Friday, November 28, 2014

ပင်းတယက မီးအိမ်ရှင်

လူထုကျန်းမာရေးအတွက် နေ့မအား၊ ညမအား အလုပ်လုပ်ပြီး ခရီးလမ်းခက်ခဲကြမ်းတမ်းသည်. တောင်ပေါ်ဒေသကျေးရွာများသို့ အခမဲ့ဆေးလိုက်ကုပေးနေသော ရှားရှားပါးပါး ပြည်သူ့အကျိုးပြု စေတနာရှင်ဆရာဝန်ကြီးများကို များသောအားဖြင့် ဇာတ်လမ်းများထဲတွင်သာ တွေ့ရလေ့ရှိသည်။ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုခဲ့သော ဆရာဝန်များစွာရှိခဲ့သော်လည်း သူတို့၏အကြောင်းမှာ မှတ်တမ်းတင်သူမရှိသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်သွားလေ့ရှိသည်။

ထိုသို့သော ဆရာဝန်များကို တစ်နိုင်ငံလုံးက မသိရှိကြသော်လည်း သူတို့တာဝန်ကျရာဒေသများရှိ ဒေသခံလူထု၏ရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်ကြပါ။

စေတနာရှင်ဖန်မီးအိမ်ဆရာဝန်ကြီးတစ်ဦး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ယနေ့ရောက်ရှိနေပါသည်။ ဆရာဝန်ဆိုသည်မှာ အကောင်ပလောင်တစ်မျိုးလားဟု ထင်မှတ်မေးမြန်းကြရသည့် ဝေးလံခေါင်ဖျားတိုင်းရင်းသားကျေးရွာလေးများသည် ဖန်မီးအိမ်ရှင်ဆရာဝန်ကြီး၏ ပြုစုစောင့်ရှောက်မှုအောက်တွင် နွေးထွေးစွာရှိနေကြပါပြီ။

ဗမာလူမျိုး၊ မြောင်းမြမြို့သား ဆရာဝန်ကြီးဒေါက်တာသန်းမင်းထွဋ်သည် ရောက်လေရာဒေသတွင် လူထုထောက်ခံမှုနှင့် ချစ်ခင်လေးစားမှုတို့ကို အပြည့်အ၀ပိုင်ဆိုင်ထားခဲ့သည်။

ထိုဆရာဝန်ကြီးသည် ဆေးကုသသည့်အလုပ်တစ်ခုတည်းကိုသာ ဆောင်ရွက်သည်မဟုတ်ဘဲ ရောက်လေရာဒေသရှိ ကျေးရွာများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း၊ တိုးတက်ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ပေးခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင် နာမည်ကျော်ကြားလူကြိုက်များလာခဲ့သည်။

သူ လက်ရှိတာဝန်ကျရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်လေးသို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတာဝန်ဖြင့် ရောက်ရှိခဲ့ပြန်သည်။ ၂၀၁၁ ခုနှစ်တွင် ပင်းတယမြို့နယ် ၂၅ ခုတင်ဆံ့ ဆေးရုံလေးသို့ရောက်ရှိခဲ့ရာ ဆေးရုံတစ်ဝန်းလုံးမှာ ပျက်စီးယိုယွင်းနေပြီး များပြားလှသည့် ကြက်ဆူတောကြီးအကြား နစ်မြုပ်နေသည်ကို သူတွေ့ရသည်။

သို့ဖြင့် စိုက်ပျိုးထားသော ကြက်ဆူပင်များအားလုံးကို ပြတ်ပြတ်သားသားခုတ်လှဲပစ်ခဲ့သည်။ ဒေသလူထုမှာ ယခင်ဆေးရုံတာဝန်ကျသူများကို အမြင်မကြည်လင်သဖြင့် နာမကျန်းဖြစ်ပါက ဆေးရုံတက်ရန်ပင် ရွံ့ကြောက်နေကြသည်ကိုတွေ့ရှိရသဖြင့် ဆရာဝန်ကြီးမှာ ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ရတော့သည်။

သူသည် ဆေးရုံမှ လက်အောက်ဝန်ထမ်းဆရာဝန်နှင့် သူနာပြုများကို စီမံခန့်ခွဲမှုသင်တန်း ဦးစွာသင်ကြားပေးသည်။ လူနာများနှင့်ဆက်ဆံရာတွင် ယခင်နှင့်မတူပြောင်းလဲစေရန် ညွှန်ကြားသွန်သင်ပေးသည်။ ခံယူချက်များ ပြောင်းလဲလာစေရန် စိတ်ဓာတ်ပိုင်းကို အဓိကပြုပြင်ပေးခဲ့သည်။

ထို့နောက် ဆေးရုံအတွက်ရရှိသည့် ဆေးဝါးများကို သုံးစွဲကာတစ်လလျှင် ရွာသုံးရွာသို့ ကိုယ်တိုင်ဆင်း၍ အခမဲ့ဆေးကုသပေးတော့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းငါးထောင်နှင့်အထက်မြင့်မားသည့် ဝေးလံခေါင်ဖျား တောင်ပေါ်ကျေးရွာများသို့ လှေဖြင့်တစ်ဖုံ၊ လှည်းဖြင့်တစ်မျိုး၊ ထော်လာဂျီဖြင့်တစ်သွယ်၊ လမ်းလျှောက်၍တစ်မူ အပင်ပန်းခံသွားရောက်ခဲ့သည်။

တောင်ပေါ်ကျေးရွာတိုင်းရင်းသားတို့သည် သူရောက်ရှိလာမှသာ ဆရာဝန်ဟူသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ဖူးကြတော့သည်။ ချင်းရွာတစ်ရွာမှ အဘိုးကြီးတစ်ယောက်က သူနာပြုဆရာမလေးအနားကပ်ခါ ‘‘ဆရာဝန်ဆိုတဲ့အကောင် ငါတွေ့ဖူးချင်တယ်။ ငါ့ကိုပြ။ ဒါပေမဲ့ ငါတံခါးကြားထဲကပဲ ချောင်းကြည့်မယ်နော’’ဟု ပြောခံရဖူးသည်။

ယခင်က နတ်ဆရာများ၊ ရမ်းကုများဖြင့် ကုသလာခဲ့ကြသည့် လူနာများသည် ဒေါက်တာသန်းမင်းထွဋ်အပေါ် တဖြည်းဖြည်းယုံကြည်ကိုးစားလာကြသည်။ သူသည် လူနာများနှင့် ဆုံတွေ့ရာတွင် အစဉ်ပြုံးရွင်နေသည့် မျက်လုံးနှင့် နှုတ်ခမ်းများ၊ ချိုသာသိမ်မွေ့သည့် ပြောစကားများ၊ လူနာအပေါ် သားသမီးသဖွယ် နွေးထွေးကြင်နာစွာယုယစောင့်ရှောက်မှုများ၊ ဒေသခံများနှင့် တစ်သားတည်း သွားလာစားသောက်အိပ်စက်မှုများကြောင့် ‘ဆရာဝန်ကြီး’ ဟူသည့်နာမကို လူထုကနှုတ်ဖျားကမချတော့။

ယခင်က ဒေသခံလူထု၏ နတ်ဆရာများ၊ ရမ်းကုများ၊ အရပ်လက်သည်များဖြင့်သာ ဆေးကုသလေ့ရှိကြသည့်အစဉ်အလာကို လမ်းမှန်ရောက်အောင်လည်း ပြုလုပ်ပေးခဲ့သည်။

‘‘ကိုယ်က မလုပ်နဲ့လို့တားလို့မရဘူး။ ကိုယ်ပြန်သွားရင် ဆက်လုပ်ကြမှာပဲ’’ဟု ဒေါက်တာသန်းမင်းထွဋ်ကပြောသည်။ ထို့ကြောင့် ဒေသခံရမ်းကုများ၊ အရပ်လက်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာစည်းရုံးပြီး ကိုယ်ပေးချင်သည့် ဆေးပညာနည်းစနစ်များကို မျှဝေသင်ကြားပေးခဲ့ရသည်။

ကျေးရွာများသို့ကွင်းဆင်း၍ အခမဲ့ကုသပေးရသည့်ရည်ရွယ်ချက်မှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များက ဝေးလံသည့် မြို့ပေါ်ဆေးရုံသို့ လာရောက်ရန် အခက်အခဲရှိသောကြောင့် မလိုအပ်ဘဲဆုံးရှုံးနစ်နာမှုများမဖြစ်စေရန် အိမ်တိုင်ရာရောက်သွားရောက်ခြင်းပင်ဖြစ်သည်ဟု ဒေါက်တာသန်းမင်းထွဋ်ကဆိုသည်

ပင်းတယမြို့နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေအသုံးစရိတ်များစွာ ချထားပေးမှုကြောင့် သူ့အတွက်အဆင်ပြေခဲ့သည်။ ဆေးရုံတွင် ၀န်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆေးရုံအဆောင်သစ်များတိုးချဲ့ခြင်း၊ လူနာစောင့်များ သက်သောင့်သက်သာနားနေနိုင်ရန် အဆောင်တစ်ခု သီးသန့်ဆောက်လုပ်ပေးခြင်း၊ ရေစင်နှင့် အ၀ီစိတွင်းဆောက်လုပ်တူးဖော်ခြင်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နိုင်ခဲ့ရာ ယခုအခါ ပင်းတယဆေးရုံလေးမှာ သန့်ရှင်းသပ်ရပ်သော အဆင့်မီဆေးရုံလေးတစ်ရုံအဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။

ဆေးရုံတွင်ထားရှိသည့် ခေတ်မီစက်ကိရိယာများကိုလည်း ဒေါက်တာသန်းမင်းထွဋ်အကြောင်း သိရှိသူများက စေတနာအပြည့်အ၀ဖြင့် လာရောက်လှူဒါန်းကြသဖြင့် ပြည့်စုံလျက်ရှိသည်။ ထို့ကြောင့် ဒေသခံလူထုက သူ့အပေါ် ပြန်လည်စေတနာထားခဲ့ကြသည်။ ရေရှားပါးသည့် တောင်ပေါ်ထွတ်နီကျေးရွာလေးကို ရေရရှိအောင် ဆောင်ရွက်ပေးလိုက်သဖြင့် ရွာသူရွာသားများက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပင်း တယဆေးရုံရှေ့တွင် ရေနုတ် မြောင်းတူးဖော်သည့်လုပ်ငန်းကို ရွာလုံးကျွတ်လာရောက်လုပ်ကိုင် ပေးခဲ့ကြသည်။

ထို့ကြောင့် သူတာဝန်ကျရာဒေသရှိ လူထုက တာဝန်ကုန်ဆုံးချိန်တွင် နောက်တစ်မြို့သို့ ထပ်မံပြောင်းရွှေ့သွားရမည်ကို မလိုလားကြပါ။ သူတို့မကြုံဖူးသည့် ထင်မှတ်မထားသည့် ဆရာဝန်ကြီးမျိုးကို လက်လွတ်ဆုံးရှုံးကြရမည်ကို ကြောက်ရွံ့ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်နေစဉ် ၂၀၁၃ ခုနှစ်တွင် ဒေါက်တာသန်းမင်းထွဋ်တစ်ယောက် ရာထူးတိုးမြှင့်ခံရပြီး ပြောင်းရွှေ့မိန့်တစ်ခုထွက်လာခဲ့ပြန်သည်။ လက်ထောက်ညွှန်ကြားရေးမှူး (ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ်ကြီး)အဖြစ် ပြောင်းရွှေ့ရမည့်သတင်းကို ဒေသလူထုကကြားသိပြီး ညတွင်းချင်းပင် ဒေသခံသုံးထောင်ကျော်က လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်လိုက်ကြသည်။ ပင်းတယမြို့နယ် သံဃမဟာနာယကဆရာတော်ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၀ါဆိုသင်္ကန်းကပ်လှူရန် လာရောက်သည့်အခါတွင်လည်း ၀န်ကြီးချုပ်က လိုအပ်ချက်များကိုမေးမြန်းရာ ဆရာတော်က ‘‘တို့ဆရာဝန်ကြီးကိုပဲ တို့လိုအပ်တယ်။ ကျန်တာဘာမှမလိုဘူး’’ဟု မိန့်ကြားလိုက်သည်။

ဒေါက်တာသန်းမင်းထွဋ်နှင့် အတူလက်တွဲကာ သွေးလှူဒါန်းခြင်း၊ ရေလှူဒါန်းခြင်းလုပ်ငန်းများ လုပ်ကိုင်နေသည့် ပင်းတယမြို့ရှိ စေတနာမွန်ပရဟိတအဖွဲ့မှ ဒေါ်မာလာစိုးကလည်း ‘‘ပင်းတယမြို့အတွက် ဆရာကြီး မရှိမဖြစ်လိုအပ်ပါတယ်။ ဒီမြို့မှာ ဆရာကြီး လေးငါးနှစ်လောက် ဆက်နေလို့ရအောင် မြို့ခံလူထုအနေနဲ့ တောင်းဆိုပါတယ်ရှင်။ အခုဘယ်နေရာပဲသွားသွား ဆရာကြီး၊ ဆရာကြီးနဲ့ လေးစားကြပါတယ်။ ဆရာကြီးက ကျန်းမာရေးကဏ္ဍအပြင် လူမှုရေးလုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြပေးနေတဲ့အတွက် တအားအားကိုးရပါတယ်’’ဟုပြောသည်။

ဒေါက်တာသန်းမင်းထွဋ်သည် ပဲခူးတိုင်း ပေါက်ခေါင်းပြည်သူ့ဆေးရုံတွင် တာဝန်ကျစဉ်ကလည်း ၎င်း၏စွမ်းဆောင်မှုများကြောင့် ဒေသခံပြည်သူများ၊ သံဃာနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ပြောင်းရွှေ့မိန့်နောက်ရွှေ့ကာ ၂ နှစ်အစား ၆ နှစ်အထိ ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။

ယခုပင်းတယတွင် ရှိနေစဉ် သူသည် ၂ နှစ်တာကာလအတွင်း တစ်လလျှင် အနည်းဆုံးရွာနှစ်ရွာကို အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ရာ ယခုအခါပင်းတယရှိ ရွာပေါင်း ၅၇ ရွာတွင် လူနာရှစ်ထောင့်ငါးရားကျော်အား ဆေးကုသပေးနိုင်ခဲ့သည်။ ထိုသို့ အခမဲ့ကုသနိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးတန်ဖိုး နှစ်ဆယ့်ရှစ်သိန်းခန့်ကို စေတနာရှင်ပြည်သူများက ၀ိုင်းဝန်းထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။

ဆေးရုံအတွက် အဆောက်အအုံသစ် ကိုးလုံးတည်ဆောက်ပေးခဲ့ပြီး လူနာခုတင်များကို စတီးလ်ခုတင်အလုံးငါးဆယ်ဖြင့် အစားထိုးပေးခဲ့ရုံသာမက ခုတင်ပေါ်တွင် ဆိုဖာအိပ်ရာခင်းများကိုပင် ခင်းကျင်းပေးခဲ့သည်။

သူသည် ထိုမျှနှင့်အားမရဘဲ တကယ့်အောက်ခြေလူနာများနှင့် ထိတွေ့မည့် သူနာပြုဆရာမလေးများကို မွေးထုတ်ခဲ့သည်။ ကျေးရွာပေါင်း ၁၃၈ ရွာမှ မိန်းကလေးငယ် ၈၁ ဦးကို ခေါ်ယူကာ အရန်သားဖွားသင်တန်းဖွင့်လှစ်ပေးခဲ့သည်။ ထိုအရန်သားဖွားဆရာမလေးများကို အရန်သားဖွားနည်းပညာသာမကဘဲ စေတနာ့ဝန်ထမ်းတီဘီသင်တန်း၊ ငှက်ဖျားသင်တန်း၊ HIV သင်တန်း၊ သားဆက်ခြားစနစ်များ၊ ရှေးဦးသူနာပြုနည်းပြအဆင့်ထိ သင်တန်းများအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းများကိုပါ ကာလရှည်ကြာ သင်ကြားပေးလိုက်သည်။

‘‘လူနာက သူတို့နဲ့ အရင်ဆုံးတွေ့ရမှာလေ။ သူတို့ပြုစုနိုင်မှ အသက်ရှင်မယ်။ မကျွမ်းကျင်ဘဲ ပြန်မလွှတ်ချင်ဘူး။ ရမ်းကုစာရင်းထဲ ၀င်သွားလိမ့်မယ်။ ဘာသာရပ်အားလုံးကို တကယ်ကျွမ်းကျင်မှ ပြန်လွှတ်တယ်’’ဟု သူကရှင်းပြသည်။

ပင်းတယမြို့နယ် ဆေးရုံလေးသို့ နှစ်ပတ်ကြာ လာရောက်လေ့လာသင်ကြားသည့် ဆေးကျောင်းသားငယ်လေးများအား ဒေါက်တာသန်းမင်းထွဋ်က လာဘ်ပေး၊ လာဘ်ယူ ဆရာဝန်ကြီးများအကြောင်း၊ စေတနာရှင်ဆရာဝန်ကြီးများအကြောင်း မျှဝေဟောပြောပြီး ခံယူချက်ပြောင်းလဲစေရန် တိုက်တွန်းပို့ချနေဆဲဖြစ်သည်။

ဟောပြောပို့ချမှုအဆုံးတွင် ဒေါက်တာသန်းမင်းထွဋ်က ‘‘ဆရာဝန်တွေရဲ့ဘ၀ကို ကိုယ်ချင်းစာနားလည်ပြီး စေတနာရှင်ဆရာဝန်တစ်ဦးအဖြစ် ပါဝင်ကပြတဲ့သူတွေ ဖြစ်လာစေဖို့ ဆရာမျှော်လင့်ပါတယ်’’ဟု သွန်သင်နိဂုံးချုပ်လေ့ရှိသည်။

လက်အောက်ငယ်သား သူနာပြုဆရာမများကိုလည်း ဒေါက်တာသန်းမင်းထွဋ်က ‘‘လူနာတွေက ဆေးရုံကို အပူနဲ့လာကြတာ။ ပျော်လို့လာတာမဟုတ်ဘူး။ ဒီနိုင်ငံကလူနာတွေက ကိုယ့်အပူအပြင် ပိုက်ဆံမရှိတဲ့အပူ၊ ဆရာဝန် သူနာပြုတွေ ဟိန်းဟောက်တာခံရတဲ့အပူတွေ ထပ်ခံစားကြရတယ်။ ဒါကြောင့် လူနာတွေကို ကိုယ့်ကြောင့် မျက်ရည်မကျစေရဘူး။ သူတို့ကျမယ့်မျက်ရည်ကို ကိုယ်ကသုတ်ပေးရမယ့်တာဝန်ရှိတယ်’’ဟု သွန်သင်ဆုံးမလေ့ရှိသည်။

ထို့အတွက် ပင်းတယဆေးရုံရှိ လူနာနှင့် ဆရာဝန်၊ သူနာပြုတို့အကြားတွင် နွေးထွေးသည့်မေတ္တာနှင့် အပြန်အလှန်စေတနာထား လေးစားမှုများ ပျံ့နှံလျက်ရှိသည်။ လက်ထောက်ဆရာဝန်နှင့် သူနာပြုဆရာမတို့အားလုံးသည် လူနာအပေါ်ပြုံးရွှင်စွာ ကိုယ့်မိသားစုသဖွယ် ပြုစုစောင့်ရှောက်ကြ၍ စိတ်ချမ်းသာရသည်ဟု လူနာများကပြောကြသည်။

ပိုက်ဆံမတတ်နိုင်၍ ဆေးရုံတက်ရောက်ကုသရန် မ၀ံ့မရဲဖြစ်နေသူများကိုလည်း ပင်းတယဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက မိမိငွေကြေးဖြင့် နေ့စဉ်ထမင်းကျွေးကာ ခေါ်ယူတက်ရောက်စေခဲ့သည်များလည်းရှိပါသည်။

‘‘ကျွန်မအပြင်ဆေးခန်းတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်အလုပ်လုပ်ရပြီး ပညာလည်းသင်ပေးတဲ့ ဆရာဝန်ကြီးနဲ့ မကြုံဖူးသေးဘူး။ ဒီဆရာကြီးလက်ထက်မှာ ကျွန်မတို့အကုန်လုပ်လို့ရတယ်။ ခွဲခန်းဝင်တယ်ဆိုရင်လည်း ကိုယ်မှားခဲ့သည်ရှိဦး။ နင်မှားနေတယ်လို့ မဆဲဘူး။ ဒါလေးကတော့ ဘာဆိုပြီး သေချာသင်ပေးတယ်။ ကိုယ့်အတွက်လည်း အသိပညာတွေ အများကြီးတိုးတယ်။ နယ်ကဆရာမတွေ တစ်လတစ်ခါလာရင်လည်း သိသင့်သိထိုက်တာတွေကို သူထမင်းမစားရရင်နေပါစေ၊ အကုန်သင်ပေးတယ်။ သူစိတ်ဆိုးကြောင်း ဘယ်တော့မှမပြဘူး။ လူနာတွေအပေါ် မျက်နှာထားချိုချိုနဲ့ သူဆက်ဆံပြနိုင်တယ်’’ဟု ပင်းတယဆေးရုံရှိ အနီဝတ်သူနာပြုဆရာမတစ်ဦးကပြောပြသည်။

ဒေသခံ အပြာဝတ်သူနာပြုဆရာမတစ်ဦးကလည်း ‘‘တအားအဆင်ပြေတယ်။ ဆရာကြီးကြောင့် ကျွန်မတို့ မျက်နှာပန်းလှတယ်။ ဘယ်လောက်ပင်ပန်းပေမယ့် သူနဲ့ အလုပ်လုပ်ရတာ ပျော်တယ်။ သူတောင် ဒီနယ်သားမဟုတ်ဘဲလုပ်ပေးရင် ကျွန်မတို့လည်း လုပ်ပေးနိုင်ရမှာပေါ့နော်’’ဟု ပြောလာသည်။

ဒေါက်တာသန်းမင်းထွဋ်သည် စေတနာရှင်ဆရာဝန်ကြီး ဒေါက်တာစောဝါးထူး၊ ဆရာကြီးနာဂသိန်းလှိုင်၊ ဒေါက်တာအဲလ်ဘတ်ရွိုင်ဇာ၊ ဒေါက်တာနော်မန်ဘတ်သွန်းတို့ကို လေးစားအားကျခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ အကြီးမားဆုံးဝါသနာမှာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဒေသခံများ တွေ့မြင်ဖူးသည့် ဆရာဝန်ကြီးများနှင့်မတူ အောက်ခြေအထိဆင်းကာ နေရာဒေသမရွေး လူတန်းစားမရွေး ကယ်ဆယ်စောင့်ရှောက်ပေးမှုတို့ကြောင့် လူထုက ပြန်လည်လေးစားချစ်ခင်ခဲ့ကြခြင်းပင်။

‘‘နေပြည်တော် အစည်းအဝေးတစ်ခုသွားတက်တဲ့နေ့က ဓနုအဖိုးကြီးတစ်ယောက်ကို နှုတ်ဆက်တော့ နေပြည်တော်သွားမလို့ အဘလို့ ပြောလိုက်တဲ့အခါ အဘိုးကြီးက အိတ်ထဲက ငွေတစ်ထောင်ထုတ်ပေးတယ်။ ဆရာ လမ်းစရိတ်ယူသွားပါတဲ့။ မယူမနေရ အတင်းပေးတယ်။ သိပ်ရိုးသားတဲ့ တိုင်းရင်းသားတွေပါ။ သူတို့ကို ကျန်းမာရေးအသိအမြင် တိုးတက်လာအောင်လုပ်ပေးဖို့ အရမ်းလိုအပ်နေတယ်’’ဟု သူက ဖြစ်ရပ်တစ်ခုကို ပြန်ပြောသည်။

ဒေါက်တာသန်းမင်းထွဋ် ပေါက်ခေါင်းမြို့မှ ပင်းတယမြို့သို့ ရောက်မလာမီ ခုနစ်ရက်အလိုတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပင်းတယသို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က ၀န်ကြီးတွေ့ရှိခဲ့သည်မှာ လူနာငါးဦးသာရှိခဲ့ပြီး ယခုတစ်ကြိမ်ရောက်ရှိလာသည့်အခါ ဒေါက်တာသန်းမင်းထွဋ် လက်ထက်တွင် လူနာ ၆၁ ဦး တက်ရောက်ကုသခံယူနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးက ပင်းတယဆေးရုံကို ၂၅ ခုတင်အဆင့်မှ ခုတင် ၅၀ အဆင့်သို့
တိုးမြှင့်ပေးလိုက်ရုံသာမက ‘‘ခုတင် ၁၀၀ ဆေးရုံအဆင့်အတွက် ပြင်ဆင်ထားတော့’’ဟု ဒေါက်တာသန်းမင်းထွဋ်အား မှာကြားသွားခဲ့သည်။

‘‘ဒီနယ်မြေအတွင်းမှာ လုပ်စရာအများကြီးကျန်သေးတယ်’’ဟု အသက်လေးဆယ်အရွယ် ဒေါက်တာသန်းမင်းထွဋ်ကပြောပါသည်။ သူသည် တာဝန်ကျနယ်မြေများတွင် လူတန်းစားမရွေး စေတနာအပြည့်အ၀ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေပါလိမ့်ဦးမည်။ သူရောက်ရှိရာဒေသများမှ ဒေသခံပြည်သူလူထုကလည်း တစ်ဦးမေတ္တာ၊ တစ်ဦးမှာဆိုသကဲ့သို့ သူ့အပေါ် အပြန်အလှန်လေးစားချစ်ခင်မှုဖြင့် လိုအပ်သမျှ ကူညီနေကြပါလိမ့်ဦးမည်။



ပင်းတယတွင် ဒေါက်တာသန်းမင်းထွဋ်ကို

နာမည်ကျော်ကြားသွားစေသည့် အချက်တစ်ခုရှိ သည်။ ထိုအချက်မှာ ယခင်က မည်သူမှ
ပင်းတယတွင်အ၀ီဇိတွင်းတူးဖော်၍မရ ဟူသည့်ယုံကြည်ချက်ကို ချိုးဖောက်လိုက်
ခြင်းဖြစ်သည်။
ပင်းတယမြို့နယ်သည် ရေအခက်အခဲများစွာရှိခဲ့သည်။ အ၀ီဇိတွင်း
တူးဖော်သူများက မြေသားအောက်တွင် ထု ထည်င်္ကြီးမားစွာတည်ရှိနေသည့်
ကျောက်ဖျာကြီးကို ကျော်လွန်အောင် မတူးဖော်နိုင်ခဲ့ကြချေ။
ပင်းတယတွင်အ၀ီဇိတွင်း တူးဖော်၍မရဟု အစဉ်အဆက်က ယုံကြည်ထားခဲ့သည်။
ဒေါက်တာသန်းမင်းထွဋ်သည် ဆေးရုံခြံဝင်းအတွင်းရှိ သူနေထိုင် ရာ
နေအိမ်လေးရှေ့တွင် အ၀ီဇိတွင်း တူးဖော်ခြင်းကို စတင်ဆောင်ရွက်ခဲ့ရာ
ဒေသလူထုက မဖြစ်နိုင်ကြောင်းတားမြစ်ခဲ့ကြ သည်။
သို့သော် သူကလက်မလျှော့။ သူ့ကို ကူညီပေးမည့်အ၀ီဇိတွင်းတူးသမားများကို
တခြားမြို့နယ်များမှ လိုက်လံရှာ ဖွေကာ ယုံကြည်ချက်ခိုင်ခိုင်မာမာဖြင့်
ဆောင်ရွက်ခဲ့သည်။ တကယ်တမ်းမှာလည်း အခက်အခဲများစွာရှိခဲ့ပါသည်။ ထိုအ၀ီဇိ
တွင်းတူးဖော်ခြင်းလုပ်ငန်းမှာ နှစ်လကျော်တိုင်ကြာမြင့်ခဲ့သည်။
ကျောက်ဖျာကြီးကြောင့် တစ်နေ့လျှင် သုံးပေခန့်သာ တူး ဖော်နိုင်ခဲ့ရာ
ပေနှစ်ရာကျော်အနက်ရောက်ချိန်တွင် ရေကြောကြီးကိုတွေ့ရှိပြီး
မြို့ခံလူထုအတွက် မယုံကြည်နိုင်ဖွယ် ရေ စတင်ထွက်ရှိခဲ့သည်။
““ရေစထွက်တဲ့နေ့နဲ့ အချိန်က ကျွန်တော့်အမေ
ကွယ်လွန်တဲ့တစ်နှစ်ပြည့်တိတိရက်မှာပါ။ ရေထွက် တဲ့အချိန်က အမေကွယ်လွန်တဲ့
အချိန် ညနေ ခြောက်နာရီတိတိပါ””ဟု ဒေါက်တာသန်းမင်းထွဋ်က မှတ်မှတ်ရရ
ပြန်ပြောပြ သည်။
ထိုအောင်မြင်မှုအကျိုးဆက်အနေနှင့် ယခင်က ရေမထွက်ဟု ဆိုခဲ့ကြသည့်
အ၀ီဇိတွင်းတူးသမားများ ပင်းတယ သို့ပြန်လည်ရောက်ရှိလာကာ
ကြိုးစားတူးဖော်ကြသဖြင့် ယခုအခါ ပင်းတယတွင် အ၀ီဇိတွင်း
ဆယ်ခုခန့်ရှိလာခဲ့ပြီး ရေရှား ပါးမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။


ပေါက်ခေါင်းမြို့နယ်တွင် နှစ်နှစ်ကာလပြည့်မြောက်သည့်အခါ
ပြောင်းရွှေ့မိန့်ထွက်ပေါ်ခဲ့သည်။ ထိုအခါ မြို့ခံလူထု က
ဒေါက်တာသန်းမင်းထွဋ်ကို မြို့မှ ထွက်မသွားစေခဲ့ပါ။ ထို့အတွက်
ပေါက်ခေါင်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့မှ စ၍
ဆိုက်ကားဆရာများအသင်းအဖွဲ့အထိ အဖွဲ့အစည်းပေါင်း ၂၂ ခုက
လက်မှတ်ရေးထိုးလျှက် ဆရာဝန်ကြီးကို ပေါက်ခေါင်းသို့ ပြန်ပေးရန်
တောင်းဆိုခဲ့ကြသည်။ အထက်ကလည်း လူထုဆန္ဒကိုလိုက်လျောလျှက်
ဒေါက်တာသန်းမင်းထွဋ်ကို ပေါက် ခေါင်းမြို့အတွက် ပြန်ပေးခဲ့သည်။
နောက်ထပ် နှစ်ကြိမ်တိုင် ပြောင်းရွှေ့မိန့်ထွက်လာခဲ့ရာတွင်လည်း
ပေါက်ခေါင်းလူထုက အထက်ပါအတိုင်းပင် ပြန် လည်တောင်းဆိုခဲ့ကြပြန်သည်။
သို့ဖြင့် ဆရာဝန်ကြီးသည် ပေါက်ခေါင်းမြို့နယ်တွင် ခြောက်နှစ်ကြာ
ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးခဲ့ရသည်။ သူတည်ထောင်ပေးခဲ့သည့်
နာရေးကူညီမှုအသင်းလေးမှာလည်း ပစ္စည်းပစ္စယပြည့်စုံစွာ ဖြင့်
ယခုတိုင်ကူညီပေးလျှက်ရှိနေပြီး ဒေါက်တာသန်းမင်းထွဋ်ကို နာယကနေရာမှာပင်
တလေးတစားထားရှိဆဲဖြစ်သည်။



  ‘‘သူ့အဆင်းသည် ၊ နေမင်းပမာသော်တာအလား၊ မ၀ံ့ငြားလည်း သူ့အား သူ့မာန်၊ သူပိုင်ဟန်ဖြင့် သူသန်ရာမှ၊ ဤလောကကို အလှဆင်လိုဟန်တကား’’
(တင်မိုး-ဖန်မီးအိမ်ကဗျာမှ)


ယခုအခါ ရှမ်းပြည်နယ်တောင်ပေါ် ဒေသအချို့တွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ ပြည်သူ့အကျိုးပြု စေတနာဆရာဝန်ကြီးများ ပေါ်ပေါက်လာနေပါပြီ။ မြန်မာနိုင်ငံတွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ လူငယ်ဆရာဝန်များစွာ ပေါ်ထွန်းလာရန် များစွာလိုအပ်နေပါသည်။ ပညာရေးနှင့် ကျန်းမာရေး အဓိကလိုအပ်နေသည့် မြန်မာနိုင်ငံသည် စေတနာရှင်ဆရာဝန်များကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိပါသည်။ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများက သူတို့ချစ်သော ပြည်သူ့ဆရာဝန်များကို ရင်ထဲတွင် တစ်သက်စာမှတ်တမ်းရေးထိုး၍ သားစဉ်မြေးဆက်ပြန်ပြောကာ ကမ္ပည်းတင်နေကြလိမ့်ဦးမည်သာ




REF : ဆေးလောက

Thursday, November 27, 2014

သင် အားငယ်တတ်ပါသလား

ကျွန်တော် ကတော့ အားငယ်တတ်ပါတယ်၊ လူမှုပတ်ဝန်း ကျင် တစ်နေ.တစ်ခြား တိုး တတ်လာတာနဲ. အမျှ  လိုအပ်မှု တွေ ၊လိုချင် တာတွေ ၊ လုပ်ချင်တာတွေ စတဲ. ချင်တွေ ပေါ လာပါတယ် ၊ လိုချင်တာတွေ မရ ရင် အားငယ်စိတ်တွေ ၀င် လာပါတယ် ၊ အဲ့ ဒီ အားငယ်စိတ်ဟာငယ်စဉ် ကလေးဘ၀ထဲ က စိတ်ထဲ မှာ ကိန်းအောင်းဝင်ရောက်နေတာ ပါ ၊ ငယ်ဘ၀က လိုချင်တာ မရလို. ငိုတာ၊ ဖြစ်ချင်တာ မဖြစ်ရလို. ငိုတာ စတာတွေ က အားငယ်စိတ် ရဲ့ အခြေ ခံတွေ ပါ ပဲ ငယ်စဉ် ဘ၀ထဲ က အားငယ် မှုတွေ အလိုမကျ မှု တွေ နဲ. ကြီး ပြင်း ရမယ်ဆို ရင် ဘ၀ ဆိုတာ ဘယ်လို အဓိပ္ပာယ် ဖွင့် ကြမလဲ ။

ဘ၀ ကို ကလေးဘ၀ ၊လူကြီး ဘ၀ ဆိုပြီး နှစ်ပိုင်း ခွဲ ကြည်.ရအောင် ကလေး ဘ၀ မှာတော့ ကိုယ်ဖြစ်ချင်တာတွေ ကို မိဘ အသိုင်းအ၀န်း ပတ်ဝန်း ကျင် က ဖြည်. ဆည်းပေးရပါ တယ် ၊ ကလေး လေး တွေ စိတ်အားမငယ် ဖို. စိတ်ဓာတ် မကျဖို. ကျွန်တော် တို. အတတ်နိုင်ဆုံး ဖန်တီးပေး နိုင်ပါတယ် ၊ လမ်း မှာ တွေ.တဲ့ ကလေး တစ်ယောက် ကို ချောကလက် ပေးဖူးပါသလား .... ပေးကြည်.လိုက်ပါ သူ. အပြုံး လေးရဲ.အောက် မှာ သင်လည်း ပျော်ရပါလိမ့် မယ် ။ အနည်း ဆုံး ဘာ မှ မပေးနိုင်တာ တောင် မှ သူ.ကို ပြုံး ပြလိုက်ပါ ..ကောင်းမွန်စွာ ဆက်ဆံ ခံရတဲ့ ပတ်ဝန်းကျင် မှာ ကြီး ပြင်းလာတဲ့ ကလေး တွေ က အကောင်းမြင်စိတ်တွေ သူတစ်ပါးကိုကူညီ လိုစိတ်တွေ ရျိပါတယ် ။

ကျွန်တော်တို. လူ.ဘောင်အဖွဲ.အစည်း ရဲ. အနာဂတ် က ကလေးငယ် လေးတွေရဲ. လက်ထဲ မှာ ရှိနေပါ တယ် ။ အနာဂတ်ရဲ. ခေါင်းဆောင်လေး တွေ ကို အားငယ် တတ်တဲ. စိတ်တွေ အမွေ မပေး ချင် ပါဘူး ...ဒါကြောင့် ကျွန်တော်တို. ဘာတွေ လုပ် ကြမလဲ ?

ထက်ပိုင် (MCD)

မွေးကင်းစကလေးတွေ ငိုနေပါသလား....

မွေးကင်းစကလေးတွေ ငိုတာကိုတော့ မိဘတိုင်းရှောင်လွဲလို့ ရမှာမဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင် ညသန်းခေါင် ကျော်ကြီးမှာ ထငိုတာတို့၊ မအိပ်ဘဲ ငိုပဲငိုနေတာတို့တောင် ရှိပါတယ်။ ကလေးဟာ ဘာကြောင့်ငိုရတာလဲနဲ့ မိဘတွေ ဘာလုပ်ပေးလိုက်ရင် အငိုရပ်ပြီး ကျေနပ်သွားမလဲဆိုတာ သိစေဖို့ ကလေးအများစု ငိုရတဲ့အကြောင်းရင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။


၁။ ဗိုက်ဆာလို့ မွေးကင်းစ ကလေးအများစုဟာ နာရီအနည်းငယ်ခြားခြားပြီး ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ ချက်ချင်း နို့မစို့ရရင် ဒေါသထွက်ကာ ငိုကြွေးတတ်ပါတယ်။ ဒါကိုမိခင်က သိနားလည်ကာ ကလေးကို နို့တိုက်ကျွေး ပေးသင့်ပါတယ်။

၂။ လေတက်ချင်လို့ နို့စို့နေချိန်နဲ့ နို့စို့ပြီးတဲ့အခါ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးပါ။ လေထတာနဲ့ အစာမကြေတာတွေကြောင့် ကလေးအများစုဟာ ငိုကြွေးတတ်ပါတယ်။

၃။ နေရခက်လို့ သေးစိုဘောင်းဘီ၊ သေးစိုအနှီးတွေက ကလေးကိုနေရခက်စေပြီး ငိုကြွေးစေပါတယ်။ ကလေးဟာ သေးစိုနေလို့ ငိုသလား ဆန်းစစ်ပြီး ခြောက်သွေ့ သန့်ရှင်းအောင် လဲလှယ်ပေးပါ။

၎။ ပင်ပန်းလို့ ပင်ပန်းနေတဲ့ ကလေးတွေဟာ ဂျီကျပြီး ငိုကြွေးတတ်ပါတယ်။ ဒါကြောင့်သင့်ကလေးကို လုံလုံလောက်လောက် အိပ်စက် အနားယူပါစေ။ မွေးကင်းစ ကလေးတွေအတွက် နေ့စဉ် အိပ်စက်အနားယူချိန်ဟာ ၁၆ နာရီနဲ့အထက် ရှိရပါမယ်။

၅။ ထွေးပွေ့ထားစေချင်လို့ ကလေးအများစုဟာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ဦးဦးက ထွေးပွေ့ထားတာကို လုံခြုံစိတ်ချမ်းသာမှု ရှိတတ်ကြ ပါတယ်။ တစ်ခါတစ်ရံစောင် လွတ်နေတဲ့အခါ ငိုကြွေးတတ်ပါတယ်

။ ၆။ လှုပ်ရှားချင်လို့ အိမ်ထဲမှာ ကလေးကိုပွေ့ရင်း လမ်းလျှောက်တာ၊ ပုခက်ကိုလွှဲပေးတာမျိုးက ငိုနေတဲ့ကလေးကို တိတ်သွားစေပါတယ်။

၇။ အထီးကျန်လို့ ကလေးငယ်ဟာ သူ့ကို ပစ်ထားတယ်ထင်ရင် ဝမ်းနည်းငိုကြွေး တတ်ပါတယ်။ သင့်ကိုမြင်နေရတာ၊ သင့်အသံကို ကြားနေရတာ၊ သင့်အသားအရေနဲ့ ထိတွေ့နေရတာတွေဟာ သင့်ကလေးကို အားရှိစေပါတယ်။ သင့်ကလေး ငိုတဲ့အခါ ကလေးကို ညင်ညင်သာသာ နှိပ်နယ်ပေးတာ၊ ကျောကို ဖွဖွလေးပုတ်ပြီး နှစ်သိမ့်ပေးတာမျိုး လုပ်ပေးပါ။

၈။ ပူလို့ ပူလွန်း၊ အေးလွန်းတဲ့အခါ ကလေးကို နေရထိုင်ရတာ မသက်မသာဖြစ်စေပြီး ငိုကြွေးစေပါတယ်။ ပူရင် ကလေးရဲ့ အဝတ်အစားကို ချည်သားပွပွလေး လဲလှယ်တာမျိုး၊ ချမ်းရင်အနွေးထည် ထပ်ဝတ်ပေးတာမျိုးလုပ်ပေးပါ။

၉။ ထိတ်လန့်လို့ ကျယ်လောင်တဲ့ ဆူညံသံ၊ ပြင်းထန်တဲ့ ရွေ့လျားမှုနဲ့ ကြောက်လန့်ဖွယ်မြင်ကွင်းတွေဟာ ကလေးကို ထိတ်လန့်တုန်လှုပ် စေပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အဲဒီပတ်ဝန်းကျင်နဲ့ မထိတွေ့မိအောင် ရှောင်ရှားပေးပါ။

၁၀။ ဗိုက်နာလို့ ကလေးဟာ နို့စို့နေရာကနေ ဗိုက်ခဏခဏနာပြီး ငိုကြွေးတတ်ပါတယ်။ ကလေးအသက် ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ လိုပါတယ်။ နို့တိုက်ကျွေးစဉ်မှာ မိခင်ဟာ လေထစေတဲ့အစာ၊ ပူစပ်စေတဲ့အစာနဲ့ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကိုရှောင်ဖို့ လိုအပ်ပါတယ်။

Ref: nllamin.com

Wednesday, November 26, 2014

☻ဆေးလိပ်သောက်ခြင်း ကောင်းကျိုးများ☻

ဆေးလိပ်သောက်ခြင်းမှာ ဆိုးကျိုးတွေချည်း ရှိတာမဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ မအံ့သြပါနဲ့ဦး မိတ်ဆွေ။ သေချာဆုံးအောင် ဖတ်ကြည့်ပါ။ သင်လည်း ဆေးလိပ်သောက်သူဆိုရင် ဒီလို အကျိုးတွေ ရှိတာကို သတိထားမိမှာပါ။ ဆေးလိပ်သောက်ခြင်းကြောင့်ရနိုင်တဲ့ အကျိုးတွေကတော့
1. စိတ်ကို တည်ငြိမ်စေပါတယ်။
2.အိမ်ကို သူခိုး မခိုးပါဘူး။
3.ခွေးကိုက် မခံရနိုင်ပါဘူး။
4.သွားမကျိုးပါဘူး။
သေသေချာချာ ရှင်းပြပါရစေ။
 

1.စိတ်ကိုတည်ငြိမ်စေတယ်ဆိုတာက ဆေးလိပ်သောက်လိုက်ပြီးတဲ့ အခါမှာ လူ့ရဲ့ ဦးနှောက်ဟာ လေးလံ ထိုင်းမှိုင်းသွားပါတယ်။ အဲဒီလူဟာ ဘယ်အရာကိုမှ တွေးတော ဆင်ခြင်လို့ မရဖြစ်သွားပါလိမ့်မယ်။ ဦးနှောက်ထဲမှာ ဘာအတွေးမှ မရှိတာကို စိတ်ငြိမ်တယ်လို့ ခေါ်ချင်ရင် ဆေးလိပ်သောက်ခြင်းက စိတ်ငြိမ်စေတယ်ဆိုတာကို သင် လက်ခံပြီ ထင်ပါတယ်။
 

2.သူခိုး မခိုးရတဲ့ အကြောင်းကတော့ ဆေးလိပ်သောက်သူ အများစုဟာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွါးပါတယ်။ နောက်တော့ ချောင်းဆိုးလာမယ်။ နေ့မနား ညမနား ချောင်းဆိုးလာရင် ညဘက် မအိပ်နိုင်တဲ့ အထိဖြစ်လာမယ်။ ဒီလိုဆိုရင် သူခိုးတစ်ယောက်ဟာ တစ်ညလုံးမအိပ်ဘဲ ချောင်းဆိုးနေတဲ့သူ ရှိတဲ့ အိမ်ကို ၀င်မခိုးရဲပါဘူး။ ဒါကြောင့် သူခိုး မခိုးပါဘူးလို့ ဆိုလိုက်တာပါ။
 

3.ဆေးလိပ်ကို အများကြီး နှစ်နဲ့ ချီသောက်ရင် ခြေထောက်တွေလက်တွေမှာ ရှိတဲ့ သွေးကြောလေးတွေ ပိတ်ကုန်နိုင်ပါတယ်။ အဲလိုဆိုရင် ခြေတွေ လက်တွေ ဖြတ်ပစ်ရတတ်ပါတယ်။ ဒီလိုဆိုရင် လမ်းလျှောက်ဖို့ တုတ်ကောက်တစ်ချောင်းရဲ့ အကူအညီကို ယူရပါမယ်။ ခွေးတစ်ကောင်ဟာ တုတ်တောက်နဲ့ လမ်းလျှောက်နေသူကို ရုတ်တရက် ၀င် မကိုက်ဝံ့ပါဘူး။
 

4.သွားမကျိုးဘူး ဆိုတာကတော့ ဆေးလိပ်ကို အလွန်အကျွံသောက်မယ်ဆိုရင် အရွယ်မတိုင်ခင်မှာပဲ ရောဂါဆိုးများစွာနဲ့ ရင်ဆိုင်ရနိုင်ပြီး သေနိုင်တာမို့ သွားမကျိုးခင် သေသွားခဲ့ရင် တစ်ဘ၀လုံး သွားမကျိုးနိုင်တော့ပါဘူး။
ကဲ မိတ်ဆွေ ကျွန်တော်ပြောတဲ့ အကျိုးတွေက တကယ်ရမှာမို့ ဒီအကျိုးတွေကို လိုချင်တယ် ဆိုရင်တော့ ဆေးလိပ်သောက်ကြပါစို့လို့..............


REF : တွေ.ရကြုံ ရဆေးလောက
 

Tuesday, November 25, 2014

Clown Doctor အဖွဲ. လေးကိုလှူ ချင်တယ် ဆိုရင်တော့ ....

1. Clown Accessories
2. အသံထွက်သော အရုပ်လေးများ
3. တီးမှုတ်ကရိယာလေးများ
4. လက်ထိုးရုပ်လေးများ
5. ဆပ်ပြာပူဖောင်းလေးများ 
6. မျက်လှည်.ပစ္စည်း များ ပဲ ဖြစ်ပါတယ် ။
ဒီစာရင်း ကတော့ အခုလေလောဆယ် အသုံးပြုနေသော ပစ္စည်းများ ဖြစ်ပါတယ် ။တစ်ခြား အသုံးဝင်မယ်ထင်တဲ့ ပစ္စည်းတွေလည်း လှူ ဒါန်းနိုင်ပါတယ်... 

ကလေးများ နှင့် သက်ဆိုင် သော ၊ clown doctor တို့ နှင့် သက်ဆိုင် သော ကစားစရာများ ဆက်သွယ် လှူဒါန်းလိုပါက 

 Contact ph: 095166576, 0973160276, 0973176207

ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)ပြောသော သွေးလွန်တုပ်ကွေးနှင့် ဖြစ်တတ်သောအမှားများ အပိုင်း(၆)


သွေးလွန်တုပ်ကွေးရောဂါမှာ သွေးမလန့်အောင်ပေးလို့ရတဲ့ ဆေးရှိပါသလား။

မရှိသေးပါဘူး။အရည်ကိုပိုသောက်ခိုင်းခြင်း၊ဓါတ်ဆားရည်သောက်ခိုင်းခြင်းစသဖြင့်တော့ခန္ဓာကိုယ်ရဲ့ရေဓါတ် ဆုံးရှုံးမှုကို လျော့ပါးစေပါတယ်။ အရောင်ကျဆေး၊ စတီးရွိုက်ပါတဲ့ဆေးတွေပေးရင် သွေးလန့်တာကို ကာကွယ် နိုင်မလားလို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါတွေက ထိရောက်မှုမရှိတဲ့အပြင် အန္တရာယ်ပါရှိနေပါတယ်။
ဒါကြောင့် ဂရုတစိုက်စောင့်ကြည့်ပြီး သွေးလန့်တာကို ကုသတာဟာ အကောင်းဆုံးပါပဲ။
-----------------------------------------

ကာကွယ်မှုအပိုင်းနဲ့ပတ်သက်တဲ့၊ ဖြတ်တတ်တဲ့အမှားတွေက ဘာတွေရှိပါသလဲ။

သွေးလွန်တုပ်ကွေးဟာ နေ့လယ်မှာ ကိုက်တတ်တဲ့ ခြင်ကျားခေါ် ခြင်ပုန်းကြောင့် ဖြစ်တယ်။ ဒါကြောင့် ခြင်ကျား မပေါက်ပွားဖို့ ဖုံး၊သွန်၊ခပ်၊စစ်၊လောင်း၊ထောင်၊လဲ၊ဖွင့်၊မှုတ်၊ရှင်း၊မြှုပ် စတာတွေကို လုပ်ရမယ်ဆိုတာ တော်တော် များများက သိပြီးပြီလို့ ကျွန်တော်ယူဆပါတယ်။
ဒါပေမဲ့ ဦးစားပေးလွဲမှားမှုတော့ ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးခြင်ဟာ ကိုက် ၁၀၀ ထက်ပိုမပျံသန်းနိုင်ဘူး။ သက်တမ်းလည်း သိပ်မရှည်ပါဘူး။ ဒါကြောင့် ခြင်ကို ပိုးသတ်ဆေးဖျန်းပြီး နှိမ်နင်းတာထက် ပိုးလောက်လန်း မပေါက်ပွားရေးကို ဦးစားပေးရပါတယ်။
နောက် ဒီပိုးလောက်လန်းနှိမ်နင်းရေး၊ ခြင်ကျား နှိမ်နင်းရေးကို တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးလုပ် နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ်ဘဲ ရှိတဲ့ပစ္စည်းပစ္စယ၊ အင်အားကို ချွေတာသုံးရမှာဆိုရင်တော့ နေ့အချိန်မျိုးမှာ ကလေးအများအပြားစုဝေးလေ့ရှိတဲ့ နေ့ကလေးထိန်းကျောင်း၊ ကျောင်း၊ ကျူရှင်စတာတွေကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ အဓိကကူးစက်ပြန့်ပွားမှုက ဒီနေရာတွေက ဖြစ်တာဖြစ်ပါတယ်။
တစ်အိမ်တက်ဆင်း လုပ်ဖို့ထက် ဒီနေရာတွေမှာ ခြင်ကျားနှိမ်နင်းရေး၊ ပိုးလောက်လန်းနှိမ်နင်းရေးကို လုပ်ရပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကိုယ့်အတန်းထဲက ကလေးတစ်ယောက် သွေးလွန်တုပ်ကွေး ဖြစ်ပြီဆိုတာသိတာနဲ့ တစ်ပြိုင်နက် ကျန်ကလေးတွေကို ကူးစက် ပြီးဖြစ်နေနိုင်တယ်ဆိုတာ သိထားရပါတယ်။ ကျန်ကလေးတွေရဲ့ မိဘတွေကို ဖျားရင် ပေါ့ပေါ့ဆဆမနေဖို့၊ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်ခြေရှိကြောင်း အသိပေးထားရပါမယ်။
-----------------------------------------

ဆေးစိမ်ခြင်ထောင်တွေ၊ ဆေးစိမ်ခန်းဆီးလိုက်ကာတွေ သုံးတာ အန္တရာယ်ရှိစေတယ်ဆိုတာ ဟုတ်ပါသလား။

မဟုတ်ပါဘူး။ ဒီဆေးစိမ်ခြင်ထောင်တွေ၊ ခန်းဆီးလိုက်ကာတွေမှာ သုံးထားတဲ့ ဆေးပမာဏဟာ ခြင်ကိုပဲ သေစေပြီး လူတွေကို အန္တရာယ်ပြုလောက်တဲ့အတိုင်းအတာ မရှိပါဘူး။ ဒါကြောင့် စိတ်ချလက်ချသုံးနိုင်ပါတယ်။ ထိရောက်မှုလည်း ရှိပါတယ်။
-----------------------------------------

ခြင်ဆေးခွေထွန်းရင် အဆုတ်ရောဂါဖြစ်တယ်ဆိုတာ ဟုတ်ပါသလား။

တချို့ပန်းနာရင်ကျပ်အခံရှိတဲ့လူတွေမှာတော့ ဓာတုဗေဒပစ္စည်း၊ အငွေ့အသက်တွေဟာ ရင်ကျပ်ရောဂါကို ထစေနိုင်ပါတယ်။ ဘာမှမသုံးဘဲ ခြင်အကိုက်မခံရရင်တော့ အကောင်းဆုံးပေါ့။ခြင်ကိုက်လို့ သွေးလွန်တုပ်ကွေး တို့၊ ငှက်ဖျားတို့ဖြစ်မှာနဲ့ စာရင်တော့ ခြင်ဆေးခွေက ထွက်တဲ့အနံ့အသက်ကို ရှူကြရမှာပါပဲ။
ခြင်ဆေးခွေတွေထက် သဘာဝနနွင်းမှိုင်းတိုက်တာက ပိုကောင်းတယ်လို့ ပြောကြတာ ဟုတ်ပါသလား။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောတာပါ။ စာအုပ်စာတမ်းအကိုးအကားနဲ့တော့ မဟုတ်ပါဘူး။ ကျွန်တော့်အိမ် မှာ ကိုယ်တိုင်လုပ်ကြည့်တော့ နနွင်းမှိုင်းလုပ်တာက ပိုပြီး အိမ်ထဲမှာ မွှန်ထူနေပါတယ်။ ပိုပြီး အငွေ့အသက် များတော့ နေရထိုင်ရပိုခက်ပါတယ်။ ကျွန်တော်ကတော့ ခြင်ဆေးခွေကို ပိုသဘောကျပါတယ်။
-----------------------------------------

အနှစ်ချုပ် ဆရာဘာများပြောချင်ပါသလဲ။

မိုးရာသီရောက်တာနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အနည်းနဲ့အများရှိလာပါတယ်။ မိဘတွေကရော၊ ဆရာဝန် တွေဘက်ကပါ သတိဝီရိယရှိရှိနဲ့ ဖျားရင် သွေးလွန်တုပ်ကွေး ဟုတ်၊မဟုတ် စောင့်ကြည့်သတိရှိဖို့ လိုပါတယ်။ သွေးလန့်နိုင်တဲ့ ကလေးတွေကို ဆေးရုံတင်ထားမယ်၊ သွေးလန့်တဲ့ ကလေးတိုင်းကို အချိန်အခါမလပ် ကြပ်မတ် ကြည့်ရှုပြီး ထိန်းချုပ်ကုသပေးနိုင်မယ်ဆိုရင် အသေအပျောက်မရှိသလောက် နည်းအောင် လုပ်ပေးလို့ရပါတယ်။ ကျောင်း၊ ကျူရှင်၊ နေ့ကလေးထိန်းကျောင်းတွေမှာ ပိုးလောက်လန်းနှိမ်နင်းရေးကို ဇောင်းပေးလုပ်ခြင်းဖြင့် သွေးလွန်တုပ်ကွေးအန္တရာယ်ကို ကျွန်တော်တို့ အောင်မြင်စွာ ကာကွယ်ကုသနိုင်မယ်လို့ မျှော်လင့်ကြောင်း တင်ပြအပ်ပါတယ်။
( ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)ရေးသောကလေးကျန်းမာရေးအမေးအဖြေစာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။)


Monday, November 24, 2014

Cries of laughter as clown doctors arrive in Yangon

Bridge of Life Foundation submitted a clown doctors program proposal to Myanmar’s Ministry of Health, which gave the group permission to conduct the program at Yangon Children’s Hospital.
The program has been welcomed by both children and parents, said Ko Htet Paing Oo, known around the wards as “Dr Gawky”.
“Parents have not seen their children smile for a long time because they are anxious and upset over their pain. The parents feel relief when they see their children smiling again,” he said.
Another member of the team, Ma Kyi Nyein Chan Kyaw, agreed that parents welcomed the clown doctors warmly. “Sometimes, parents even wake their children up when we arrive because they know we will make them happy.”
Ko Hein Htike Aung said: “We try to distract children, parents and hospital staff during what is normally an anxious and boring time. We want the hospital to be a happy and active environment rather than a boring place.”
But he said they face some difficulties, particularly because clowns are not common in Myanmar. “So some children are afraid of us and some parents seem to think, ‘Who are these people and what are they doing, messing around in here?’” said Ko Hein Htike Aung.
To alleviate these concerns, they try to cooperate as closely as possible with the hospital’s doctors and nurses. All of the clown doctors said they wanted to be considered not just sources of entertainment but also providers of psychosocial support to needy children.
And the doctors proved popular on the day that The Myanmar Times visited Yangon Children’s Hospital. The mother of patient Mg Ye Kyaw Thu, from Yangon’s Shwe Pyi Thar township, said she was impressed by the program.
“We only came to the hospital yesterday so this is the first time we have seen [the clown doctors]. My son was very amused, they were really funny.”
The grandmother of Mg La Yaung Than from Taikkyi said: “My grandson was afraid of them at first but now he likes playing with them. They have many toys to amuse the kids.”
And what makes a good clown doctor? A sense of humour, energy and optimistic outlook, they agreed.
“We really need to be happy to be able to make other people happy. We even take a break from this work when we are feeling unhappy ourselves and restart when we feel better,” Ko Htet Paing Oo said.
Given its success after just six months, the clown doctors said they hope to be able to expand the program to other children’s hospitals around the country.
http://www.mmtimes.com/index.php/national-news/yangon/552-cries-of-laughter-as-clown-doctors-arrive-in-yangon.html?start=1

ကလေးငယ်တွေရဲ့ နာကျင်မူ ဝေဒနာများကို တဒင်္ဂ သက်သာစေဖို့ အတွက် မြန်မာပြည်မှ လူငယ် Clown Doctor

YoYarLay: ကလေးငယ်တွေရဲ့ နာကျင်မူ ဝေဒနာများကို တဒင်္ဂ သက်သာစေဖို့ အတွက် မြန်မာပြည်မှ လူငယ် Clown Doctor လူငယ် ၇ ဦးပါဝင်ပြီး ကလေး ဆေးရုံတွေမှာ လိုက်လံ၍ ဖျော်ဖြေ ပေးနေတဲ့ မြန်မာပြည်မှ လူငယ် Clown Doctor များ အကြောင်းကို တင်ပြ ပါရစေ။ ထိုလူငယ်အဖွဲ့ဟာ ကလေးငယ်တွေမှာ ခံစားနေရတဲ့ နာကျင်မူ ဝေဒနာတွေကို တဒင်္ဂ ပြေပျောက် စေရန်နှင့် ခဏတာ ရယ်မော ပျော်ရွှင်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ' ရယ်ခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက် ' ဆိုသည့် စကားနှင့် အညီ ရောဂါ ခံစားနေတဲ့ ကလေးငယ်တွေကို ရယ်မော ပျော်ရွှင်အောင် လုပ်ပေးနေတဲ့ အဖွဲ့ဆိုလည်း မှားမယ် မထင်ပါဘူး။ ထိုအဖွဲ့လေးဟာ ယခုဆိုလျှင် ၃ နှစ်ပြည့်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဖွဲ့ စတင်ချိန်၌ အခက်အခဲတွေ များစွာကိုလည်း ရင်ဆိုင် ခဲ့ရကြောင်း သိရပါတယ်။ တစ်ချို့သော သူတွေကဆိုရင် မနှစ်သက်သော မျက်လုံးများနှင့် ပြုမူဆက်ဆံခြင်း များကိုလည်း ခံခဲ့ရပြီး အခြားသော အခက်အခဲ များနှင့်လည်း ရင်ဆိုင် ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်တွေ အားလုံးဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ဖြစ်ပြီးတော့ စနေနှင့် တနင်္ဂနွေ နှစ်ရက် အတွင်း ကလေးဆေးရုံ နှစ်ခုမှာ လိုက်လံ၍ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကလေးငယ် လေးတွေ အတွက် ပြုစုယုယ ပေးကြောင်း သိရပါတယ်။ တစ်ချို့သော ဆရာဝန် ကြောက်တဲ့ ကလေးငယ်တွေ ဆိုရင် အရမ်းငိုနေ ကြချိန်၌ ထိုအဖွဲ့၏ ဟာသ ရုပ်များကြောင့် အငိုတိတ် ခဲ့ရကြောင်းနှင့် ဆေးများလည်း သောက်ခဲ့ကြောင်း သိရပါတယ်။ ရောဂါ ခံစားနေတဲ့ ကလေးငယ် လေးတွေဟာ အဖွဲ့ဝင်များ၏ ဟာသရုပ် များကို ကြည့်ရှု၍ နှစ်သက်ကာ နောက်မှ ဆေးပိုက် တန်းလန်းများ နဲ့တောင် လိုက်လာ ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုမျိုး အဖွဲ့တွေကို များစွာ ပေါ်ပေါက် စေခြင်းကြောင်းနှင့် ၎င်းတို့ အဖွဲ့ အနေဖြင့်လည်း ကူညီပေးသွားမည် ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် မဟုတ်ဘဲ အခြားသော နယ်မြို့ရှိ ကလေးဆေး ရုံများကိုပါ သွားချင် သော်လည်း ငွေအားနှင့် လူအင်အား အခက်အခဲများ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးဆေးရုံတိုင်းမှာ Clown Doctor တွေ ရှိသင့်တယ် လို့လည်း ၎င်းတို့က ဆိုပါတယ်။ ၎င်းတို့ အဖွဲ့၏ လုပ်ဆောင် ချက်များကို စိတ်ဝင်စားလို့ ကြည့်ချင် တယ် လေ့လာချင်တယ် ဆိုရင် လာရောက်လေ့လာ နိုင်တယ်လို့ သိရပါတယ်။ ထိုအဖွဲ့ရဲ့ Facebook Page လေးကတော့
 https://www.facebook.com/pages/Myanmar-Clown-Doctor/391106120946219 ဖြစ်ပါတယ်။

 ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com #kln_yyl #article_yyl

စိတ်ကို ပျော်ရွှင်စေမှုနဲ့ကုတဲ့ ဆရာဝန်လူရွှင်တော်အဖွဲ့

“မလှုပ်နဲ့၊ လက်မြှောက်” ဆရာဝန်က ကလေးကို သေနတ် နဲ့ချိန် ထားလိုက်ပြီး အတန်ငယ်ရွှင်မြူး တဲ့လေသံနဲ့ပြော လိုက်ပါတယ်။ဂျူတီကုတ်ကိုဝတ်ထားပြီးမျက်နှာမှာ
 ရောင်စုံခြယ်ထားတဲ့ ရယ်စရာ အဆင်တန်ဆာတွေနဲ့ ဆရာဝန်ကသူ့အတွက် အမြင်ဆန်းနေပေမယ့် ကလေး ဟာ ပျော်ရွှင်နေပုံပေါ်ပါတယ်။

ဆရာဝန်က သေနတ်ကို ပစ်လိုက်တဲ့အခါ ရောင်စုံဆပ်ပြာ ပူဖောင်းလေးတွေထွက်လာပြီး ကလေး ဟာ ပျော်ရွှင်စွာ ရယ်မောပါတော့တယ်။

တကယ်လို့များ ဒီမြင်ကွင်းမျိုးကိုမြင်တယ်ဆိုရင်တော့ အဲဒါဟာ ရန်ကုန် ကလေးဆေးရုံကြီးဖြစ်ပြီး အချိန် ကတော့ စနေနေ့နံနက်ခင်း ဖြစ်ပါ လိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ အဖွဲ့ဝင်ငါးဦး ပါဝင်တဲ့ Clown Doctor လို့ခေါ်တဲ့ အဖွဲ့ဟာ ရန်ကုန် ကလေးဆေးရုံကြီးကို အပတ်စဉ် စနေနေ့တိုင်း လာရောက်ပြီး ကလေးတွေနဲ့ တွေ့ဆုံကြလို့ပဲ ဖြစ်ပါတယ်။

Clown ဆိုတာကတော့ မြန်မာလို 'ပျော်တော်ဆက်'လို့ အဓိပ္ပာယ်ရတာကြောင့် Clown Doctor ကို အနီးစပ်ဆုံး ဘာသာပြန်ပေးရရင် လူနာတွေ စိတ်ပိုင်းဆိုင်ရာအရ ညစ်ညူးမှုတွေဖြစ်နေတာကို တဒင်္ဂ မေ့ပျောက်နိုင်ပြီး စိတ်ပျော်ရွှင်မှု ရအောင်လုပ်ပေးတဲ့ ပျော်တော်ဆက် ဆရာဝန်လို့ ပြောရရင် သင့်တော်မယ် ထင်ပါတယ်။

သူတို့ရောက်ရှိလာတဲ့အခါမှာ ဆေးရုံ ကြီးရဲ့ လူနာဆောင်တွေဟာ အသက်ဝင်လာတာဖြစ်ပြီး ရယ်မောသံ
တွေကတော့ သူတို့ရဲ့ သင်္ကေတပါ။

Clown Doctor လို့ခေါ်တဲ့ ဒီအစီအစဉ်လေးကို မြန်မာနိုင်ငံမှာ အစပြုခဲ့သူ ကတော့ အမေရိကန်နိုင်ငံသား Edward Wayne Jr ပဲဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံက ကလေးတွေအတွက်ရည်ရွယ်တဲ့ The Bridge of Life ဖောင်ဒေးရှင်းကို တည်ထောင်ဆောင်ရွက်နေခြင်းဖြစ် ပါတယ်။

ဒီအစီအစဉ်ဟာ ဖောင်ဒေးရှင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၁၂ ဖေဖော်ဝါရီလမှာ မြန်မာလူငယ်ငါးဦးနဲ့ အစပြုခဲ့ပါတယ်။

ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်တာကတော့ ဆေးရုံတက်နေရတဲ့ ကလေးတွေ အတွက်ဖြစ်နေတဲ့ ရောဂါကို
မေ့ပြီး ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်ပါလို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာနှာခေါင်းလို့ အမည်ပြောင် ပေးထားတဲ့ ကိုဟိန်းထိုက်အောင်က ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

“ဆေးရုံတက်နေရတဲ့ ကလေးတစ်ယောက်ဟာ ဖြစ်နေတဲ့ရောဂါနဲ့ဝေဒနာ အပေါ်မှာပဲ စိတ်ကရှိနေမယ်။ ဒီလိုပဲ မိဘတွေနဲ့ ကုသပေးတဲ့ ဆရာဝန်တွေကလည်း ဒါကိုပဲ အဓိကထားနေကြမယ်။ အဲဒီအချိန်မှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေဖြစ်နေမယ်။

“ဆရာဝန်တွေက သူတို့ရဲ့ ကျန်းမာရေးကို ကုသပေးပြီး ကျွန်တော်တို့ကတော့ သူတို့ရဲ့ စိတ်ကို ကုသပေးချင်တာပါ။ဆေးရုံတက်ရတဲ့ ကလေးတစ်ယောက်ဟာ သူ့ရဲ့ဘဝမှာဆေးရုံဆိုတဲ့ကြောက်စရာ
ကောင်းတဲ့ နေရာကြီးကို ရောက်ခဲ့ပါတယ်ဆိုတာ မေ့သွားပြီး ဒီလို ပျော်စရာကောင်းတဲ့ အရာလေးတွေ လည်း ရှိပါလားဆိုတာမျိုး ဖြစ်စေချင်တာပါ” လို့ ၎င်းက ပြောပါတယ်။

Clown Doctor လို့ခေါ်တဲ့ ဆေးရုံတွေမှာ ကလေးလူနာတွေ ကို ပျော်ရွှင်အောင် လုပ်ဆောင်ပေး တဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံမှာ ၁၉၈၆ ခုနှစ်လောက်က စတင်ခဲ့တယ်လို့ သိရပါတယ်။

အခု အချိန်မှာတော့ ဥရောပနိုင်ငံတော်တော် များများအပြင် အာရှနိုင်ငံတချို့မှာပါ လုပ်ဆောင်နေ ပြီဖြစ်ပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီးမှာ ဒီလို အစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက် ခဲ့တယ်လို့ ဆိုပါတယ်။

Clown Doctor တွေဟာ တကယ့် ဆရာဝန်တွေမဟုတ် ဘဲ စေတနာ့ဝန်ထမ်း အဖြစ် ဆောင်ရွက်
နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မကြည်ငြိမ်းချမ်းကျော်ကတော့ “မိဘတွေက သူတို့ ကလေးတွေကို ပျော်စေချင်လို့ ကျွန်မတို့ကိုမျှော်ကြတယ်။ အိပ်နေရင်လည်း အတင်းနှိုးပေးကြတယ်။ သူတို့ကလေးတွေ ကို ပျော်အောင် လာလုပ်ပေးတာကို သိတဲ့အတွက် ရင်းရင်းနှီးနှီး ဆက်ဆံကြပါတယ်” လို့ ပြောပါတယ်။

ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်တာက ကလေးတွေတင်မကပါဘူး၊ ကလေးတွေအတွက် စိတ်ပူပန်နေကြရတဲ့ မိဘတွေ၊ တစ်နေကုန် အလုပ်လုပ်နေရလို့ ပင်ပန်းနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေကိုလည်း ရည်ရွယ်ပါတယ်လို့ သူတို့က ပြောပါတယ်။

ကလေးဆေးရုံကြီးကို ရွှေပြည်သာကနေ လာရောက်တက်တဲ့ မောင်ရဲကျော်သူရဲ့ မိခင်က “ဆေးရုံကို မနေ့ကမှ စတက်တာဆိုတော့ သူတို့ကို အခုမှစမြင်ဖူးတာ။ သားကတော့ အရမ်းသဘောကျ တယ်။ မြင်ရတာလည်း ထူးဆန်းနေတော့ သဘောကျပြီး ရယ်လည်း ရယ်ရတယ်”  လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်က လာရောက်တက်တဲ့ မောင်လရောင်သန်းရဲ့ အဘွားဖြစ်သူကတော့ “စတွေ့တွေ့ ချင်းတော့ ကလေးက လန့်သွားတယ်။ နောက်တော့ သူ့ကို စမှန်းသိတော့မှ သူတို့နဲ့ ဆော့နေတယ်။ သူတို့မှာ အရုပ်တွေလည်း ပါတာတွေ့တော့ ကလေးတွေက သဘောကျတာပေါ့” လို့ ပြောပါတယ်။

အဖွဲ့ဝင်တွေဟာ စနစ်တကျ လေ့ကျင့် သင်ကြားမှုတွေပြီးမှ Clown Doctor တစ်ယောက်အဖြစ် ရပ်တည်ကြတာဖြစ်ပါတယ်။ ကလေး တွေနဲ့တွေ့တဲ့အခါ ဘယ်လိုပြောဆိုရမယ်၊ ဘယ်လိုပျော်အောင် လုပ်ရမယ်စတဲ့ အချက်တွေကို အဖွဲ့ရဲ့ တည်ထောင်သူဖြစ်တဲ့ Edward Wayne Jr ကပဲ လေ့ကျင့် သင်ကြားပေးခဲ့တဲ့အပြင် ကမ္ဘာတစ်လွှားက Clown Doctor တွေ အကြောင်းကိုလည်း လက်လှမ်းမီ သလောက် ဖတ်ရှုကြတယ်လို့ ဆိုပါတယ်။

သူတို့မှာရှိရမယ့် အရည်အချင်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ Clown Doctor တစ်ယောက်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပျော်ရွှင်တတ်ရမှာဖြစ်သလို မရှက်မကြောက်၊ ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်တတ်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။

“ဒီအလုပ်ကို လုပ်တော့မယ်ဆိုရင် ကိုယ်တိုင် စိတ်ပျော်နေဖို့လည်းလိုတယ်။ လုပ်နေရင်းနဲ့ မပျော်တော့ တဲ့စိတ်ခံစားမှု ဖြစ်သွားရင် ဆက်မလုပ်တော့ဘူး၊ ရပ်လိုက်တယ်” လို့ ကိုထက်ပိုင်ဦးက ပြောပါတယ်။

သူတစ်ပါးကို ပျော်အောင်လုပ်တယ်ဆိုတာ မလွယ်ကူလှပါဘူး။ Clown Doctor တွေဟာလည်း အခက်အခဲတွေကို ရင်ဆိုင်ရတာ တွေရှိပါတယ်။

“Clown ဆိုတာကို ဒီနိုင်ငံမှာ သိပ်မမြင်ဖူးတော့ တချို့ကလေးတွေက ကြောက်တာမျိုးတွေရှိတယ်။ တချို့မိဘတွေကလည်း ဘာတွေလဲ၊ ဘာလာလုပ်နေကြတာလဲဆိုတဲ့ အမြင်လေးတွေတော့ ရှိပါတယ်” လို့ မကြည်ငြိမ်းချမ်းကျော်က ပြောပါတယ်။

"ကလေးတွေဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကြယ်လေးတွေပါ။ အဲဒီကြယ်လေးတွေ ကို ကြောက်ရွံ့မှုဆိုတဲ့ အမှောင်ရိပ်ကြီး မထိုးစေချင်ပါဘူး။ ပျော်ရွှင်လန်းဆန်းပြီး တက်ကြွနေတဲ့ ကလေးတွေရဲ့ အပြုံးတွေကို မပျောက်စေချင်ပါဘူး” လို့ ကိုဟိန်းထက်အောင် က ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့က နိုင်ငံတော်ရဲ့  အနာဂတ်ကလေးတွေကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးနေ တာပါ။ နိုင်ငံတော်ရဲ့ တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဆရာဝန်များအနေနဲ့လည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

Clown Doctor တွေဟာ သူတို့ရဲ့ အစီအစဉ်တွေကို ရန်ကုန်ကလေးဆေးရုံကြီးအပြင် တခြား ကလေးဆေးရုံတွေမှာလည်း တိုးချဲ့ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

REF :http://blog.irrawaddy.org/2012/12/blog-post_4402.html


CLOWN DOCTORS အဖွဲ့သည် ရောဂါသည် ကလေးများ၏ ခံစားနေ ရသော ဝေဒနာ များ လျော့ပါးစေရန် အဓိက ရည်ရွယ်


INDEPENDENCE JOURNAL မှ အင်တာဗျူး အားပြန်လည် ကူးယူဖော်ပြသည်....

မိမိတို့ CLOWN DOCTORSအဖွဲ့ သည် ရောဂါဝေဒနာ ခံစားနေရသော ကလေးများ၏ ဂျူတီကုတ် မြင် လျှင် ကြောက် လန့်နေသော အစွဲကို ချွတ်ရန်နှင့် မိမိတို့၏ တတ်နိုင်သည့် အင်အားဖြင့် ကလေးများတွင် ခံစား နေရသော ဝေဒနာ လျော့ ပါးသွားရန် ရည်ရွယ်ပါကြောင်း ယင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ   က 

ြMyanmar Independence သို့ ပြောသည်။
“ကလေးတွေက ဂျူတီကုတ် တွေ့တာနဲ့ ဆရာဝန် တွေ့တာနဲ့ ဘာမှ မလုပ်ရသေးဘူး အရမ်းကြောက်နေ တယ်။ အဲဒီအစွဲ ကိုလည်း ဖျောက်ချင်တယ်။ နောက်တစ်ခုက ဥပမာ ဒီကလေး လက်နာတယ် ဆိုရင် ဆရာဝန် ကလည်း လက်ပဲ စမ်းကြည့် တယ်။ မိဘတွေကလည်း ဒီလက်ကိုပဲ ဂရုစိုက်နေတယ်။ လူနာလာ ကြည့်တဲ့သူ တွေ ကလည်း ဒီလက်ပဲ။  ဖြစ်နေတဲ့ ဥစ္စာကိုပဲ ဦးတည်နေကြတော့ ကလေးကလည်း ဒီထဲကိုပဲ အာရုံရောက်ပြီး အရမ်းခံစားနေတယ်လို့ပဲ ထင်တယ်။ တကယ့် တကယ်တမ်း မှာ သူဖြစ်နေတာက လက်တစ်ဖက်ထဲပဲ၊ ကျန်တာတွေက လုပ်နိုင်တယ် ဆိုတာကို ကလေးကို ပြန်ပြီး တော့ ပြောနိုင်မယ်ဆိုရင် ကလေး အနေနဲ့ လည်း ပြန်ပြီး စိတ်ဓာတ် တက်ကြွ လာနိုင်တယ်ပေါ့” ဟု သူမက ဆိုပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သော CLOWN DOCTORS (ရုပ်ပြောင် ဆရာဝန်လေးများ)အဖွဲ့ကို ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Bridge of Life အဖွဲ့မှ အမေရိကန် နိုင်ငံသား အက်ဒီက ဦးဆောင်၍ ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် များသည် မိမိသဘောဖြင့် မိမိ စေတနာဝန်ထမ်း ပါဝင်ကြရခြင်းဖြစ်ပြီး အပတ်စဉ် စနေ့နေ့ တိုင်းတွင် ရန်ကုန် ကလေး ဆေးရုံကြီး၌ ဝေဒနာသည် ကလေးများကို ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ကြ သည်။ အစဦးပိုင်းတွင် လက်ထိုးရုပ် များဖြင့် သာ ဖျော်ဖြေခဲ့သော်ငြား တဖြည်းဖြည်းနှင့် မျက်လှည့် ပစ္စည်းများနှင့် မျက်လှည့်ပြခြင်း၊ ဂစ်တာတီး၍ သီဆိုကပြခြင်းတို့ပါ ထပ်မံတိုးချဲ့ခဲ့ကြသည်။
“ပထမတော့ ကလေးတွေက ကြောက်တာပေါ့။ ဘာတွေလည်း အရူးတွေလား ဆိုပြီးတော့တောင် အပြောခံရ ဖူးတယ်။ နောက်ပိုင်းကျတော့ သူတို့ကိုယ်တိုင်က လာမယ့် အချိန်ကို စောင့်နေကြတယ်။ ဘယ်အခန်း ကို ဘယ်အချိန် ရောက်တယ်က အစ မှတ်ထားပြီး နောက်ကျရင် ဘာလို့နောက် ကျလဲလို့  မေးတယ်။ မိဘတွေ ကလည်း တချို့ ကလေးတွေ အိပ်နေရင်တောင် နှိုးပြီးပြကြတယ်။ သူတို့ရဲ့ တုံ့ပြန်မှုက ကောင်းပါတယ်” ဟု မကြည်ငြိမ်းချမ်းကျော် က ပြောပါသည်။
ထို့ပြင် ယင်းတို့ အဖွဲ့အနေနှင့် ဆေးရုံကြီးအတွင်းရှိ ဝေဒနာသည် ကလေးများကို တစ်ကုတင်ချင်း ဝင်ရောက် ပြသ ရခြင်းဖြစ်ပြီး ကုတင် အစုံအစေ့ဝင်ရသဖြင့် ကလေး အပေါ် မူတည်ကာ အချိန်ကြာသွားသည်များ  လည်း ရှိသည်။ အချို့သော မိဘများကဆိုလျှင် အိမ်အထိ လိုက်လံ ဖျော်ဖြေပေးစေချင်သည့် ဆန္ဒရှိကြ ပြီး ယင်းတို့ အဖွဲ့မှလည်း ကလေး၏ အခြေအနေပေါ်မူတည်၍ စိတ်ပိုင်းဆိုင်ရာအရ လိုအပ်နေလျှင် အိမ်တိုင်ရာရောက် ဖျော်ဖြေပေးရန်လည်း ဝန်မလေးကြောင်း သူမက ပြောပါ သည်။
လက်ရှိ CLOWN DOCTORS အဖွဲ့တွင် အဖွဲ့ဝင် ၆ ဦးရှိပြီး လူအင်အား ထပ်မံတိုးချဲ့ရန်ရှိသော်ငြား လူအများ ရှေ့တွင် ဟာသလုပ်ရန်သည် ထင်သလောက် မလွယ်ကူသဖြင့် သေချာစိစစ်မှရမည့် သဘောရှိနေသည်။ “အစကတည်းက ဂျူတီကုတ်နဲ့ နှာခေါင်းနီနဲ့ ဘာမှမဆိုင်ဘူး။ အဲဒီတော့ လုပ်ရဲတဲ့သူက ရှားတယ်။ အချို့ဆို  အပြင်မှာ သွက်ပေမယ့် လူရှေ့ရောက်တော့ မလုပ်ရဲတဲ့သူလည်း ရှိတယ်။ ပြီးတော့ ဒီအလုပ်က လစာရတဲ့ အလုပ်လည်း မဟုတ်တော့ အဆုံးထိ လုပ်နိုင်ပါ့မလားဆိုတာ ရှိသေးတယ်”ဟု သူမက ပြောပါသည်။
မြန်မာနိုင်ငံတွင်  CLOWN DOCTORS အလုပ်သည် စေတနာ့ဝန်ထမ်း လူငယ်များက မိမိတို့၏ အလုပ်ပိတ်ရက် တွင်မှ လုပ်ကိုင်နိုင်ကြခြင်း ဖြစ်သော် လည်း နိုင်ငံတကာ တွင်မူ ယင်းအလုပ်သည် အလုပ်အကိုင် တစ်ခုအဖြစ် အချိန်ပြည့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ CLOWN DOCTORS အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပေးခဲ့သူ အမေရိကန် နိုင်ငံသား အက်ဒီကလည်း ယင်းပြန်သွားသည့် အချိန်၌ လက်ရှိအဖွဲ့ကို မြန်မာ လူငယ်များက မိမိ ဆုံးဖြတ်ချက်ဖြင့် မိမိ တာဝန်ယူနိုင်သည့် အခြေအနေမျိုးထိ ရောက်စေချင်သူ ဖြစ်ကြောင်းလည်း သိရသည်။ “အဓိက သူဖြစ်စေချင်တာ က မြန်မာပြည်မှာ CLOWN DOCTORS ကို ပေါ်သွားစေချင်တာ။ အဲဒီလို အဖွဲ့အစည်း တစ်ခုကို ပေါ်ပေါက်စေချင်တာ” ဟု မကြည်ငြိမ်းချမ်းကျော်က ပြောပါသည်။
ယခင်က အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် ဖျော်ဖြေခဲ့ရာမှ ယခုအခါ တနင်္ဂနွေနေ့တွင် ပါ ရန်ကင်း ကလေးဆေးရုံကြီး၌ တိုးချဲ့၍ ဖျော်ဖြေနေ သည်မှာ ၁ လခန့် ရှိပြီဖြစ်ကြောင်းလည်း သူမက ပြောပါ သည်။
ထို့ပြင် CLOWN DOCTORS ကို မန္တလေးမြို့ ကလေးဆေးရုံကြီးတွင်ပါ ဆက်လက်တိုးချဲ့ရန် ရှိသော်လည်း  အဖွဲ့၏ ဦးဆောင်သူ အက်ဒီ အနေဖြင့် (Bridge of Life) အဖွဲ့နှင့် ပုသိမ်မြို့ရှိ လမ်းပျော် ကလေးငယ်များ အရေး သွားရောက် ဆောင်ရွက်နေရ သောကြောင့် လတ်တလောတွင်မူ မဖြစ်နိုင်သေးကြောင်းလည်း သိရှိရသည်။
CLOWN DOCTORS အဖွဲ့အနေဖြင့် ယခုလက်ရှိတွင် အပတ်စဉ်စနေ၊ တနင်္ဂနွေတိုင်း၌ မနက် ၁ဝ နာရီမှ စတင်ကာ ရန်ကုန်ကလေးဆေးရုံ ကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီး တို့တွင် ဝေဒနာသည် ကလေးများ ကို ဖျော်ဖြေမှုများ ပြုလုပ်နေပြီး ဆက်လက်၍ မန္တလေးမြို့ရှိ ကလေးဆေး ရုံကြီးတွင်လည်း ထပ်မံတိုးချဲ့နိုင်ရန် ကြိုးစားနေကြ သည်။ ထို့ပြင် ယင်းကဲ့သို့ အဆင့်ဆင့်တိုးချဲ့ကြိုးစားမှု များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သည့် CLOWN DOCTORS အဖွဲ့များ ပေါ်ပေါက်လာစေရန် ရည်မှန်း ထားကြသည် ဟုလည်း သိရှိရပါသည်။

ကလေးတွေတင်မဟုတ်ဘူး ဆရာမတွေကိုလည်း ဒီလိုလေး ရယ်မောပျော်ရွှင်စေခဲ့ပါတယ်လို့ — at Yankin Children Hospital.

ဒီ ပုံလေးက ရန်ကင်းကလေးဆေးရုံ က ပုံလေးပါ ....



What's the Clown Doctor ?


What's the Clown Doctor ?

Myanmar Clown Doctor အဖွဲ့လေးကို 2012 ခု Feb လမှာလူငယ် ၂ယောက်ဖြင့်စတင် ပါတယ် အခုဆိုရင် အဖွဲ့ဝင် ၇ ယောက် ရှိပါပြီ အဖွဲ့ဝင် အားလုံးသည် ဆရာဝန်မဟုတ်သော အပြင် မှစေတနာဝန်ထမ်းများဖြစ်ပါတယ်
အလုပ်ကိုယ်စီလုပ်ကိုင် ရင်း Sat & Sun မှာ volunteer လုပ်ကြတာပါ အဖွဲ့ရဲ့ရည် ရွယ်ချက်က
က လေးများနာကျင် မှုဝေဒနာမှ ခဏတာမေ့ပျောက် ရန် စိတ်ဓါတ်မကျရန် မိဘများစိတ်ဖိစီးမှုမှသက်သာရန် ရည် ရွယ်ကာ ဆရာဝန်များနှင့် လူနာများကြားပေါင်းကူးတံတားလုပ်ပေးခြင်းဖြစ်ပါသည်..