ဗိုက်ဆာလို့ မွေးကင်းစ ကလေးအများစုဟာ နာရီအနည်းငယ်ခြားခြားပြီး ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ ချက်ချင်း နို့မစို့ရရင် ဒေါသထွက်ကာ ငိုကြွေးတတ်ပါတယ်။ ဒါကိုမိခင်က သိနားလည်ကာ ကလေးကို နို့တိုက်ကျွေး ပေးသင့်ပါတယ်။

၂။ လေတက်ချင်လို့ နို့စို့နေချိန်နဲ့ နို့စို့ပြီးတဲ့အခါ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးပါ။ လေထတာနဲ့ အစာမကြေတာတွေကြောင့် ကလေးအများစုဟာ ငိုကြွေးတတ်ပါတယ်။

၃။ နေရခက်လို့ သေးစိုဘောင်းဘီ၊ သေးစိုအနှီးတွေက ကလေးကိုနေရခက်စေပြီး ငိုကြွေးစေပါတယ်။ ကလေးဟာ သေးစိုနေလို့ ငိုသလား ဆန်းစစ်ပြီး ခြောက်သွေ့ သန့်ရှင်းအောင် လဲလှယ်ပေးပါ။

၎။ ပင်ပန်းလို့ ပင်ပန်းနေတဲ့ ကလေးတွေဟာ ဂျီကျပြီး ငိုကြွေးတတ်ပါတယ်။ ဒါကြောင့်သင့်ကလေးကို လုံလုံလောက်လောက် အိပ်စက် အနားယူပါစေ။ မွေးကင်းစ ကလေးတွေအတွက် နေ့စဉ် အိပ်စက်အနားယူချိန်ဟာ ၁၆ နာရီနဲ့အထက် ရှိရပါမယ်။

၅။ ထွေးပွေ့ထားစေချင်လို့ ကလေးအများစုဟာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးဦးက ထွေးပွေ့ထားတာကို လုံခြုံစိတ်ချမ်းသာမှု ရှိတတ်ကြ ပါတယ်။ တစ်ခါတစ်ရံစောင် လွတ်နေတဲ့အခါ ငိုကြွေးတတ်ပါတယ်

။ ၆။ လှုပ်ရှားချင်လို့ အိမ်ထဲမှာ ကလေးကိုပွေ့ရင်း လမ်းလျှောက်တာ၊ ပုခက်ကိုလွှဲပေးတာမျိုးက ငိုနေတဲ့ကလေးကို တိတ်သွားစေပါတယ်။

၇။ အထီးကျန်လို့ ကလေးငယ်ဟာ သူ့ကို ပစ်ထားတယ်ထင်ရင် ဝမ်းနည်းငိုကြွေး တတ်ပါတယ်။ သင့်ကိုမြင်နေရတာ၊ သင့်အသံကို ကြားနေရတာ၊ သင့်အသားအရေနဲ့ ထိတွေ့နေရတာတွေဟာ သင့်ကလေးကို အားရှိစေပါတယ်။ သင့်ကလေး ငိုတဲ့အခါ ကလေးကို ညင်ညင်သာသာ နှိပ်နယ်ပေးတာ၊ ကျောကို ဖွဖွလေးပုတ်ပြီး နှစ်သိမ့်ပေးတာမျိုး လုပ်ပေးပါ။

၈။ ပူလို့ ပူလွန်း၊ အေးလွန်းတဲ့အခါ ကလေးကို နေရထိုင်ရတာ မသက်မသာဖြစ်စေပြီး ငိုကြွေးစေပါတယ်။ ပူရင် ကလေးရဲ့ အဝတ်အစားကို ချည်သားပွပွလေး လဲလှယ်တာမျိုး၊ ချမ်းရင်အနွေးထည် ထပ်ဝတ်ပေးတာမျိုးလုပ်ပေးပါ။

၉။ ထိတ်လန့်လို့ ကျယ်လောင်တဲ့ ဆူညံသံ၊ ပြင်းထန်တဲ့ ရွေ့လျားမှုနဲ့ ကြောက်လန့်ဖွယ်မြင်ကွင်းတွေဟာ ကလေးကို ထိတ်လန့်တုန်လှုပ် စေပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အဲဒီပတ်ဝန်းကျင်နဲ့ မထိတွေ့မိအောင် ရှောင်ရှားပေးပါ။

၁၀။ ဗိုက်နာလို့ ကလေးဟာ နို့စို့နေရာကနေ ဗိုက်ခဏခဏနာပြီး ငိုကြွေးတတ်ပါတယ်။ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ လိုပါတယ်။ နို့တိုက်ကျွေးစဉ်မှာ မိခင်ဟာ လေထစေတဲ့အစာ၊ ပူစပ်စေတဲ့အစာနဲ့ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကိုရှောင်ဖို့ လိုအပ်ပါတယ်။

Ref: nllamin.com

Wednesday, November 26, 2014

☻ဆေးလိပ်သောက်ခြင်း ကောင်းကျိုးများ☻

ဆေးလိပ်သောက်ခြင်းမှာ ဆိုးကျိုးတွေချည်း ရှိတာမဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ မအံ့သြပါနဲ့ဦး မိတ်ဆွေ။ သေချာဆုံးအောင် ဖတ်ကြည့်ပါ။ သင်လည်း ဆေးလိပ်သောက်သူဆိုရင် ဒီလို အကျိုးတွေ ရှိတာကို သတိထားမိမှာပါ။ ဆေးလိပ်သောက်ခြင်းကြောင့်ရနိုင်တဲ့ အကျိုးတွေကတော့
1. စိတ်ကို တည်ငြိမ်စေပါတယ်။
2.အိမ်ကို သူခိုး မခိုးပါဘူး။
3.ခွေးကိုက် မခံရနိုင်ပါဘူး။
4.သွားမကျိုးပါဘူး။
သေသေချာချာ ရှင်းပြပါရစေ။
 

1.စိတ်ကိုတည်ငြိမ်စေတယ်ဆိုတာက ဆေးလိပ်သောက်လိုက်ပြီးတဲ့ အခါမှာ လူ့ရဲ့ ဦးနှောက်ဟာ လေးလံ ထိုင်းမှိုင်းသွားပါတယ်။ အဲဒီလူဟာ ဘယ်အရာကိုမှ တွေးတော ဆင်ခြင်လို့ မရဖြစ်သွားပါလိမ့်မယ်။ ဦးနှောက်ထဲမှာ ဘာအတွေးမှ မရှိတာကို စိတ်ငြိမ်တယ်လို့ ခေါ်ချင်ရင် ဆေးလိပ်သောက်ခြင်းက စိတ်ငြိမ်စေတယ်ဆိုတာကို သင် လက်ခံပြီ ထင်ပါတယ်။
 

2.သူခိုး မခိုးရတဲ့ အကြောင်းကတော့ ဆေးလိပ်သောက်သူ အများစုဟာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးပါတယ်။ နောက်တော့ ချောင်းဆိုးလာမယ်။ နေ့မနား ညမနား ချောင်းဆိုးလာရင် ညဘက် မအိပ်နိုင်တဲ့ အထိဖြစ်လာမယ်။ ဒီလိုဆိုရင် သူခိုးတစ်ယောက်ဟာ တစ်ညလုံးမအိပ်ဘဲ ချောင်းဆိုးနေတဲ့သူ ရှိတဲ့ အိမ်ကို ၀င်မခိုးရဲပါဘူး။ ဒါကြောင့် သူခိုး မခိုးပါဘူးလို့ ဆိုလိုက်တာပါ။
 

3.ဆေးလိပ်ကို အများကြီး နှစ်နဲ့ ချီသောက်ရင် ခြေထောက်တွေလက်တွေမှာ ရှိတဲ့ သွေးကြောလေးတွေ ပိတ်ကုန်နိုင်ပါတယ်။ အဲလိုဆိုရင် ခြေတွေ လက်တွေ ဖြတ်ပစ်ရတတ်ပါတယ်။ ဒီလိုဆိုရင် လမ်းလျှောက်ဖို့ တုတ်ကောက်တစ်ချောင်းရဲ့ အကူအညီကို ယူရပါမယ်။ ခွေးတစ်ကောင်ဟာ တုတ်တောက်နဲ့ လမ်းလျှောက်နေသူကို ရုတ်တရက် ၀င် မကိုက်ဝံ့ပါဘူး။
 

4.သွားမကျိုးဘူး ဆိုတာကတော့ ဆေးလိပ်ကို အလွန်အကျွံသောက်မယ်ဆိုရင် အရွယ်မတိုင်ခင်မှာပဲ ရောဂါဆိုးများစွာနဲ့ ရင်ဆိုင်ရနိုင်ပြီး သေနိုင်တာမို့ သွားမကျိုးခင် သေသွားခဲ့ရင် တစ်ဘ၀လုံး သွားမကျိုးနိုင်တော့ပါဘူး။
ကဲ မိတ်ဆွေ ကျွန်တော်ပြောတဲ့ အကျိုးတွေက တကယ်ရမှာမို့ ဒီအကျိုးတွေကို လိုချင်တယ် ဆိုရင်တော့ ဆေးလိပ်သောက်ကြပါစို့လို့..............


REF : တွေ.ရကြုံ ရဆေးလောက
 

Tuesday, November 25, 2014

Clown Doctor အဖွဲ. လေးကိုလှူ ချင်တယ် ဆိုရင်တော့ ....

1. Clown Accessories
2. အသံထွက်သော အရုပ်လေးများ
3. တီးမှုတ်ကရိယာလေးများ
4. လက်ထိုးရုပ်လေးများ
5. ဆပ်ပြာပူဖောင်းလေးများ 
6. မျက်လှည်.ပစ္စည်း များ ပဲ ဖြစ်ပါတယ် ။
ဒီစာရင်း ကတော့ အခုလေလောဆယ် အသုံးပြုနေသော ပစ္စည်းများ ဖြစ်ပါတယ် ။တစ်ခြား အသုံးဝင်မယ်ထင်တဲ့ ပစ္စည်းတွေလည်း လှူ ဒါန်းနိုင်ပါတယ်... 

ကလေးများ နှင့် သက်ဆိုင် သော ၊ clown doctor တို့ နှင့် သက်ဆိုင် သော ကစားစရာများ ဆက်သွယ် လှူဒါန်းလိုပါက 

 Contact ph: 095166576, 0973160276, 0973176207