Tuesday, December 9, 2014

စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်းများ



(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ

စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက်တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။

(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ

အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။

(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။

(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ

သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ်ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ရပါတယ်။

(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။

အနာဂတ်ခေါင်းဆောင်လောင်းများကို စိတ်ဒဏ်ရာမပေး၊ ရယ်မောခြင်းများစွာကိုသာ အခမဲ့ပေးနေသည့် Myanmar Clown Doctor



” ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်” ဟု ကျွန်တော်တို့ မြန်မာလူမျိုးများပြောကြ၊ ဆိုကြသည်။ ထို့ထက်မက “မဲ့ရွဲ့နေသူထက် ရယ်မောသူက အသက် တစ်နှ စ်ပိုရှည်၏” ဟုလည်း မှတ်သားရသည်။ ထိုအကြောင်းအရာများကို လူအများစု၊ လူတိုင်းနီးပါးသိရှိ ပြီးဖြစ်သည်။ သို့သော် အမြဲတမ်း မရယ်မောနိုင်၊ အမြဲတမ်းလည်း မပြုံးနိုင်ကြပေ။အကြောင်းမှာ စား၊ ဝတ်၊ နေ၊ ရေး၊ တံတိုင်းကြီးကရှေ့တွင် ကန့်လန့်ကာထားသောကြောင့်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ။ ထိုစား၊ ဝတ်၊ နေ၊ ရေး တံ တိုင်း ကို ကျော်လွန်ပြီး ကိုယ်ကျိုးမဖက်၊ တတ်နိုင်သလောက်လေးနှင့် လူတချို့ ကို ပျော်ရွှင်ရယ် မောစေအောင် ကြံဆောင်နေကြသူများလည်း ရှိသည်။ သူ တို့အနေဖြင့် အနာ ဂတ်ခေါင်းဆောင်များဖြစ်ကြသည့် ကလေးများကို စိတ်ဒဏ်ရာ ဒဏ်ချက်များမပေးဘဲ ရယ် မောခြင်းကို အခမဲ့ Sharing လုပ်ပေးလာခဲ့သည်မှာ သုံးနစ်နီးပါးပင်ရှိနေပြီ ဖြစ် သည်။ သုံးနှစ်ဝန်းကျင်လုပ်လာခဲ့သော်လည်း ထိုအဖွဲ့ကိုသိသူအလွန်ပင် နည်းပါးသေးသည်။ Myanmar Clown Doctor အဖွဲ့ပင်။
Myanmar Clown Doctor  အဖွဲ့ကို၂ဝ၁၂ခုနှစ်၊ ဖေဖော်ဝါရီလက အဖွဲ့ဝင်နှစ်ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အမေရိကန်နိုင်ငံသား မစ္စတာ အယ်ဒီကယင်းပရိုဂရမ် ကို မြန် မာနိုင်ငံ သို့သယ်ဆောင်ယူလာခဲ့ပြီး သင်တန်းပို့ ချစေခဲ့သည်။ ယခုအချိန်တွင် ထက်ပိုင်ဦး၊ ပီတာနှင်းအောင်၊ ဖြိုးသက်ခိုင်၊ ပြည်ငြိမ်းချမ်းကျော်၊ ချစ်ဖြိုးဝေ၊ ထက် ထက်နိုင်၊ ခိုင်သူဇာစသည့် လူငယ်ခုနစ် ဦးကစနေ၊တနင်္ဂနွေနေ့တိုင်းကလေး ဆေးရုံများသို့ သွားရောက်ပြီး ကလေးများ ပျော်ရွှင်ရယ်မောအောင်အသွင်သဏ္ဌာန် မျိုးစုံ လုပ်ပြီး Volunteer  လုပ်ပေးနေသည်။
” သုံးနှစ်နီးနီးရှိနေပြီဆိုတော့ ကလေးတွေရဲ့ ကိုးစားမှုကို ရနေပါပြီ။ အရင်ကနဲ့ မတူတော့ဘူး။ ဆေးရုံမှာ တက်ရောက်ကုသ မှုခံယူနေကြ တဲ့ ကလေးတွေ ရဲ့ ကြောက် တတ်တဲ့စိတ်က ရှိမှာပဲ။ စိတ်မသက်မသာဖြစ်မယ်။ စိတ်ညစ်မယ်။ ဒါတွေကို ကျွန်တော်တို့က နည်းမျိုးစုံနဲ့ ဖြေသိမ့်တယ်။အခုက တော်တော်လေးကို အဆင်ပြေနေပါပြီ” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထက်ပိုင်ဦးက ပြောသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်က ဆေးရုံတွင်ရှိသည့် ဆရာ၊ ဆရာမများနှင့် ကလေးများအကြား ပေါင်းကူး တံတား တစ် ခုသဖွယ် ပြုလုပ်ပေးခြင်းပင်။ ကလေးများ၏ အမြင်၊ ကလေးငယ်တို့၏ မိဘများအမြင်၌ သူတို့ကို ဆရာဝန်ဟုပင်မြင်တတ်ကြသည်။ အမှန်က ဆရာဝန်များမဟုတ်ကြ။ ပရ ဟိတစိတ် ဓာတ်ကိုအရင်းခံသည့် Volunteer  များသာဖြစ်သည်။
” အဓိက ကလေးတွေ အပေါ်မှာ focus သွားတာပေါ့နော်။ ကလေးတွေက ရောဂါတစ်ခုခုခံစားရပြီဆိုရင် အဲဒီရောဂါအပေါ်မှာပဲ အာရုံရောက်နေတတ်ကြတယ်။ တခြားသူ တို့ဘာမှ မစဉ်းစားဘူး။ ဒီတော့ ပျော်ရွှင်စရာ မရှိဘဲစိတ်ညစ်ကြတယ်။ ဒီတော့ သူတို့ကို ကျွန်တော်တို့က အာရုံလွှဲရတာပေါ့။ဆေးမသောက်တဲ့ ကလေးတွေ၊ သနပ်ခါးမ လိမ်းတဲ့ကလေးတွေ ရှိတယ်။ ဆေးတိုက်ပေး၊ သနပ်ခါးလိမ်းပေး၊ ဂစ်တာတီး၊ သီချင်းဆို၊ မျက်လှည့်ပြ ပုံစံမျိုးစုံလုပ်ပေးတော့ သူတို့လည်း အမြင်တွေ ပြောင်းပြီး ပျော်ရွှင်ရယ်မောလာကြတယ်။ ဒီ့ထက်တခြားဆရာဝန်တွေအပေါ်လည်း အမြင်တချို့ပြောင်းလဲသွားကြတယ်” ဟုလည်း သူက ဆက်ပြောသည်။ ထိုသို့ အစိုးရဆေးရုံများသို့ အလွယ်တကူဝင် ထွက်နိုင်ရေးအတွက် Founder လုပ်သူက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စာတင်ကာတစ်မျိုး၊ လူချင်းတွေ့ဆုံကာတစ်ဖုံ စီစဉ်ဆောင်ရွက်ပေးကြောင်းလည်း သိရသည်။ ကောင်းမွန်လှသည့် ယင်း Program ကို နိုင်ငံခြားကနေ သယ်ယူလာပြီး မြန်မာနိုင်ငံတွင်းရှိ Volunteer  လုပ်လိုသူလူငယ်များကို သင်တန်းသုံးလပေးခဲ့သေးသည်။ ယခုကဲ့သို့ သော Clown  အဖွဲ့များအနေဖြင့် နယူးဇီလန်၊ ဟောင်ကောင်စသည့် နိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် အားသွန်ခွန် စိုက်လုပ်နေကြပြီဖြစ်သည်။ ” နိုင်ငံတကာ မှာဒီလိုမျိုးလုပ်တာက အောင်မြင်နေပါပြီ။ မြန်မာနိုင်ငံမှာက သိပ်ကို နည်းနေ သေးတယ်။ လုပ်စတုန်းကဆိုရင် နှာခေါင်းအနီကြီးတွေနဲ့ဆိုတော့ နှာဘူးကြီး၊ အရူးကြီးလို့တောင် အပြောခံရတယ်။ ပထမက ရှက်တာပေါ့။ ရှက်တာလည်းပါသလို ကြောက်တာရယ်၊ မဝံ့ မရဲဖြစ်တာလည်းပါတယ်။ ကိုယ်၌က ဆရာဝန်တွေ မဟုတ်တော့လေ။ ပြီးတော့တွေ့ကြုံနေကျပတ်ဝန်းကျင်လည်းမဟုတ်၊ Field ချင်းလည်းမတူဘူး။ အစိမ်းသက်သက်ကြီးဆိုတော့ တစ်မျိုးပဲ။ ပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုအားကလည်း တအားနည်းတယ်။ Culture  မတူဘူး။ ဒီတော့ စိတ်အားငယ်ခဲ့ရတာတွေရှိတယ်။ ငါ့တို့ ဒီလိုမျိုးသာဆိုဖြစ်ပါ့မလားပေါ့။ ကလေး တွေကလည်း ကျွန်တော်တို့ကိုမြင်ရင် ကြောက်လန့်ပြီးထွက်ပြေးကြတယ်။ ဒီတော့ မျက်နှာမှာ အရောင်ခြယ်သတာတွေ မလုပ်တော့ဘဲနဲ့ သူတို့လက်ခံလာ အောင် အာရုံတစ်မျိုးလွှဲယူမှ အဆင်ပြေသွားတယ်။ နိုင်ငံခြားမှာဆို Clown ပေါ့။ လူရွှင်တော်ကြီးတွေလို့ သတ်မှတ်ကြတယ်။ ဒီမှာတော့
နှာဘူးကြီးတွေပေါ့။ ပြောရရင် အစတုန်းက ဘယ်လိုမှကိုအဆင်မပြေတာ။ အခုတော့ အဆင်ပြေသွားပါပြီ။ ကလေးတွေ စိတ်ညစ်နေရင် ပျော်သွားအောင်၊ ငိုနေရင် ရယ် သွားအောင်အဓိကထားလုပ်ပေးတယ်။ ကလေး တစ်ယောက် ငိုရာကနေ ပျော်သွားရင်၊ ရယ်သွားရင် သူအပါအဝင်သူ့မိဘ၊ ပြီးတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေ ကျေနပ်စရာဖြစ်သွားတယ်။ သူတို့ရဲ့ကျေနပ်စရာတွေက ကျွန်တော်တို့ဆီကူးစက်လာခဲ့တာပေါ့” ဟုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပြည်ငြိမ်းချမ်းကျော်က ပြောသည်။
အဖွဲ့တွင် ပထမနှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်၊ လေးယောက်ကနေ ရှစ်ယောက်၊ ကိုးယောက်အထိဖြစ်ခဲ့သော်လည်း သိပ်မကြာလိုက်ခင်မှာ ပင် နှုတ်ထွက် သွားကြကြောင်းလည်း ပြောသည်။ လူငယ်မျိုးဆက်များကို လက်လွှဲပေးချင်သည့် ဆန္ဒရှိတာကြောင့်စိတ်ဝင်စားသည့် လူငယ်များကို ဖိတ်ခေါ်ကြောင်းလည်း ပြောသည်။ သူတို့အနေ ဖြင့် အလုပ်ကို ရွေးချယ်ကြသည့်အခါ တွင် စနေ၊ တနင်္ဂနွေပိတ်မည့်အလုပ်သာကိုသာ ရွေးချယ်လုပ်ကြရသည်။ အဖွဲ့ထဲတွင် အဝေးသင်တက်နေသည့် သူက စနေ ၊တနင်္ဂနွေ မအားလပ်သည့် အခါ တခြားသူများက ယိုင်မသွားအောင် ဆက် တိုက်ပြုလုပ်ပေးကြသည်။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ Volunteer တစ်ဖက်နှင့် သူတို့မှာ အားလပ်ရက်ပင် မရှိပေ။ သို့သော်လည်း ယခုလို Volunteer ပေးနေရသည့်အတွက် သူတို့ကျေနပ်နေကြသည်။ ” အခုတော့ အမာခံ ခုနစ်ဦးရှိတာပေါ့။ အဲဒီ ခုနစ်ဦးကပဲ အပတ်စဉ် မပျက်မကွက်ဆေးရုံသွားပြီး ကလေးတွေ ပျော်ရွှင်အောင် လုပ်ပေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကလေး ဆေးရုံတွေမှာ ဒီလိုမျိုးအဖွဲ့တွေဖွဲ့စည်းပြီး တ တတ်တအားလုပ်ပေးရင် အားလုံးအတွက် ကောင်းမယ်လို့ ထင်တယ်။ ကလေးတွေ အတွက်လည်း ကောင်းတယ်။ ဆးရုံမှာရှိတဲ့ ဝန်ထမ်းတွေအတွက် လည်း ကောင်း တယ်။ ဝန်ထမ်းတွေဆိုရင်လည်း ကျွန်မတို့ရဲ့ ရုပ်ပြောင်ကြီးတွေကို မြင်လိုက်တာနဲ့ ပြုံးရွှင်သွားကြတယ်။ ပျော်ရွှင်တော့ သူတို့ရဲ့ တစ်နေ့တာလုပ်ငန်းတွေမှာ ပို အ ဆင်ပြေသွားတယ်။ ဒီတော့ ကျွန်မတို့လိုမျိုး အဖွဲ့တွေထပ်မံပေါ်ပေါက်လာစေချင်တယ်” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ မထက်ထက်နိုင်က ပြောသည်။
ယခုဆိုလျှင် Myanmar Clown Doctor အဖွဲ့၏ ရုပ်ပြောင်သရုပ်ဆောင်မှုများကြောင့် ငိုသည့်ကလေးပျော်ရွှင်သွားကြသလို ဝေဒနာခံစားနေရသည့် ကလေးများ လည်း ဝေဒနာတချို့ကင်း ပြီး စိတ်သက်သာရာ ရသွားကြပြီဖြစ်သည်။ ထို့အတွက်ကြောင့် ယင်းအဖွဲ့အပါအဝင် ယင်းပရိုဂရမ်ကို သယ်ဆောင်လာသည့်အမေရိကန်နိုင်ငံ သား မစ္စတာအယ်ဒီကိုကျေးဇူးတင်ရတော့မည်ဖြစ် သည်။ သူသာ ယင်းပရိုဂရမ်ကို မြန်မာနိုင်ငံသို့ မသယ်ဆောင်ခဲ့လျှင် ယခုလို အိုင်ဒီယာမျိုးကို သာမန်လူ စဉ်းစားနိုင် လိမ့် မည် မဟုတ်ပေ။
” ကလေးတွေက ဘာဆိုကြောက်တယ်။ ဘာဆိုရင်မကြောက်ဘူး၊ ဘယ်အရွယ်ဆိုရင် ဘာကိုကြိုက်တယ်။ ဘယ်အရွယ်ဆိုရင် ဒီလိုလုပ်လု့မရဘူးဆိုတာက အစသိနေပြီ။ တချို့နေရာတွေမှာ မိန်းကလေးဝင်လို့မရတဲ့အရာမျိုး၊ ယောက်ျားလေးဝင်လို့မရတဲ့အရာမျိုး တွေရှိတယ်။ အခုဆို ရာခိုင်နှုန်းနီးပါးအဆင်ပြေနေပါပြီ။ တချို့ဆို မွေးနေ့လား၊ ခရစ္စမတ်လား မေးသူတွေရှိတယ်။ ဒါကိုလည်ရှင်းပြရသေးတယ်”  ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပီတာနှင်းအောင်က ပြောသည်။  ထိုအဖွဲ့ကို စိတ်ဝင်စားပြီး Volunteer လုပ် လိုသူများအနေဖြင့် အခြေခံပညာ အထက်တန်းအဆင့်အောင်မြင်ပြီးသူ၊ အသက် ၁၈နှစ်မှ ၃ဝနှစ်ကြားရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်၊ကလေးများကို ချစ်ခင်တတ် သူ၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ၊စနေ(သို့မဟုတ်) တနင်္ဂနွေတစ်ရက်ရက် အားလပ်သူမည်သူမဆို ဆက်သွယ်ကုသိုလ်ပြုနိုင်ပါသည်။
Mဘွယ်


Thursday, December 4, 2014

10 ways to reduce Belly Fat

10 ways to reduce Belly Fat:

1. Reduce sugar.
2. Consume healthy fats.
3. No white carbs.
4. Two three liters H20 daily.
5. Manage stress (reduce cortisol).
6. Increase green leafy veggies.
7. Eat lean protein.
8. Move your body.
9. Fresh lemon in warm water.
10. Love the body you have whilst you work towards the body you want.

Monday, December 1, 2014

အရွယ်ရောက်လာမယ့် သင့်ကလေးကို ဒါတွေ ပြောပြထားပါ.....

child sexual abuse

 1. ကလေးများ၏body ကိုကလေးများသာပိုင်ကြောင်းပြောပြပါ။ လူကြီးများမှချစ်လို့ဟုအကြောင်းပြကာbody အားထိကိုင်လာလျှင် မိမိမနှစ်သက်ပါက ငြင်းနိုင်ရမည်။ မိဘများမှလဲချစ်လို့ကိုင်တာကိုင်ပါစေဟုမတိုက်တွန်းပါနှင့်။ကလေးမှမကြိုက်လို့ငြင်းလျှင်လဲမဆူပါနှင့်လူကြီးများကိုပွင့်ပွင့်လင်းလင်းပြောရဲပါစေဘယ်လောက်အသက်ငယ်ငယ် ဖြစ်နိုင်သည်ကို သတိပြုပါ

2. ကလေးများအားမုန့်ကျွှေးမည်ဟုခေါ်လျှင်မိဘခွင့်မပြုဘဲမလိုက်ဖို့မှာထားပါ

=========================================================
  • If your child is uncomfortable or if someone is touching them, s/he should
    tell a trusted adult immediately.
  • Let your children know that if someone is touching them or talking to
    them in ways that make them uncomfortable that it shouldn’t stay a secret.
  • They have right to say "NO" if they are uncomfortable.
  • Don't let the strangers touch their body saying cos of love.



Post By :MCD

ပထမဆုံး အလှူ ရှင်


Myanmar Clown Doctor အဖွဲ.အား ပထမဆုံး လက်ထိုးရုပ်လေးများ လှူ ဒါန်းပေးပါသော ကိုမင်းထက်ပိုင် အား အထူးပင်ကျေး ဇူး တင်ရှိပါတယ် ခင်ဗျာ .....

HERE'S OUR ACTIVITY OF THIS WEEKEND

Here's are the some photo of this weekend our activity at the Child Hospital...



Post By :MCD

Clown Doctor အဖွဲ.၀င်လိုသူများ သိစေရန်...

Myanmar Clown Doctor Team မှ လူမှုရေးလုပ်ငန်းများ စိတ်ဝင်စားသောလူငယ်များ အလိုရှိသည် ။

Myanmar Clown Doctor အဖွဲ.လေးထဲ ကို ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါအရည် အချင်းများ နှင့် ပြည်.စုံရပါမယ်..

၁။ အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူ

၂။ အသက် ၁၈ မှ ၃၀ ကြား ၊ အကောင်းမြင်စိတ်ရှိ ၍ ပျော်ရွှင်စွာနေတတ်သူ

၃။ ကလေးငယ်များအား ချစ်တတ် ၍ အဖွဲ.အစည်းဖြင့် ပူးပေါင်းလုပ်ကိုင်လိုသူ

၎။ စနေ သို.မဟုတ် တနင်္ဂနွေ အားသူ

အထက်ပါ အခြေခံ အရည်အချင်းများနှင့် ပြည်.စုံ၍ ပူးပေါင်း လုပ်ကိုင်လိုသူ ကျောင်းသားလူငယ် များအနေဖြင့် အောက် ဖော်ပြပါ အီးမေးလ် သို. (CV with Cover

Letter) ပေးပို. ၍ Member ၀င်နိုင်ပါသည် ။

E mail : clowndoctor.myanmar@gmail.com

* သိလိုသည်များ မေးမြန်းရန်*

09 731 76207/ 09 731 60276/09 51 66 576





* အားလုံး ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည် *