Tuesday, February 3, 2015

ကျွန်တော်တို. အဖွဲ.ကိုလာမေးတဲ့ ကလေးကျန်းမာရေးဆိုင်ရာအမေးအဖြေလေးတွေကို ပြန်လည် ပြီး share ပေးလိုက်ပါတယ်…



Q : ဆရာ/ ဆရာမတို့ရေ
သူငယ်ချင်းတစ်ယောက် သိချင်တာလေးကို ကူညီဖြေကြားပေးစေချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်

အမတို့ရှင့်
ညီမမေးစရာလေးရှိလို့ပါညီမကိုပြန်ဖြေပေးကြပါနော်
ညီမခုသားလေးက၁၁လပြည့်တော့မယ်ညီမကိုယ်ဝန်က၂လပြည့်တော့မယ်မထင်မှတ်ဘဲကိုယ်ဝန်ရသွားတာပါခုသားဆရာဝန်ကကလေးကိုနို့ဖြတ်ခိုင်းပါတယ်သားလေးကညီမနို့ရယ်ရေရယ်ကလွဲလို့ကျန်တာမသောက်ပါဘူးကြက်ပြုတ်နို့မှု့န်ovaltineဘာတခုမှမသောက်ပါဘူးအရင်ကလဲစမ်းစမ်းပြီတိုက်ပါတယ်ခုလဲတိုက်ပါတယ်မသောက်ပါဘူးသောက်လဲနှစ်ငုံသုံးငုံအပြင်မသောက်ပါဘူးညီမဘယ်လိုလုပ်ရမလဲရှင်နို့ကိုမဖြတ်လို့မရဘူးလားရှင်မဖြတ်ရင်သားလေးအတွက်ရောဗိုက်ထဲကလေးအတွက်ရောဘာတွေဖြစ်နိုင်ပါလဲရှင်ညီမကိုအကြံဥာဏ်ပေးကြပါဦးရှင်ဖြတ်ရမယ်ဆိုရင်လဲညီမဘယ်လိုလေးတွေလုပ်ပေးရမလဲရှင်ညဘက်နို့မစို့ရင်ဘာလုပ်ပေးရမလဲဖြေပေးကြပါနော်အရမ်းစိတ်ညစ်နေလို့ပါ ကျေးဇူးတင်ပါတယ်နော်

A: Myanmar Clown Doctor ဟုတ်ကဲ့ဖြေရမှာတွေလဲများသလို ပြန်မေးရမှာတွေလဲများပါတယ်
- ပထမကလေးအတွက်အရင်ပြောပါမယ် 6လအရွယ်ကနို့ဖြတ်မယ်ဆိုဖြတ်လို့ရပါပြီ ဖြည့်စွက်စာရောကျွေးနေပြီလား ?ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် နို့တမျိုးတည်းနှင့်မလုံလောက်တော့ပါဘူး ဖြည့်စွက်စာလဲမစားဘဲနို့ဘဲသောက်တယ်ဆိုရင် ကလေးမှာ မမြင်နိုင်တဲ့ အမှားအယွင်းတခုရှိနိုင်ပါတယ် ဥပမာ ကိုယ်ဝန်ဆောင်စဉ် တခုခုဖြစ်ခဲ့သလားဆိုတဲ့ရာဇဝင်ပေါ့ ကလေးဆရာဝန်နဲ့ပြသင့်ပါတယ် မိဘကအလိုလိုက်တာဆိုရင်တော့ မရရအောင်ကျွေးကြည့်ပါနော်
-ဗိုက်ထဲကကလေးအတွက်ပြောပါမယ်
ပုံမှန်ဆိုရင် နို့တိုက်မိခင်ဟာ နို့တိုက်နေလျှင်ကလေးရနိုင်ခြေနည်းပါတယ် နို့မှာပါတဲ့ ဟော်မုန်းတမျိုးကတာဆေးမှာပါတဲ့ဟော်မုန်းနဲ့တူလို့ပါ ဒါကြောင့် ကိုယ်ဝန်ရှိနေလို့နို့ဆက်တိုက်ရသ် တားဆေးစားနေသလိုဖြစ်ပြီ်း ကလေးပျက်ကျနိုင်တာမျိုးဖြစ်နိုင်လို့ပါ ရာခိုင်နှုန်းနည်းပေမယ့် နည်းတဲ့အထဲပါသွားမှာစိုးလို့ပါ ထူးဆန်းတာက အမက နို့တိုက်နေလျက်နဲ့ကိုယ်ဝန်ရတာဖြစ်လို့အမရဲ့နို့မှာအဲဒီဟော်မုန်းနည်းတာလဲဖြစ်နိုင်ပါတယ် ဒါဆိုရင်တော့ ဆက်တိုက်လဲပြသနာမရှိဘူး စိတ်ချချင်ရင်တော့ မတိုက်ဘဲနေလိုက်ပါ
- နောက်တခုက အခုကိုယ်ဝန်ဆိုတာသေချာပြီလားလို့ပါ တခါတလေမှာ ကိုယ်ဝန်မဟုတ်ဘဲအလုံးဖြစ်နေမှာစိုးလို့ပါ အဲဒါကကိုယ်ဝန်နဲ့ပုံစံတူတူပဲ ဆီးစစ်လဲ ကိုယ်ဝန်ရှိသလိုပဲပေါ်တတ်တယ် သူကလူမဖြစ်ဘဲ အလုံးဖြစ်သွားတာပေါ့ သေချာအောင်လုပ်စေချင်ပါတယ်
ထပ်သိချင်တာ မသေချာတာရှိရင် ခပ်မေးလိုက်ပါနော် Good Luck

=====================================================
Q: တစ်ခုလောက် မေးချင်လို့ မေးခွင့်ပြုပါရှင့် ..
ကလေးတွေကို ကာကွယ်ဆေးထိုးရင် မိခင်နှင့်ကလေးက ဆရာမတွေက Biogesic တိုက်ခိုင်းပါတယ်ရှင့် ..
အဲ့လိုတိုက်ခြင်းအားဖြင့် ကလေးကို ထိုးထားတဲ့ ကာကွယ်ဆေးပေါ်ကို ထိခိုက်မှု / သက်ရောက်မှု ရှိနိုင်သလား သိချင်လို့ပါရှင့် ..
ကျေးဇူးတင်ပါတယ် ဆရာ / ဆရာမ ...
A: ထိခိုက်မှုမရှိပါဘူးရှင် ကာကွယ်ဆေးတော်တော်များများကဖျားတတ်လို့ ကြိုတင်ကာကွယ်ပေးထားတာပါ

No comments:

Post a Comment